rvamyanmar

rvamyanmar

ဆဲတဲ့သူကို ပြန်မဆဲပါနဲ့

ဆဲတဲ့သူကို ပြန်မဆဲနဲ့တဲ့.. ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်တွေရဲ့ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် ကျွန်တော်တို့မှာ ပျော်ရွှင်တဲ့ ဦးနှောက်နဲ့၊ မပျော်ရွှင်တဲ့ ဦးနှောက်ဆိုပြီး နှစ်ခုကိုတွေ့ရတယ်။မပျော်ရွှင်တဲ့ ဦးနှောက်က နေ့ရက်တိုင်းလိုလို စိတ်ညစ်စရာတွေ တွေးတယ်၊ စိတ်အနှောက်အယှက်ဖြစ်ရမယ့်အရာတွေကိုပဲ ပိုပြီးတော့ အာရုံစိုက်တယ်။ လူတိုင်းကို အကောင်းမမြင်နိုင်တော့ဘဲ Negative Emotions တွေ၊ Negative Thinking တွေနဲ့ပဲ ပြည့်နေလေ့ရှိတယ်။ဒီတော့ ဆဲတဲ့သူကို ပြန်မဆဲနဲ့ ဆိုတာလည်း ဒါကြောင့်ပဲ။ အကယ်၍ လူတစ်ယောက်က ကိုယ့်ကိုလာပြီး Blame မယ်၊ ဝေဖန်မယ်၊…

ဩစတြီးယားနိုင်ငံ ဂါဇ်မြို့ စာသင်ကျောင်းသေနတ်ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ရဟန်း မင်းကြီးဆုတောင်းပေး။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုသည် ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့က ဖြစ်ပျက်ခဲ့သော ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် လူကြီးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျာ် ထိခိုက်ဒါဏ်ရာများရခဲ့ကြမှုအပေါ် ရဟန်းမင်းကြီးကဆုတောင်းပေးခဲ့ပါသည်။ အိုအဖသေဆုံးသွားကြသောကလေးသူငယ်များကို ကိုယ်တော်ရဲ့ငြိမ်းချမ်းခြင်းမှာကြိုဆိုတော်မူပါ ဟု ဆုတောင်းပးခဲ့ပြီး၊ စိတ်နှလုံးအားဖြင့် ထိတ်လန့်ကြောက်ရွံပူဆွေးဝမ်းနည်းနေသော ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ မိသားစုဝင်များနှင့် အတူရှိနေကြောင်း ရဟန်းမင်းကြီးမှမကြား ခဲ့ ပါသည်။ ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့ မနက်စောပိုင်းတွင် ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်းအတွင်းသို့…

ဘုရားမကြားတဲ့ အော်ဟစ်‌တောင်းလျှာက်သံဆိုတာမရှိဘူး ဟု ရဟန်းမင်းကြီးမိန့်ကြား။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းမှာ သခင်‌ယေဇူးအသက် တာ၏ အရေးကြီးသောအချက်တစ်ခုဖြစ်သည့် ကိုယ်တော်၏ကုသတော်မူခြင်းကို အလေးအနက်ထား သွန်သင်ခဲ့ပါသည်။ ၎င်း ကုသခြင်းနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးက ဂျေရီခိုမြို့ကနေ ဂျေရုဇလင်မြို့ကို သခင်ခရစ်တော် ခရီးသွားနစဉ် ဘာတီးမီးယူစ်လို့ခေါ်သည့် သူ့အားကုသပေးရန် အော်ဟစ်တောင်းလျှောက်ခဲ့သည့် ဧဝံဂေ လိကျမ်းကိုအခြေခံပြီး ထောက်ရှုသွန်သင်ခဲ့ပါသည်။ သခင်ယေဇူး နှင့် မျက်မမြင်တို့တွေ့ဆုံခဲ့တဲ့နေရာသည် ပင်လယ်ရေမျက်နှာပြင်နှင့်သိပ်မကွာသော အနိမ့် ပိုင်းနေရာမှာ တွေ့ဆုံခဲ့ကြတယ်။၊ နိမ့်ကျသူတွေရဲ့ဘဝထဲကိုသခင်ခရစ်တော်ဆင်ကြွလာပြီး သူတို့ဘဝ ကိုမြှင့်တင်ပေးဖို့၊ အာဒံရဲ့အပြစ်ကြောင့် ငရဲတွင်းနစ်ခဲ့ရသူတွေကို သူအားဖြင့်ကယ်တင်ဖို့၊ အဓိပ္ပါယ်ဖော် ဆောင်နေကြောင်း၊ ဆက်လက်ပြီးရဟန်းမင်းကြီးက မျက်မမြင်၏အမည်ဖြစ်သည့် ဘာတီးမီးယူစ်…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၀)ကြိမ်မြောက် ကြာသပတေးနေ့ဩဝါဒ ၁၂၊ ၆၊ ၂၀၂၅

Matthew 5:20-26ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာ‌တေးဦး ၅:၂၀-၂၆ မှာ သင်တို့၏ဖြောင့်မတ်ခြင်းသည်။ ဖာရီရှဲးများ ကျမ်းတတ်ဆရားထက် မသာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ဒီကျမ်းပိုဒ်ကကျွန်တော်တို့ကိုဘာသတိပေးနေသလဲဆိုရင် ရင်ထဲကလာတဲ့စစ်မှန်တဲ့ရိုးသားဖြောင့်မတ်မှုဟာ အပြင်ပန်းဘာသာတရားလုပ်ဆောင်ခြင်းတွေထက် ပိုမိုအရေးပါတယ်ဆိုတာကိုသတိပေးနေတယ်။ သင်စိတ်နှလုံးသားကမပြောင်းလဲလျှင်၊ သင်းစိတ်နှလုံးသားကမရိုးသားလျှင်၊ သင်းစိတ်နှလုံးသားက မကောင်းတဲ့အရာတွေနဲ့ပြည့်နှစ်နေလျှင် သင့်ရဲ့အပြင်ပန်းဘာသာတရားလုပ်ဆောင်မှုတွေဟာလည်း အခြေအနေသက်သက်ပါပဲဆိုတာကိုသတိပေးနေတယ်။ ဒါကြောင့်လည်းရှင်မာ‌တေးဦး အခန်းငယ်၂၃ မှာ သင်တို့အချင်းချင်းအရင်သင့်မြတ်အောင်လုပ်ကြပါ။ ပြီးမှဘုရားကိုပူဇော်သက်ကာဆက်ကပ်ပါ။ ဒီကျမ်းပိုက်ကကျွန်တော်တို့ကိုဘာတွေသတိပေးနေသလဲ။ နှလုံးသားကိုအရင်ပြင်ဆင် ပြီးတော့မှဘုရားဆီကိုသွား၊ ပထမတစ်ချက်အနေနဲ့မသွားခင်မှာ ငါ့မှာခွင့်မလွှတ်နိုင်တဲ့လူတွေရှိသလား။ မနာလိုမုန်းထားစိတ်တွေနဲ့မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ ငါ့အပေါ်မှာအနိုင်ကျင့်ငါ့ကိုအရှက်ခွဲခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ စကားများပြီးမခေါ်မပြောနိုင်ပုဂ္ဂိုလ်တွေရှိသလား။ ဒီပုဂ္ဂိုလ်တွေကိုအရင်ခွင့်လုပ်နိုင်အောင်ကြိုးစားရမယ်။ အဓိကဆိုလိုရင်းက မင်းနှလုံးသားမပြင်ဆင်ဘဲနဲ့ဘုရားဆီသွားလည်းအလကားပဲ။ ဘုရားသခင်ဆီကိုလာတဲ့အခါမှာ၊ အပေါ်ယံဟန်ဆောင်မှုတွေနဲ့၊…

ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ်

Teenager Rebelling             ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ် ဆိုတဲ့ အကြောင်းမျှဝေပေးသွားချင်ပါတယ်။             ဒီဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ ဆရာသမားတွေကို ဘာကြောင့် ပုန်ကန်ထကြွ တာလဲ? အကြောင်းရင်းတော့ ရှိမှာပါပဲ။             ငယ်စဉ်မှာတုန်းက မိဘတွေက ယဉ်ကျေးလိမ္မာအောင် ကြိုးစားပျိုးထောင်ခဲ့ပေမယ့်လည်း ဆယ်ကျော်သက်ရွယ်ရောက်လာတဲ့ခါမှာ အနည်းနဲ့ အများတော့ ပုန်ကန်ထကြွကြတာပါပဲ။             ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် လောက်ကို ပြန်လည်ကြည့်လိုက်ရင် သူ့ခေတ်သူ့ခါ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆယ်ကျော်သက်တွေ ပုန်ကန်ခဲ့ကြတာကို…

ဗာတီကန်၀န်ထမ်းများ၏သန့်ရှင်းခြင်းသည်ဗာတီကန်အဓွန့်ရှည်ရန်ဖြစ်စေရမည်။

ရဟန်းမင်းကြီးလီယို(၁၄) ၏ တိုက်တွန်းချက်ကိုဖတ်လိုက်ရသောအခါ စာရေးသူတို့၏ သင်တန်း ကျောင်းမှ ဆရာဘုန်းကြီးတို့၏ဩ၀ါဒကိုပြန်လည်သတိရမိပါသည်။ ‘သင်တို့၏တမန်တော်လုပ်ငန်းများ အောင်မြင်ထိရောက်မှုသည် သင်တို့၏သန့်ရှင်းခြင်းနှင့်ဆိုင်သည်’ ဟုဖြစ်ပါသည်။ ဤဆိုဆုံးမချက်သည် ရဟန္တာသူတော်သူမြတ်တို့ဖြတ် သန်းခဲ့သောအတွေ့အကြုံမှထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးလီယို (၁၄) သည်လည်း ဗာတီကန်၌အမှုထမ်းနေကြသော ကာဒီနယ်များ၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာ‌တော်များ၊ ရဟန်းတော်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်ဘာသာတူ ၀န်ထမ်းတို့၏ သန့်ရှင်းခြင်းသည် ဗာတီကန်ဆက်လက်အဓွန့်ရှည်ရန်အတွက်ဖြစ်ရမည်ဟု တိုက်တွန်းနှိုးဆော်လိုက် ခြင်းဖြစ်သည်။  ဗာတီကန်သည် ရဟန်းမင်းကြီးတစ်ပါးတည်းဦးစီး၍မရပေ။ အမှုကိစ္စပေါ်မူတည်၍ ဌာနဆိုင်ရာ အသီး သီးရှိကြသည်။ယမန်နေ့ ဇွန်လ (၉) ရက်နေ့၊ သာသနာကိုမှိုင်းမသောသခင်မပွဲနေ့သည် ဗာတီကန်ရုံး တော်၌အမှုထမ်နေကြသော၀န်ထမ်းများအားလုံး၏ဂျူဗလီဖြစ်သည်။ ဂျူဘီလီဆုတောင်း၀တ်ပြုခြင်းကိုဦးစွာကိုယ်တော်မြတ်စက္ကရာမင်တူးနှင့်အမိမယ်တော်၏သီလရှင်အသင်း၀င်း စ္စစတာရ် Sr. Maria Gloria…