
ရဟန်းမင်းကြီးသည်လက်ဘနွန်၀န်ကြီးချုပ်အားလက္ခံတွေ့ဆုံ။
ရဟန်းမင်းကြီးလီယို (၁၄) သည် အောက်တိုဘာ (၂၅) ရက်နေ့ကလက်ဘနွန်၀န်ကြီးချုပ် Nawaf Salam အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ ၀န်ကြီးချုပ်နှင့်အတူဒု၀န်ကြီး Tarek Mitri လည်းပါ သည်။ ထို့အတူ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ် Pietro Parolin၊ နိုင်ငံတကာအသက်းအဖွဲ့များဆိုင်ရာဆက်ဆံရေးတာ၀န်ခံအတွင်းရေးမှူးဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher တို့နှင့် လည်းတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခြင်းသည် လွန်စွာနွေးထွေးပြီး၊ နှစ်နိုင်ငံကြား ကောင်းမွန်သောဆက်ဆံရေးအ ကြောင်းနှင့် ရဟန်းမင်းကြီးမကြာမီကြွရောက်မည့် လက်ဘနွန်တမန်တော်ခရီးစဉ်အကြောင်းများကို ဆွေး နွေးပြော ဆိုခဲ့ကြောင်း ဗာတီကန်သတင်းဌာနကထုတ်ပြန်ထားပါသည်။ ရဟန်းမင်းကြီးလီယို (၁၄) ၏ပထမ ပြည်ပ တမန်တော်ခရီးစဉ်ကို…







