
ငရဲကြီးတည်ရှိခြင်းအကြောင်း။



ကာဒီနယ်တားကလေသည် အာရှကက်သလစ်ဘာသာ၀င်များအား အမှန်တကယ်ဘုရားဖူး များဖြစ် ကြရန်၊ နှိမ့်ချခြင်း၏ကြေးမုံပြင်များဖြစ်ကြရန်၊ သမ္မာကျမ်းစာလာမင်းပညာရှိတို့ကဲ့သို့သဘောထား ကြီး ပွင့်လင်းရန် ဤသော့ချက်သတင်းစကားကို မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ကျင်းပနေသော ‘FABC’ ဟုအတို ကောက်သုံးနှုန်းလေ့ရှိသော ‘အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့’ ၏အစည်းအေ၀းဖွင့်ပွဲ၌တိုက် တွန်းခဲ့သည်။ အစည်းအေ၀း၌တက်ရောက်လာကြသူများအား ရှင်သန်နေသောမျှော်လင့် ခြင်း၏ သမိုင်းများ ဖြစ်ကြရန်၊ ယေဇူးသခင်၏သတင်းစကားကို၄င်းတို့၏စကားအပြောအဆိုများ၊ လုပ်ဆောင် မှုများ၊ ဆက်ဆံ ရေး၌ထည့်သွင်းရန်တိုက်တွန်းခဲ့သည်။ ကာဒီနယ်တားကလေသည် ရဟန်းမင်းကြီး၏လက်အောက်ရှိဧ၀ံဂေလိသတင်းကောင်းပြန့် ပွှားရေး ဌာန၏တာ၀န်ခံဖြစ်သည်။ ကက်သလစ်ဘာသာတူများအား မိမိတို့ကိုယ်ကျိုးအတွက်သာတွက်သည့် စိတ်ထားမမွေးရန်၊ ထိုစိတ်ကားမင်းယုတ်ဟေရုဒ်၏စိတ်ထားဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါအာရှာဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအဝေးသို့နိုင်ငံ (၃၀) မှကိုယ်စားလှယ် (၈၀၀)…

နိုင်ဂျီးရီးယားနိုင်ငံ၌ခရစ်ယာန်များကိုအကြမ်းဖက်သည့်သတင်းကမ္ဘာကြီး၌ပွတ်လောရိုက် နေ၍စိုးရိမ် စိတ်မြင့်တက်နေချိန် မိုဇမ်းဘစ်နှင့်ကွန်ဂိုသမ္မတနိုင်ငံတို့၌ထပ်တူအကြမ်းဖက်သတ်ဖြတ်မှုမျိုးဖြစ် ပွား လာပြန်သည့်သတင်းတက်လာပြန်သည်။ အစ္စလာမ်အစွန်းရောက်အကြမ်းဖက်တို့နှင့်ပက်သက်ဆက် နွယ်သောအဖွဲ့အစည်းများ၏လက်ချက်ဖြင့် အထက်ကဆိုခဲ့သောနှစ်နိုင်ငံအတွင်းခရစ်ယာန် (၂၂) ဦးရက် စက်စွာခေါင်းဖြတ်သတ်ခံခဲ့ရသည်။ MEMRI (the Middle East Media Research Institute သုတေ သနပြု သောအရှေ့အလယ်ပိုင်းသတင်းဌာန) ၏သတင်းထုတ်ပြန်ချက်အရ အာဖရိကအလယ် ပိုင်း ဒေသရှိ (ISCAP Islamic State Central Africa Province) အဖွဲ့အစည်း၏လက်ချက်ဖြင့် လူ (၁၈) ဦးကွန်ဂိုသမ္မတနိုင်ငံ၌ ခေါင်းဖြတ်ခံရသည်ဟုဆိုထားပါသည်။ နို၀င်ဘာ (၁၂) ရက်နေ့ Lubero နယ်နိမိတ်အတွင်းရှိ Mayba ရွာ၌ ခရစ်ယာန် (၁၂)…
ရဟန်းမင်းကြီးလေအို (၁၄) ၏တူရကီနိုင်ငံ၌ (၄) ရက်ကြာသီတင်းသုံးခဲ့သောကာလကား ယမန်နေ့ က အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ထို (၄) ရက်တာသီတင်းသုံးခဲ့သည်ကိုချုပ်ရလျှင် ရဟန်းမင်းကြီးသည် နိုင် ဆင်းအစည်းအဝေးကြီးကျင်းပခဲ့သည့် (၁၇၀၀) ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြင့် İznik ၌ကျင်းပ သောခရစ်ယာန်ခေါင်းဆောင်များ၏အခမ်းအနားသို့တက်ရောက်နိုင်ခဲ့ခြင်း၊ ဩသိုဒေါ့စ်ခရစ်ယာန်တို့၏ ခေါင်းဆောင် Patriarch Bartholomew I၊ အခြားသောကမ္ဘာ့ခရစ်ယာန်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ သည်။ အဆိုပါအစည်းအဝေး၌ရဟန်းမင်းကြီးက စည်းလုံးခြင်းကိုသင်ကြားပေးခဲ့သောပုဂ္ဂိုလ်သုံးပါးတစ်ဆူ ဘုရားကိုယုံကြည်သည်ဟုဆို၍ ခရစ်ယာန်များကွဲပြားနေခြင်းသည်မကောင်းလမ်းပြသကဲ့သို့ဖြစ်ပြီး၊ ဤအ ခြေအနေကိုကျော်လွှားနိုင်ရန်၊ စည်းလုံးခြင်းကိုလူတိုင်း ၀ါယမစိုက်လုပ်ဆောင် ကြရန်တိုက် တွန်း ခဲ့သည်။ ရဟန်းမင်းကြီးသည် တူရကီမှလက်ဘနွန်သို့မပြီးဆုံးသေးသောသူ၏တမန်တော်ခရီးဆက် လက်ကြွ သွားရာဘေရွတ်လေဆိပ်သို့ဘေးရန်မခဘဲဆိုက်ရောက်သွားခဲ့သည်။ ရဟန်းမင်းကြီးအား ရဟန်း…


အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘တောရိုင်းတိရစ္ဆာန် ပျောက်ကွယ်မှုများနှင့် အမဲလိုက်မှုများ’ ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဟောင်ကောင်ဆရာတော်ထံ ပေးပို့သော ကြေးနန်းစာတွင် မြို့တော် တိုင်ပို(Tai Po) ခရိုင်ရှိ တိုက်ခန်းအဆောက်အအုံတစ်ခု၌ မီးလောင်ကျွမ်းမှုဒဏ် ခံခဲ့ရသူများအတွက် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ဟောင်ကောင်မြို့ တိုင်ပိုခရိုင်ရှိ တိုက်ခန်းအများအပြား မီးလောင် ကျွမ်းသည့် သတင်းကြောင့် ဝမ်းနည်းမိကြောင်းနှင့် ဘေးဒဏ်သင့်သူ အားလုံးအတွက် ဆုတောင်း ပေးနေကြောင်း ပြောကြားခဲ့သည်။ ဗာတီကန် အတွင်းဝန် ရဟန်းမင်းအမတ် ပီထရို ပါရိုလင် (Pietro Parolin) လက်မှတ်ရေးထိုးထားသည့် ကြေးနန်းစာကို ကြာသပတေးနေ့က ဟောင်ကောင်ဆရာတော် ကာဒီနယ် စတီဖင်…

“မျှော်လင့်ခြင်း၏ မဟာဘုရားဖူးခရီးစဉ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အာရှသာ သနာပြုညီ လာခံမလေးရှား ၂၀၂၅ ကို ၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီ၊ ထိုနေ့အတွက် အစီ အစဉ်ကို မလေးရှား စံတော်ချိန် ညနေ ၃ နာရီခွဲတွင် တရားဝင် ဖွင့်ပွဲ အခမ်းအနား ဖြင့် စတင်ခဲ့ပါသည်။ အခမ်းအနားတွင် မစ္ဆားတရား (Holy Mass) ကို ရဟန်းမင်းအမတ် ဆီဘက်စတန် ကာဒီနယ်ဖရန်စစ် က ဦးဆောင်ဟောကြားခဲ့ကာ၊ တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ အပါအဝင် နိုင်ငံတကာမှ ကာဒီနယ် များ၊ဆရာတော်ကြီးများ၊ နှင့် ရဟန်းတော်များအားလုံးက ပူးတွဲ ပါဝင်ပူဇော်ခဲ့ကြပြီး ယုံကြည်သူ ဘာသာဝင်းများလဲ ပါဝင်ခဲ့ကြပါသည်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အာရှ ဆရာတော်ကြီးများညီလာခံ…