
မျှော်လင့်စောင့်စားတဲ့ Jubilee




ကာမဲလ်တောင်မယ်တော်အကြောင်းကိုတက်ဆက်ပေးထားပါတယ်။ကာမဲလ်တောင်မယ်တော်ဆိုတာ အစ္စရေးနိုင်ငံမှာရှိတဲ့ မြေထဲပင်လယ်ကိုမျက်နှာမူထားတဲ့ လှပတဲ့အငူစွန်းမှာရှိတဲ့ ကာမဲလ်လိုက်ရသေ့ကျောင်းနဲ့ရသေ့တွေကိုစောင့်ရှောက်တဲ့မယ်တော်ဖြစ်ပါတယ်။ဘီစီ ၈၅၀ ပရောဖက်ဧလိယလက်ထက်ကနေစပြီး ကာမဲလ်တောင်ဟာသန့်ရှင်းတော်နေရာ ဘုရားသခင်အပေါ်လူတို့သစ္စာရှိသည့်အမှတ်လက္ခဏာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာပဲ ပရောဖက်ဧလိယဟာ ဘားဘုရားအပေါ်မှာ ထာဝရဘုရားသခင်ရဲ့တန်ခိုးအာဏာဆက်ရှိကြောင်းကို အီစရာအဲလ်လူမျိုးတွေကို စုဝေးစေပြီးပြသခဲ့တဲ့နေရာလဲဖြစ်ပါတယ်။သက္ကရာဇ်၁၁၅၀ခုနှစ်မှာ သံပရက်ထုဟာ ဘုရားမယ်တော်ရဲ့ကူညီစောင့်ရှောက်ခြင်းအောက်မှာ ကာမဲလ်လိုက်ဂိုဏ်းကိုတည်ထောင်ခဲ့ပါတယ်။ဆင်းရဲခြင်းပါရမီနဲ့ အစာရှောင်ခြင်း ဆိတ်ငြိမ်ခြင်း စတဲ့ တင်းကျပ်တဲ့ဉပဒေတွေကိုပြဌာန်းခဲ့ပါတယ်။ခရူးစိတ်စစ်ပွဲပြီးဆုံးပြီးတဲ့နောက်ပိုင်းမှာ သံစီမွန်စတော့ဟာ တမန်တော်လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့နေရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ရန်အတွက် ကာမဲလ်လိုက်ဂိုဏ်းကို တောင်းရမ်းစားတဲ့ ရဟန်းဂိုဏ်းအဖြစ်သို့ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ပါတယ်။ကာမဲလ်တောင်စကာပြူလာကိုကြည်ညိုသဒ္ဒါပွားခြင်းဟာ မယ်တော်ပေးခဲ့တဲ့ဗျာဒိတ်တော်အပေါ်မှာ အခြေခံလျှက်ရှိပါတယ်။၁၂၅၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ မွန်မြတ်သောမယ်တော်ဟာ အင်္ဂလန်နိုင်ငံ ကန်းဘိတ်မှာရှိတဲ့ ကာမဲလ်လိုက်ဂိုဏ်းရဲ့အကြီးအကဲဖြစ်တဲ့ သံစီယန်စတော့ကို ထင်ရှားပြခဲ့ပါတယ်။မယ်တော်ဟာသူ့ကိုအညိုရောင်စကာပြူလာကိုပေးအပ်ခဲ့ပြီးဒီစကာပြူလာကိုဝတ်ဆင်တဲ့သူတိုင်းဟာအထူးစောင့်ရှောက်ခြင်းခံရသည်သာမကပဲ…


အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းကို ဒီတပတ်မှာတော့ နွေရာသီ ရဟန်းမင်းကြီးအနားယူနေသော Castel Gandalfo မှာပြုလုပ်ခဲ့ပါသည်။ လွတ်လပ်ရေးရင်ပြင်တွင် ရဟန်းမင်းကြီးနှင့်အတူ နေ့ခင်းမေတ္တာရွတ်ဆိုရန် ရောမမြို့အနီးတောင်ပေါ်ဒေသမှ ဘုရားဖူးသူတော်စင်များနှင့် စုရုံးရောက်ရှိနေသော လူထုပရိသတ်ကြီးအား ရဟန်းမင်းကြီးလီယို ၁၄ က ဧဝံဂေလိကျမ်းပိုဒ် “အရှင်ဘုရား ထာဝရအသက်ကိုအမွေခံရဖို့ ဘာလုပ်ရမလဲ” ဆိုသည့် ကျမ်း ပိုဒ်လေးကိုခြေခံပြီး လူထုပရိသတ်အားဟောကြားခဲ့ပါသည်။ ရဟန်းမင်းကြီးလီယို့က ဒီမေးခွန်းထဲမှာ ဒီလူရဲ့နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သေခြင်း၊မကောင်းမှု နှင့် ကျရှုံးခြင်း မှ လွတ်မြောက်ပြီးထာဝရတည်ရှိခြင်း ဆိုသည့်ရလိုသည့် အလိုဆန္ဒတစ်ခုကို…


အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… “တိုးတက်ဖွံ့ဖြိုးနေတဲ့ လူဦးရေအခြေအနေနဲ့ မြေအသုံးချမှုပုံစံများ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကမ္ဘာကြီးဟာ အရင်ကထက် ပိုပြီး တိုးတက်ပြောင်းလဲလာနေတာကို ကျွန်ုပ်တို့ကိုယ်တိုင် ကြုံတွေ့နေရပါတယ်။ ထိုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အတူ ကျွန်ုပ်တို့ လူသားတွေရဲ့ နေထိုင်မှုဘဝဟာလည်း ပိုမိုပြီး ထူထပ်လာပါတယ်။ ကျွန်ုပ်တို့ ဖွံ့ဖြိုးတိုးတက်ပြီးသား မြို့ကြီးတွေမှာ ဆိုရင် လူဦးရေတစ်ဖြည်းဖြည်း မြင့်တကျဆင်းလာပြီး ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ ဆိုရင် လူဦးရေ တိုးတက်မှုဟာ အမြဲရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီလို လူဦးရေ တိုးတက်လာမှုနဲ့အတူ လူသားတို့ရဲ့ မြေအသုံးချမှုဟာ ပိုမိုများပြားလာခဲ့ပါတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ မြေတွေကို…

Daily Reflection Matt 10:24-33 12 July 2025ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၁၀: ၂၈-၂၉ မှာ ကိုခန္ဓာကိုယ်ကို သတ်ပြီး ဝိညာဉ်ကိုမသတ်နိုင်သောသူကို မကြောက်ကြနှင့် ငရဲ၌ဝိညာဥ် နှင့် ခန္ဓာနှစ်ခုလုံးကို ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကျလော။ဒီကျမ်းချက်ကလေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်ကြပါစို့။ ဒီကျမ်းချက်က သခင်ခရစ်တော်သူ့ရဲ့နောက်လိုက်တွေအားလုံးကို တိုက်ရိုက်သတိပေးထားတဲ့စကားဖြစ်တယ်။ သခင်ခရစ်တော်ရဲ့သတိပေးချက်ထဲမှာ သေချာထောက်ရှုကြည့်ရင် နောင်ဘဝဆိုတဲ့အချက်လည်းပါတယ်။ ထာဝရပျော်ရွှင်ခြင်းနဲ့၊ ထာဝရငရဲအပြစ်ဒဏ်ပေးခံရခြင်းဆိုတဲ့အချက်တွေလည်းပါတယ်။ ဘုရားရှင်တစ်ဦးသာလျှင် လူတို့၏ဝိညာဉ်ကိုပိုင်ဆိုင်သော တန်ခိုးတော်ရှင်ဖြစ်တယ်။ ဘုရားရှင်သာလျှင် ဝိညာဉ်ရောခန္ဓာကိုယ်နှစ်ခုလုံးကိုပါ ဖျက်ဆီးနိုင်သူဖြစ်တယ်။ သာသနာပြုလုပ်ငန်းလုပ်ဆောင်ကြသူတွေ အထူးသဖြင့်ကက်သလစ် ခရစ်ယာန်တွေ သခင်ခရစ်တော်အကြောင်းဟောကြားကြတဲ့အခါ၊…