rvamyanmar

rvamyanmar

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၉)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၂၊ ၈၊ ၂၀၂၅

Daily Reflection Matt 18:1-5,10,12-14 Year C 2025ဓမ္မမိတ်ဆွေတို့ ဒီကန့ကြာနာခဲ့ရတဲ့ ရှင်မာတဦး ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်၏နောက်လိုက်တွေကလည်း “မည်သူသည်ကောင်းကင်နိုင်ငံ၌အကြီးဆုံးသောသူဖြစ်မည်နည်း။’ ဆိုသောမေးခွန်းကိုမေးခဲ့ကြတယ်။ သခင်ခရစ်တော်က ကလေးငယ်တယောက်ကိုခေါ်ပြီးသူတို့ကိုဆုံးမခဲ့တယ်။ သင်တို့သည်ဤကလေးသူငယ်ကဲ့သို့မပြောင်းလဲလျှင်ကောင်းကင်နိုင်ငံတော်သို့မဝင်ရ၊ မည်သူမဆိုကလေးသူငယ်တဦးကဲ့သို့နှိမ့်ချသောစိတ်ရှိလျှင်ကောင်းကင်နိုင်ငံတော်၌ ကြီးစုံသောသူဖြစ်လိမ့်မည်။ သိုးအကောင်တစ်ရာရှိသောသူသည် သိုးတစ်ကောင်ပျောက်လျှင် ကြံသော၉၉ ကောင်ကိုထားခဲ့၍ပျောက်သောသိုးကိုရှာလိမ့်မည်။ သင်တို့၏အဖခမည်းတော်ဘုရားသည်လည်း ဤအငယ်ဆုံးသောသူတစ်ယောက်ကို ပျောက်ဆုံးလိုစေသောဆန္ဒမရှိပေ။ ဒီကျမ်းချက်လေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်ရအောင်။ သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေကတော့ ကောင်းကင်နိုင်ငံမှာမည်သူသည်အကြီးဆုံးဖြစ်မည်နည်းလို့မေးခဲ့တယ်။ ကျွန်တော်တို့အတွက်ကတော့ အရင်ဦးဆုံးကောင်းကင်ရောက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲမေးရမယ်။ သခင်ခရစ်တော်ဖြေပေးခဲ့တာက ကလေးငယ်တစ်ယောက်ကဲ့သို့မပြောင်းလဲလျှင်၊ ကလေးငယ်တစ်ယောက်ကဲ့သို့မနှိမ်ချလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်တဲ့၊ အဖြေကရိုးရိုးရှင်းရှင်းလေးပဲ မရိုးသားလျှင်၊ မဖြူစင်လျှင်၊ မနှိမ်ချတတ်လျှင်၊ ကောင်းကင်နိုင်ငံမဝင်ရဘူး။ဒီအချက်တွေအားလုံးကကလေးငယ်တွေဆီမှာရှိတယ်။ လူကြီးတွေဆီမှာတော့အပြည့်အဝ…

ရဟန်းမင်းကြီးသည် ဂျူဘီလီဘုရားဖူးရောက်လာသောအကျဉ်းသားတို့အားလက္ခံတွေ့ဆုံ။

ရဟန်းမင်းကြီးသည် ပြီးခဲ့သော ကြာသပတေးနေ့က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ ဆန်တာမာ ရီယာမာဂျော် ရယ် (Santa Maria Maggiore) အကျဉ်းထောင်မှအကျဉ်းသား (၃) ဦးအား လက္ခံတွေ့ဆုံခဲ့သည်။ ဤ အကျဉ်းသား (၃) ဦးတို့သည် အခြားသော သာမန်ဘုရားဖူးများနှင့်အတူ လိုက်ပါ လာခြင်းဖြစ်သည်။ ဘုရားအဖူးအဖွဲ့အားဂိုဏ်းချုပ်ဆရာတော် ဖရန်ချက်စကိုမိုရားလီယာ (Francesco Moraglia)၊ အကျဉ်း သားများ၏၀ိညာဉ်ရေးတာ၀န်ခံဘုန်းတော်ကြီး မားစီမို ကာဒါမူးရို(Massimo Cadamuro) နှင့်ဂိုဏ်း ချုပ် သာသနာ၏၀န်ထမ်းများကဦးဆောင်သည်။ ဤဘုရားဖူးအဖွဲ့သည် (၅၀၀) ကီလိုမီတာ‌ ဝေးသော မိမိတို့…

စင်ကာပူရောက်မြန်မာကက်သလစ်လူငယ်များ ပထမဦးဆုံးအကြိမ် လူငယ်သင်တန်းကျင်းပ။

စင်ကာပူနိုင်ငံ Myanmar Catholic Youth of Singapore(MCYS)မှဦးဆောင်ပြီး သြဂုတ်လ (၉)ရက်နှင့် (၁၀)ရက် နေ့၊နှစ်ရက်တာလူငယ်သင်တန်းကို စင်ကာပူရောက် မြန်မာကက်သလစ်လူငယ်များမှ ဦး ဆောင်ကာ ကျင်းပကြပြီး၊ လူငယ်အယောက်ပေါင်း နှစ်ရာကျော် ပါ ဝင်တက်ရောက်ခဲ့သည်။ ဤလူငယ်သင်တန်းတွင် စင်ကာပူရောက် မြန်မာကက်သလစ်ဘာသာတူများ၏ ဝိညာဥ်ရေးဘုန်း တော် ကြီး Fr Joseph မှ အဖွင့်ဆုတောင်းပေးခဲ့ပြီး ဧည့်သည်ဘုန်းတော်ကြီး Fr Paschal သီကိုရှင်းမှ လူငယ် များတွက်အကျိုးရှိတဲ့အရာများကို လာရောက်ပို့ချမျှဝေပေးကာ၊ ချီးမွမ်းကိုးကွယ်ခြင်း၊ မေးခွန်း အမေး အဖြေကဏ္ဍပိုင်းဆိုင်ရာနှင့်နှင့်…

ဖန်ဆင်းခံလောကနှင့် ကမ္ဘာမြေကို ဘယ်လိုထိန်းသိမ်းမလဲ?

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ ဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ဖန်ဆင်းခံလောကနှင့် ကမ္ဘာမြေ’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေအနေနဲ့ ကမ္ဘာမြေနှင့် မမြင်နိုင်တဲ့အရာတွေကို ဘုရားရှင်ဖန်ဆင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဘုရားသခင်က ကုန်းမြေနှင့်အတူ သက်ရှိမျိုးစိတ်များကို အပြန်အလှန် မှီခိုပြီး လှပစွာ ဖန်ဆင်းခဲ့ပါတယ်။ ထိုသက်ရှိတွေထဲကမှ အရေးပါဆုံးဖြစ်တဲ့ ကျွန်တော်တို့ လူသားတွေကို ဖန်ဆင်းခဲ့ပြီး ထိုကမ္ဘာမြေကြီးမှာရှိသမျှသော အရာတွေကို စိုးမိုးအုပ်ချုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ သို့သော် ယခုခေတ်အခြေအနေမှာ ကျွန်တော်တို့ လူသားတွေဟာ ဘုရားသခင်ရဲ့ အမိန့်တော်အတိုင်း လိုက်နာနေကြရဲ့လားဆိုတာကို ဒီဗီဒီယိုလေးထဲမှာ တင်ပြပေးသွားမှာပဲ…

ရဟန်းမင်းကြီးမှဂါနာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ကြေးနန်းစာပေးပို့။

ရဟန်းမင်းကြီးမှဂါနာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ အဆိုပါကြေးနန်းစာပေး ပို့ရခြင်းမှာ ဩဂုတ်လ (၆) ရက်နေ့က စစ်တပ်ရဟပ်ယာဉ်တစ်စီးပျက်ကျခဲ့ရာလိုက်ပါသွားကြသူအားလုံးအ သက် ဆုံးရှုံးခဲ့ကြသည်။ ရဟပ်ယာဉ်ပေါ်၌လေယာဉ်မှူး (၃) ဦး၊ ခရီးသည် (၅) ဦးလိုက်ပါသွားခဲ့ကြောင်းသိရ သည်။ အဆိုပါလေယာဉ်သည် တရားမ၀င်မိုင်းတူးဖော်နေသောလုပ်ငန်းကို စီစစ်ရန် အိုဘူအာစီ (Obuasi) မြို့သို့ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသသည် တောတောင်အလွန်ထူထပ်သည်။ ရဟန်းမင်းကြီး၏ကြေးနန်းစာကို ဩဂုတ်လ (၇) ရက်နေ့ကပေးပို့ခဲ့သည်။ ကြေးနန်းစာထဲ၌ ရဟန်းမင်း ကြီးအနေဖြင့် လေယာဉ်ပျက်ကျမှု၌အသက်ဆုံးရှုံးခဲ့သောသူတို့အတွက်အထူးသတိရဆုတောင်း ပေး မည်ဖြစ်ကြောင်း၊ ထို့အတူ ပူဆွေးငိုကြွေးနေကြမည့်၄င်းတို့၏မိသားစု၊ ဆွေမျိုးသားချင်း၊ လုပ်ဖော် ဆောင်ဖက်များအတွက်လည်းဘုရားသခင်၏နှစ်သိမ့်ခြင်း ကောင်းချီးခံစားရစေရန်…