
ဖာသာရ် David Toe Wai (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၁)ကြိမ်မြောက် ကြာသပတေးနေ့ဩဝါဒ ၁၉၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ဒီကနေ့ကျွန်တော်တို့ကြားနာခဲ့ရတဲ့ရှင်မာတေးဦး ၆း ရ- ၁၅ မှာသခင်ခရစ်တော်က ကျွနုပ်ခရစ်ယာန်ဘဝအသက်တာမှာဆုတောင်ခြင်းနဲ့ပတ်သက်ပြီးအရေးပါတဲ့အရာတစ်ခုဖြစ်တယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့တမန်တော်တွေကိုသင်ကြားထားတာတွေ့ရပါတယ်။ ဒီကနေ့ကျမ်းစာမှာကိုယ်တော်ကသင်တို့သည်ဆုတောင်းကြသောအခါမှာတော့ လူမျိုးခြားတို့နည်းတူအနှစ်သာရမဲ့သောစကားလုံးအမြောက်အများကိုမရွတ်ဆိုကြနဲ့အကြောင်းမူားသူတို့သည်များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင် အကြောင်မူကသူတို့သည် မိမိတို့တောင်းလျှောက်သောဆုကိုရလိမ့်မည်ဟုထင်မှတ်ကြ၏။ သင်တို့မူကာထိုသူတို့ကဲ့သို့မပြုလုပ်ကြနဲ့အကြောင်းမူကာသင်တို့လိုအပ်သောအရာကိုသင်တို့မတောင်းမီကပင် သင်တို့၏အဘသည်သိတော်မူ၏။ ဒါကြောင့်ကိုယ်တော်ရှင်ကတော့ဒီကနေ့ကြယ်လောင်ရှည်လျားသောအားဖြင့်ဆုတောင်းခြင်းမျိုးမဟုတ်ဘဲနဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေစီးထွက်လာတဲ့မေတ္တာနဲ့ဆုတောင်းကြဖို့ဆိုပါတယ်။ ဆုတောင်းခြင်းဆိုတာကယ်တော့ဆက်သွယ်မှုသက်သက်တော့မဟုတ်ပါဘူး။ ဘုရားရှင်နဲ့ပေါင်းစပ်ခြင်းသာဖြစ်ပါတယ်။ တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းနဲ့ယုံကြည်ခြင်းနဲ့ပြုတယ်။ မိတ်သဟာရဖွဲ့ခြင်းခုဖြပါတယ်။ ဒါလေးနဲ့ပတ်သက်လို့အဖြစ်အပျက်လေးတခုကိုဝေငှားချင်ပါတယ်။ တောင်ကြားလေးတစ်ခုမှာရှိတဲ့အင်မတန်မှတိတ်ဆိတ်တဲ့ရွာလေးတစ်ရွာမှာရှိတဲ့ alia ဆိုတဲ့သူတစ်ယောက်ရှိတယ်။ ဒီအဖိုးကိုကနံနက်တိုင်းမှာရွာအစွန်မှာရှိတဲ့ဘုရားကျောင်းလေးမှာသွားပြီးတော့တိတ်ဆိတ်စွာနဲ့တစ်နာရီလောက်ကြာအောင်ထိုင်ရင်းနဲ့ သူကဘာမှမဆိုဘူးအတိုင်းပဲထိုင်ခဲ့တယ်။ နေ့စဉ်နေ့စဉ်တစ်နာရီသွားပြီးတော့ထိုင်တယ်။ တစ်ရက်တော့သူ့ရဲ့မြေးလေးဖြစ်တဲဂျိုးဇက်ကမေးတယ်အဖိုးတနာရီလောက်ကြာအောင်ဘုရားကျောင်းထဲမှာဘာလုပ်နေတာလဲ ဘာတွေဆုတောင်းနေတာလဲမေးတယ်။ သူ့အဖိုးကဘာမှမတောင်းပါဘူး။ ဒါဆိုရင်အဖိုးကတစ်နာရီလောက်ကြာအောင်ဘာလို့နေတာလဲပြန်ပြီးတော့မေးတယ်။ ဒီခါမှာသူ့ရဲ့အဖို့က သူ့ရဲ့မြေးးလေးဂျိုးဇက်ကိုဘာပြန်ပြောလဲဆိုတော့ I look at him and He look…









