rvamyanmar

rvamyanmar

မန္တလေးကက်သလစ်သာသနာလုံးဆိုင်ရာ လူငယ်များ၏ဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ သာသနာလုံးဆိုင်ရာ လူငယ်များ၏ ဂျူဘီလီပွဲကို မန္တလေးသာသနာ၊ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ဘုရားကျောင်း၌ (၂-၃၊၈၊၂၀၂၅) နှစ်ရက်သာ ကျင်းပခဲ့ပါသည်။ ဂျူဘီလီမစ္ဆားတရားမစခင် မနက်ပိုင်း တွင် အနယ်နယ်အရပ်ရပ်မှ လာသော လူငယ်များအား ဂျူဘီလီပွဲ ကျင်းပရာ ခန်းမဆောင်၌ စုပြီး မန္တလေးသာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် ဒါရိုက်တာ Fr. Alphonse Aung Ko Latt မှ ရောက်ရှိလာသော လူငယ်များအား ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါ သည်။ ထိုနောက် စလေးရှင်းဂိုဏ်းမှ Sr.Cynthimar Sylvie (FMA) မှ လူငယ်များအား…

ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူခြင်းနှင့် ခရစ္စမားအားပေးခြင်းစက္ကရမင်တူးခံယူးခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်ဂျွန်း သာသနာစီရင်စု၌ ပထမကိုယ် တော်မြတ်နှင့် ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ခံယူခြင်းမစ္ဆားတရားတော်မြတ်ကို (၃၊၈၊၂၀၂၅) တနင်္ဂနွေနေ့ နံနက် ၈:ဝဝ အချိန်တွင် စိန့်ဂျွန်းဘုရားကျောင်း၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ ပါသည်။ ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူသူ ၂၉ ယောက်နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူသူ ၂၈ ယောက် စုစုပေါင်း ကလေးသူငယ် ၅၇ ယောက်သည် ဆရာတော်ကြီး မာကုဦးတင်ဝင်းလက်တော်မှ ပထမကိုယ်တော်မြတ် နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ကိုခံယူရရှိခဲ့ပါသည်။ မစ္ဆားတရားတွင်…

ကိုယ်နဲ့ မဆိုင်သလို ပဲနေတော့ မှာလား ?

အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “မဆိုင်သလို မနေပါနဲ့” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားကိုတော့ လူတိုင်းသတိပြုမိကြမှာပါ၊ သတိမပြုလို့လည်း မရပါဘူး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ ထိုသဘာဝတရားကြီးရဲ့ ဖောက်ပြန်မှုကို ကြုံတွေ့နေကြရလို့ပါပဲ။ ကျွန်တော်တို့တွေက ထိုသဘာဝတရားရဲ့ ဖောက်ပြန်မှုကို ဘယ်သူမှ မခံစားခြင်ကြတာတော့ အမှန်ပါ။ သို့သော် ထိုအရာကို ပြန်လည်ကောင်းမွန်အောင်၊ ပို၍မဆိုးလာဖို့ ထိန်းသိမ်းမယ့်နည်းလမ်းတွေကို လေ့လာတဲ့လူတွေဟာ အလွန်ကိုရှားပါတယ်။ လူအများစုဟာ ထိုသဘာဝတရားဆိုတဲ့အရာကို ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြပါတယ်။ ထိုကြောင့် ဒီဗီဒီယိုလေးထဲမှာ “ကိုယ်နဲ့မသက်ဆိုင်ဘူး” လို့ထင်တဲ့သူတွေကို ပြန်လည်သတိပေးရင်း သဘာဝတရား၏…

ပြောရခက်သော စကားသုံးခွန်း

ဘဝမှာ ပြောဖို့ရာ အခက်ခဲဆုံး စကားလုံးသုံးလုံးက ဘာများဖြစ်မလဲလို့ တွေးမိကြဖူးလား..။ အများစုက “I love you” (ငါချစ်တယ်) လို့ ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ လူတစ်ယောက်ဘဝမှာ ပြောဖို့ အခက်ခဲဆုံး စကားလုံးသုံးလုံးက “I was wrong” (ငါမှားတယ်) ဆိုတာပါ။လူတိုင်းလိုလို ကိုယ့်အမှားကို ဝန်ခံရတာ ခက်ခဲကြပါတယ်။ အထူးသဖြင့် စကားနိုင်လုတွေ၊ ငြင်းခုန်တာတွေမှာ ကိုယ်ဘက်က မမှန်ဘူးဆိုတာ သိသိချင်း ဝန်ခံနိုင်ဖို့. အတော့်ကို မလွယ်တာပါ။ ကိုယ့်အမှားကို ဝန်ခံလိုက်တာနဲ့ “ငါရှုံးသွားပြီ” ဆိုတဲ့ခံစားချက်၊…