
ရဟန်းမင်းကြီးလီယို (၁၄) ယူကရိန်းသမ္မတအားလက်ခံတွေ့ဆုံခဲ့။
ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်သည်မှစ၍ယူက ရိန်းသမ္မတနှင့် တွေ့ဆုံခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၃) ကြိမ်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ယူကရိန်း သမ္မတအား ‘ကစတယ်ဂန်ဒေါလ်ဖို’ ကျောင်းတိုက်၌လက်ခံတွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးကငြိမ်း ချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလက်ကိုင်၍ထမ်မံတိုက်တွန်းခဲ့သည်။ ၄င်းအပြင် စစ်ပွဲ၌ ဖမ်းဆီးခံရသောအကျဉ်းသားများအရေးနှင့်ယူကရိန်း ကလေးများအားမိသားစုနှင့် အမြန်ဆုံး ပြန် လည်အပ်နှံပေးရေး၊ သံခင်းတမန်ခင်းနည်းလမ်းများအားဖြင့်တရားမျှတခြင်းနှင့် အဓွန့် ရှည်တည်တံ့ သောငြိမ်းချမ်းရေး ကိုတည်ဆောက်ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းသမ္မတသည် လွန်ခဲ့ သော (၅) လခန့် ကလည်းယခုတစ်ကြိမ် တွေ့ဆုံသောနေရာ၌ပင်ရဟန်းမင်းကြီးလီယို (၁၄) နှင့်သီးသန့် တွေ့ဆုံခဲ့ပြီး ယခုဆွေးနွေးသောအကြောင်း အရာများကိုဆွေးနွေးပြောဆိုခဲ့ဖူးသည်။ ရဟန်းမင်းကြီးအမှု…








