rvamyanmar

rvamyanmar

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ မကြာမီက နီဂါရာဂွာအာဏာရှင်အစိုးရဖြုတ်ချရေး၌ပါ၀င်ခဲ့သော ကက်သလစ်သာသနာမှဘုန်း တော်ကြီး (၁၁) ပါးနှင့် Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega တို့သည် ထောင်ချခံလိုက်ရသည်။ ဒီဇင်ဘာ (၂၉) နှင့် (၃၀) ညများ၌ Managua ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ဘုန်းတော်ကြီး (၆) ပါးကိုဖမ်းဆီးခဲ့သည်။ ထိုရက်များမတိုင်မီအစောပိုင်းကလည်း Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora…

သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ

သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ ရုရှားဩသိုဒေါစ်သည် ဘာသာရေးခေါင်းဆောင် Patriarch Kirill ၏ဦးဆောင်မှုကိုခံယူလျှက်ရှိသည်။ အဆိုပါခေါင်းဆောင်က သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းနှင့်စပ်ဆိုင်သည့်လုပ်ဆောင်မှုအားလုံးသည် လူသတ်မှုဖြစ်သည်ဟုကြေညာခဲ့သည်။ ဤကြေညာချက်သည် သမ္မတအိမ်တော်မှကြေညာချက်နှင့်ဆန့် ကျင်နေသည်။ ဘာသာရေးကိုဦးစီးလမ်းညွှန်သောအဖွဲ့ကမည်သည့်နည်းလမ်းဖြင့်သန္ဓေဖျက်ချခြင်းကိုမဆို ဆန့်ကျင် သည်။ ထို့ကြောင့် ရှရုားသမ္မတပူတင်၏အမျိုးသမီးများကိုယ်၀န်ဖျက်ချနိုင်သည့်အခွင့် အရေးကိုအောင့်သက်သက်ဖြစ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးခေါင်းဆောင်တို့၏ကြေညာချက် သည် မည်သည့်အသွင်ဖြင့်မဆိုကိုယ်၀န်ဖျက်ချလျှင် လူသတ်မှုမြောက်သည်ဟုကြေညာသောကြောင့်ဖြစ် သည်။ အမျိုးသမီးတို့၏အခွင့်အရေးကိုကာကွယ်ခြင်းသည်အဘယ်မျှအရေးပါကြောင်းကိုဖော်ပြရန် ပူတင်က ရှရုား၌ကိုယ်၀န် (၁၂) ပတ်မှသည်အချို့အခြေအနေ၌ (၂၂) ပတ်အထိဖျက်ချခွင့်ပြုထားသည်။ အတိုင်းအ တာတစ်ခုအထိ ပူတင်၏ခွင့်ပြုချက်ရထားသော်လည်း ရုရှားဩသိုဒေါစ်အနေဖြင့်ကိုယ်၀န်ဆောင်မိခင်များအားမွေးဖွားရန်အခက်အခဲရှိနေသူများကိုကူညီပေးလျှက်ရှိသည်။…

ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ

ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ ဂျေရုဆလင်၌အခြေဆိုက်သည့် အာမေးနီးယန်းဘာသာရေးခေါင်းဆောင် Chancellor Aghan Gogchyan ၏သတင်းပေးပို့ချက်၌ အာမေးနီးယန်းဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ရဟန်းလောင်းကိုရင်များနှင့်ဘာသာတူများအားရည်ရွယ်ချက်ရှိရှိ အင်အားများဖြင့်တိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်။ ဤတိုက်ခိုက်ခြင်းကြောင့် ဆိုးရွားစွာဒဏ်ရာများရရှိခဲ့ကြကြောင်၊ ငြုပ်ကောင်းဖျန်းဆေးဗူးနှင့်ဓာတုပစ္စည်းများကိုလည်းအသုံးပြုထားကြောင်း၊ ဒဏ်ရာရရှိသော ဘာသာရေးခေါင်း ဆောင်များနှင့်သင်တန်းသားများအားဆေးရုံသို့ပို့ဆောင်ထားရသည်ဟုဆိုသည်။ ယခုတိုက်ခိုက်မှုသည် ပိုင်ဆိုင်မှုနှင့်စပ်လျင်း၍အငြင်းပွားနေသောကိစ္စနှင့်ပတ်သက်နေကြောင်း၊ ယခုအခင်းဖြစ်ပွားရာ၌ ထိုဒေသ၌နေထိုင်သော အစွန်းရောက်အီစ္စရေးလူမျိုး (၃၀) ပါသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မျက်နှာဖုံးအုပ်ကာ ၀တ်စုံအနက်ကို၀တ်ဆင်ထားကြကြောင်း၊ လက်နက်ကိုယ်စီဆောင်ထားကြောင်း၊ တိုက်ခိုက်သူများသည် နွားခြံထဲသို့၀ါရုန်းသုံးကား၀င်ရောက်လာပြီး တိုက်ခိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ချိန်၌ရိုက်ယူထားသောဗွီဒီယိုကို လူမှုကွန်ရက်ပေါ်တွင်တင်ထားပေးကြောင်းပြောသည်။ မွန်းလွဲ (၁) နာရီမထိုးမီချိန်လေး၌ တုတ်၊ ဓား၊ မျက်ရည်ယိုဗုံးများကိုယ်စီကိုင်ဆောင်ထားသူတို့သည် ခြံထဲသို့…

ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး

ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကင်ညှာ၌ လူ (၁၇၀) ကျော်အသက်ဆုံးရှုံးပြီး လူ (၆၀၀၀၀၀) ကျော်ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရကြောင်း ကြက်ခြေနီအသင်းမှတရား၀င်ထုတ်ပြန်ထားသည်။ ယခု ကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဖရိကအရှေ့ပိုင်းဒေသသို့ လူသားချင်းကူညီသောအကူအညီများမပေးပို့နိုင်သည်မှာ နို၀င်ဘာလကတည်းကပင်ဖြစ်သည်။ လမ်းများ၊ တံတားများစွာလည်းပျက်စီးသွား၍ သွားလာရန်ခက်ခဲနေသည်။ အိမ်များ၊ လယ်များ၊ အိမ်မွေးတိရစ္ဆာန်များများစွာလည်းရေစီးထဲမျောပါကုန်ကြသည့်ပြည်သူများစွာရှိသည်။ ပြီးခဲ့သောကြာသပတေးနေ့၌ ကင်ညှာစစ်တပ်မှပိတ်မိနေသောပြည်သူများအားခက်ခဲစွာကယ်ဆယ်ခဲ့သည်။ ကင်ညှာအခြေဆိုက်ကြက်ခြေနီအသင်း၏လူမှုကွန်ရက်၌ မိသားစု (၁၅၂၆၃) စုအိုးအိမ်မဲ့သွားခဲ့ရကြောင်း၊ (၁၅) ဦးမှာမတော်တဆဖြစ်ပွားပြီးအသက်ဆုံးရှုံးခဲ့ရကြောင်း၊ အိမ်မွေးတိရစ္ဆာန် (၁၀၆၇) ကောင် သေဆုံးခဲ့သည်။ စိုက်ပျိုးမြေ (၂၄၁) ဧကပျက်စီးသွားခဲ့သည်။ ယခုဖြစ်စဉ်သည်…

အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ်

အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ် အမိမယ်တော်၏အမည်မှာ အင်္ဂလိပ်လို ‘မေရီ’ ဖြစ်ပြီး လာတင်းလို ‘မာရိယာ’ ဖြစ်ကြောင်း သံလုကာ၏ဧ၀ံဂေလိကျမ်းစာ၌ဖော်ပြထားသည်။ ဤအမည်သည် ရှေးကျလှသောအမည်ဖြစ်သည်။ စက်တင်ဘာလ (၈) ရက် မယ်တော်အားမွေးဖွားသန့်စင်ပြီးနောက် မယ်တော်၏မိဘနှစ်ပါးက ‘မေရိ (သို့) မာရိယာ’ ဟုအမည်မှည့်ရန်ဆုံးဖြတ်ခဲ့ကြသည်။ မယ်တော်အားအမည်မှည့်သည့်ပွဲကို စက်တင်ဘာ လ (၁၂) ရက်နေ့တွင်ကျင်းပပါသည်။ မယ်တော်၏မိဘနှစ်ပါးသည် ဘုရားသခင်သူတို့အားဗျာဒိတ်ပေး သည့်အတိုင်းပင်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရားပေးသောအမည်ကား ကာလအဆက်ဆက်ခေါ်တရသောအမည်ဖြစ်သည်။ သမ္မာကျမ်းလာအမည်များကဲ့သို့ပင် အမိမယ်တော်၏အမည်သည်လည်း အနက်အဓိပ္ပါယ်ရှိပါ သည်။ ၀ိညာဉ်ရေးအသက်တာနှင့်လည်းအဆက်အစပ်ရှိသည်။ ဟေဘရူးဘာသာစကားအားဖြင့် ‘မေရိ (သို့) မာရိယာ’ ကို…

အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ

အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ အီစ္စရေး-ဟားမာစ်စစ်ဆက်လက်အရှိန်ပြင်းစွာဖြစ်ပွားနေသော်လည်း အလ်ဂျီးရီးယားအစိုးရအနေ ဖြင့်ခရစ်ယာန်တို့အားဖိနှိပ်ညှဉ်းဆဲနေမှုဖြစ်ပွားမြဲဖြစ်ပွားလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာခရစ်ယာန်များအရေး (the International Christian Concern (ICC) လုပ်ဆောင်သောအဖွဲ့ထုတ်ပြန်ချက်အရ များမ ကြာမီကလည်း အယ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်တို့၏ဘုရားရှိခိုးကျောင်းများကိုဖြိုချပစ်ခဲ့သည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကိုလည်းဖမ်းဆီးထောင်ချခဲ့သည်။ ယခုကဲ့သို့ဖိနှိပ်ညှဉ်းဆဲမှုကိုတိုး မြင့်လုပ်ဆောင်နေခြင်း၏အကြောင်းတရားမှာ ခရစ်ယာန်တို့သည်အီစ္စရေးတို့ကိုအားပေးထောက်ခံသည်ဟုစွပ်စွဲပြီး ဤထောက်ခံမှုသည် အလ်ဂျေးရီးယားနိုင်ငံရှိ အီစ္စလာမ်ဘာသာ၀င်တို့အားလည်းရိုက်ခတ်လာနိုင်၍ ကြိုတင်ဖိနှိပ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ICC ၏တင်ပြချက်ထဲ၌ အလ်ဂျေးရီးယားအစိုးရအနေဖြင့်ဘုရားရှိခိုးကျောင်းကဲ့သို့နေရာ၌လူစု လူ‌ေ၀းကြီးနှင့်စု‌ဝေးခွင့်မပြုဘဲ အိမ်များ၌ (၁၀) ဦးခန့်သာစု‌ဝေးဆုတောင်းခွင့်ညွှန်ကြားထားသည်။ မြောက်အာဖရိကနိုင်ငံ၌ လူဦးရေ (၄၂) သန်းရှိသည့်အနက် (၂၀၀၀၀၀) မှခရစ်ယာန်များဖြစ်ကြသည်။ များ သောအားဖြင့် Kabylie၊…

သန်းနှင့်ချီသောဘုရားဖူးများ ဂွာတာလုပေမယ်တော်ပွဲကိုမက်ဆီကိုစီးတီး၌ကျင်းပ

သန်းနှင့်ချီသောဘုရားဖူးများ ဂွာတာလုပေမယ်တော်ပွဲကိုမက်ဆီကိုစီးတီး၌ကျင်းပ ဒီဇင်ဘာ (၁၂) ရက်နေ့၌ကျင်းပမည့် ဂွာတာလုပေမယ်တော်ပွဲသို့ ဘုရားဖူး (၁၃) သိန်းခန့်လာရောက်ဖူးမြှော်မည်ဟု မျှော်လင့်ထားကြောင်း ဒီဇင်ဘာ (၈) ရက်နေ့ကထုတ်ပြန်သော ကြေညာချက် ၌ဖော်ပြခဲ့သည်။ ဒီဇင်ဘာ (၁) ရက်နေ့၌ ဘုရားဖူး (၃၅၀၀၀၀) ဦးရှိခဲ့ကြောင်း၊ ပွဲနေ့ဖြစ်သော ဒီဇင်ဘာ (၁၂) ရက်နေ့အထိဆိုပါလျှင် (၁၃) သိန်းခန့်မျှော်လင့်ထားကြောင်း မြို့တော်၀န်၏ရုံးကြီးကြပ်ကွပ်ကဲ့သူ Aurea Melina López Martinez ကဖြေကြားခဲ့သည်။ မက်ဆီကိုဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်၏သတင်းစကား၌ ကိုးဗစ် (၁၉) ကပ်ဆိုးအလွန်၌ ဘာစီးလီကာဘုရားကျောင်းကြီး၏အစီအစဉ်သည် ပုံမှန်မှန်လည်ပတ်နေပြီဖြစ်သည်။ မကြာမီကအသစ်ခန့်အပ်…

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး တရုတ်နိုင်ငံ၊ Wenzhou သာသနာပိုင် ဆရာတော် Peter Shao Zhumin အားတရုတ်အစိုးရကဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုဖမ်းဆီးမှုသည်ကြာရှည်မည်ဖြစ်ကြောင်းလည်းထင်ကြေးပေးကြသည်။ ဆရာတော်သည် ဗာတီကန်မှအသိအမှတ်ပြုရွေးချယ်ထားသောဆရာတော်ဖြစ်သည်။ သူသည်သာသနာပိုင်ဆရာတော်အဖြစ် (၂၀၁၆) ခုနှစ်က သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Wei-Fang ပျံလွန်ပြီးနောက်အမှုတော်ကိုစတင်ထမ်းခဲ့သည်။ ဆရာတော်သည် ယခင်ကလည်းအကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည့်သမိုင်းရှိသည်။ သူသည်ဒေသခံကက်သလစ်ဘာသာတူများကျင်းပသောပွဲရက်တော်များ၌အမြဲပါလေ့ရှိသည်။ (၂၀၁၈) ကလည်း (၇) လတာထိန်း သိမ်းခံခဲ့ရပြီးမှပြန်လွတ်လာခဲ့သည်။ ယခုကဲ့သို့မထင်မှတ်ဘဲဖမ်းဆီးခံလိုက်သည့်အဖြစ်သည် မည်သည့်အ ချိန်၌မဆိုဖမ်းဆီးထိန်းသိမ်းခံရနိုင်၍ ဆရာတော်အနေဖြင့် အထုပ်အပိုးကိုအဆင်သင့်ပြင်ထားရန်သတိပေးလိုက် သကဲ့သို့ဖြစ်နေသည်ဟုဆိုသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်