
စစ်ပွဲများကြုံတွေ့နေရသည့်နိုင်ငံများတွင်ငြိမ်းချမ်းရေးတည်ဆောက်ရန်လုပ်ဆောင်နေသူများအားကျေးဇူးတင်ရှိကြောင်းပုပ်ရဟန်းမင်းကြီးလီယို (၁၄) လေလေနက်နက်ထုတ်ဖော်ပြောကြား။
အပတ်စဥ် Angelus နေ့ခင်းမေတ္တာဆုတောင်းခြင်း နိဂုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်ပွဲ များကြုံတွေ့နေရသည့် နိုင်ငံများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်နေသူများအား ကျေးဇူး တင်ရှိကြောင်း နက်နက်နဲနဲ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ဖုန်း-ဝေါင်း (Fung-wong) ဟူသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသော ဖိလစ်ပိုင်ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။ ဗာတီကန်သတင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသူများအား အသိအမှတ်ပြုခြင်း ပုပ်ရဟန်းမင်းကြီးသည် စစ်ပွဲဒဏ်ခံရသည့် ဒေသအသီးသီး၌ နည်းမျိုးစုံဖြင့် ငြိမ်းချမ်းရေးတည် ဆောက် ရန် ကြိုးပမ်းလုပ်ဆောင်နေသူအားလုံးကိုလည်း နက်နက်နဲနဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ လွန်ခဲ့သည့် ရက်များအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသွားသူများ…







