rvamyanmar

rvamyanmar

ဩဂုတ်လ (၁၄) ရက်နေ့၊ ငြိမ်းချမ်းရေးအတွက်၀ါရှောင် ဆုတောင်းကြရန် သူတော်စင်များအဖွဲ့ အကြီးအကဲကြေညာ။

 ကမ္ဘာ့အစိတ်ပိုင်းများစွာ၌စစ်မက်များဆက်လက်ဖြစ်ပွားလျှက်ရှိသကဲ့သို့ လူသားများစွာသည်လည်း ထိုဆိုးကျိုးကိုခါးစီးခံစားဖြတ်သန်းနေကြရသည်။ အထူးသဖြင့် ဂါဇာ၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာ၊ ဟေတီ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီးရီးယားနိုင်ငံများ၌စစ်မီးတောက်လောင်လျှက်ရှိသည်။ ထို့ကြောင့် (UISG) ဟုခေါ်သော the International Union of Superiors General  (သူတော်စင်အသင်းအသီးသီး၏ ဂိုဏ်းချုပ် အကြီးအကဲများအဖွဲ့) မှ ဩဂုတ်လ (၁၄) နေ့၌ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ၀ါရှောင်ဆုတောင်းကြရန် အရေး ပေါ်ကြေညာချက်ထုတ်ပြန်ပန်ကြား ထား သည်။ ထိုနေ့သည်ကား အမိမယ်တော်ကောင်းကင်ဘုံသို့ဘုန်း တော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသော ပွဲနေ့ကြီး၏အကြိုနေ့လည်းဖြစ်သည်။   အမိမယ်တော်သည် ငြိမ်းချမ်းရေး၏အမျိုးသမီးဖြစ်သည်။ ကမ္ဘာ့ဆင်ခြေဖုံးဒေသ၌နေထိုင် သူဖြစ် သော်လည်း ကမ္ဘာ့လူသားထု၏‌ဒုက္ခ‌ဝေဒနာကိုနှစ်နှစ်ကားကားမျှ‌ဝေခံထမ်းသူဖြစ်သည်ကြောင်း၊…

မြစ်ကြီးနားသာသနာတွက် ရဟန်းတော်အသစ်(၄)ပါး ထပ်မံရရှိ။

မြစ်ကြီးနားသာသနာမှ ဦးပဥ္စင်းကြီး (၄)ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်းမစ္ဆားတရားတော်မြတ်ကို မြစ်ကြီးနားသာသနာ၊ ဧဒင် စိန့်လုကာ ဓမ္မကော်လိပ်ကျောင်း၌ (၆၊၈၊၂၀၂၅)နေ့ နံနက်၉:ဝဝ နာရီအချိန်၌ ဆရာတော်ကြီး John Mung Ngawn La Sam ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ထာဝရ ရဟန်းသိက္ခာခံယူမည့် ဦးပဥ္စင်းကြီးများမှာ မြစ်ကြီးနားသာသနာ၊ ဝိုင်မော်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Clement Labang Hkawng Ze ၊ မိုးကောင်းသာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Lucas Hpau Re La Awng ၊ ဖားကန့်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Patrick…

တစ်ယောက်တည်းလဲ နေတတ်ပါ

အထီးကျန်တာ ၊ တစ်ယောက်တည်း ဖြစ်နေတာတွေကို ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်ခါတလေ အခြေအနေအရ တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေ ဖြစ်လာတတ်ပါတယ် ။ အိမ်နဲ့ခွဲနေရတာ ၊ သူငယ်ချင်းတွေ နဲ့ အဆင်မပြေတာ ၊ ချစ်သူနဲ့ အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါ အရမ်းကြီး မခံစားရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာတွေကို မျှဝေပေးချင်ပါတယ် ။ ဘယ်သူ့ကိုမှ အရမ်းမချစ်နဲ့မိသားစု ၊ သူငယ်ချင်း ၊ ချစ်သူ ၊ အိမ်က ခွေးလေးတွေ ၊ ကြောင်လေးတွေကို အရမ်းကြီး သံယောဇဉ်မထားမိပါစေနဲ့ ။…

(၂၀၂၅) ကမ္ဘာ့လူငယ်များ၏ဂျူဘီလီအထင်ကရအကြောင်းအရာများ။

အားလုံးသိကြသည့်အတိုင်း (၂၀၂၅) ဂျူဗလီနှစ်လူငယ်ဂျူဗလီပွဲတော်ကို ဇူလိုင် (၂၈) မှ ဩဂုတ် (၃) ရက် နေ့အထိအီတလီနိုင်ငံ၏မြို့တော်ရောမမြို့၌ခြိမ့်ခြိမ့်သည်းဆင်နွှဲခဲ့ပါသည်။ ဂျူဘီလီပွဲမစ္ဆားတရားကို ရောမမြို့၏အပြင်ဘက်ကျသော Tor Vergata ကွင်းပြင်၌ရဟန်း မင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်ခဲ့သည်။ ဤကွင်းပြင်၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) လည်း ကမ္ဘာ့ လူငယ် များနေ့ကိုကျင်းပခဲ့ဖူးသည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၄၅) နိုင်ငံမှလူငယ်များသည် ဇူလိုင် (၂၈) ရက်နေ့ကရောမမြို့သို့ရောက် ရှိလာခဲ့ကြ သည်။ဇူလိုင် (၂၉) ရက်နေ့ညပိုင်း (၇) နာရီအချိန်၌ ရောမသို့ရောက်ရှိနေသောလူငယ်များအားကြို ဆို…

ရဟန္တာ ဒေါမိနစ်

ဒီကနေ့မှာတော့ဩဂုတ်လ၈ ရက်နေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့ ရဟန္တာဒေါမိနစ်အကြောင်းနဲ့ စိန်ဒေါမိနစ်ကို မယ်တော်သခင်မဖော်ပြခဲ့တဲ့ စိပ်ပုတီးစိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ဆက်ပေးချင်ပါတယ်။စိန်ဒေါမိနစ်ကို ၁၁၇၀ ခုနှစ်မှာ စပိန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ရဟန်းသိက္ခါခံယူပြီးတဲ့နောက်မှာအော်စမာမြို့မှာရှိတဲ့ကက်သီဒြယ်မှာတာဝန်ချခြင်းခံခဲ့ရပါတယ်။အဲ့ဒီနေရာမှာသူဟာ စိန်ဩဂုတ်စတင်းရဲ့ ဉပဒေတွေကိုလိုက်နာကျင့်ကြံခဲ့ပါတယ်။၁၂၀၄ခုနှစ်မှာဒိန်းမတ်စ်ကို သွားတဲ့လမ်းခရီးမှာဟော်တည်ပိုင်ရှင်တဦးကိုပြောင်းလဲစေခဲ့ပါတယ်။ဒါကြောင့်ဒေါမိနစ်ဟာတရားဒေသနာဟောကြားခြင်းဟာသူ့ရဲ့စိတ်ဓာတ်တက်ကြွမှုကိုဖြစ်ပေါ်စေတဲ့အဓိကစွမ်းရည်ဖြစ်ကြောင်းသိရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာပြင်သစ်နိုင်ငံတောင်ပိုင်းမှာထွန်းကားလျက်ရှိတဲ့ဘာသာရေးဂိုဏ်းတစ်ခုကို ပြောင်းလဲစေဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။နှစ်အနည်းငယ်ကြာအောင်အပြင်းအထန်တရားဟောခြင်းတွေကြောင့်လည်းကောင်း သူရဲ့သန့်ရှင်းတဲ့ဘဝနေထိုင်မှုနဲ့ပုံသက်သေတွေကြောင့် လူအများအပြားဟာကက်သလစ်ဘာသာကိုပြန်လှည့်ယုံကြည်လာကြပါတယ်။အယူဝါဒလွဲမှားသူတွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာအောင်မြင်မှုရှိတဲ့ရသေ့တွေကို ဒေါမိနစ်က ဓားအစားဆုတောင်းမေတ္တာဖြင့်သင်တို့ကိုယ်ကိုသင်တို့လက်နက်တပ်ဆင်ပါ။ကောင်းသောအဝတ်အစားတွေအစား နှိပ်ချခြင်းကိုယူသင်ဝတ်ဆင်ပါလို့ ဟောကြားခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့ကောင်းမွန်တဲ့ဆုံးမဩဝါဒတွေကို ဘယ်စာအုပ်ကနေလေ့လာသလဲလို့မေးတဲ့အခါမှာ သူဟာချစ်ခြင်းမေတ္တာစာအုပ်ကလွဲပြီး ဘယ်စာအုပ်ကမှမဟူတ်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ဒီလိုနဲ့ဒေါမိနစ်ဟာသူ့ရဲ့သာသနာပြုအပေါင်းအပါအနည်းငယ်နဲ့အတူ အသင်းတော်ကိုဆန့်ကျင်ပြီးလွဲမှားတဲ့အယူဝါဒတွေကို ဟောပြောနေသူတွေကို ခုခံတန်ပြန်နိုင်ဖို့ရန်အတွက် ဟောပြောသက်သေခံခြင်းကိုအလေးပေးထားတဲ့ ဒေါမိနစ်ကန်အသင်းဂိုဏ်းကို၁၂၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့အသင်းသားတွေဟာ မွန်မြတ်သောစာပေလေ့လာမှုနဲ့ တရားဟောပြောခြင်းတွေကိုပြုလုပ်ဆက်ကပ်ကြပါတယ်။ သူတို့အသင်းဂိုဏ်းဟာ တရားဝင်ထောက်ခံမှုကို ၁၂၁၆ ခုနှစ်မှာရရှိခဲ့ပါတယ်။စိန်ဒေါမိနစ်ကို…

ရဟန်းမင်းကြီးလီယို (၁၄) မှ ‘ဟီရိုရှီးမားငြိမ်းချမ်းရေးပြယုဂ်ဖြစ်ပါစေသား’ ဟုဆန္ဒပြုဆုတောင်း။

‘နူးကလီးယားလက်နက်သည် ကျွန်ုပ်တို့ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော လူသားဖြစ်ခွင့်ကို ဖျက် ဆီးသည်။ ဖန်ဆင်းခံတို့၏ဂုဏ်သိက္ခာကိုလှည့်စားသည်’ ဟုရဟန်းမင်းကြီးလီယို (၁၄) ကဂျပန်နိုင်ငံ၊ ဟီရိုရှီးမားဆရာတော် Alexis Shirama ထံပေးပို့သောသ၀ဏ်လွှာ၌မိန့်ကြားထားသည်။ အဆိုပါသ၀ဏ် လွှာကိုဂျပန်နိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Francisco Escalante Molina ကဟီရိုရှီးမားနိုင်ငံ၌အနုမြူဗုံးဖောက်ခွဲခံရသည့်နှစ်ပတ်လည်နေ့မစ္ဆားပူဇော်စဉ်၌ဖတ်ကြားခဲ့သည်။ ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ကာလက အမေရိကန်စစ်တပ်မှဟီရိုရှီးမားနှင့်နာဂါဆာကီမြို့ တို့အားအနု မြူဗုံးဖောက်ခွဲခဲ့သည့်နှစ် (၈၀) ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုအနုမြူဗုံးကြောင့် ဂျ ပန်ပြည် သူ (၁၅၀၀၀၀) မှ (၂၄၆၀၀၀) အထိသေဆုံးခဲ့ကြရသည်။ ရဟန်းမင်းကြီးက နျူးကလီးယားဗုံးပစ်ခံရ သောအဆိုပါမြို့နှစ်မြို့သည်ထိုဗုံးကြောင့်အဘယ်မျှကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်ပျက်ခဲ့သည်ကိုခံစားသိရှိ နိုင်သည့်သက်သေများအဖြစ်ကျန်ရှိနေပါသည်။…

ကျွန်ုပ်တို့ရဲ့ပြောဆိုဆက်ဆံရေးသည် တစ်ဦးကို တစ်ဦးကူညီကုသပေး‌သောအရာသာ ဖြစ်ရမယ် ဒုက္ခ ပေးတာမဖြစ်ရ။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ Angelus ရွတ်ဆိုခြင်းတွင် ရဟန်းမင်း ကြီးလီယို ၁၄ က သင့်လျှော်သောစကားများကိုအသုံးပြုခြင်း နှင့် ကိုယ်ပြောလိုက်သော စကားသည် တစ်ဖက်လူအတွက် နာကျင်စရာမဖြစ်စေဘဲ၊ ကုသပေးသောအရာသာဖြစ်ရမည် ဟု အားပေးခဲ့ပါသည်။ စိန့်ပီတာရင်ပြင်တွင် စုရုံး ရောက်ရှိနေသောဘုရားဖူးသူတော်စင်များအား သခင်ယေဇူး တရားလှည့် လည်ဟောစဉ်ကာလက သူနှင့်တွေ့ကြုံရသူများ၊ ပုံဥပမာများ နှင့် ကုသပေးခြင်းများကိုအခြေခံပြီး ကျွန်ုပ်တို့ရဲ့နေ့စဉ်ရှင်သန်နေမှုမှာ ကုသမှုတွေခံယူဖို့လိုအပ်‌နေကြောင်း၊ ယနေ့ကမ္ဘာလောကကြီးဟာ လူ့ဂုဏ်သိက္ခာကိုနက်ရှိုင်းစွာဒဏ်ရာရစေသော မုန်းတီးမှုတွေ ရက်စက်ကြမ်းကြုတ်မှု တွေရဲ့ဖုံးအုပ်မှုခံရ သောကာလအဖြစ်နဲ့ သတ်မှတ်ကြရမည်ဖြစ်ကြာင်းကျွန်ုပ်တို့လူအဖွဲ့အစည်းကြီးဟာ လစ်လျှူရှုခံရခြင်း ကြောင့်မဟုတ်ဘဲ မနိုင်ဝန်ပိခြင်း…