ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ် ရေး မှာ တာဝန်ထန်း ဆောင်ကြ ရမည့် ဗာတီကန် အရာရှိများ၊ ရုံးဝန်ထန်းများ သတင်းပါက်ကြားမှု့မရှိ စေရေး ကျမ်းသစ္စာကျိန်ဆို။

ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်ရေးမှာ တာဝန်ထမ်းဆောင်ကြရမည့် ဗာတီကန်အရာရှိများ၊ ရုံးဝန်ထမ်းများ သတင်းပေါက်ကြားမှု့မရှိစေရေး ကျမ်းသစ္စာကျိန်ဆို။ အာဗီအေမြန်မာ၊ ၆၊၅၊၂၀၂၅။ မေလ၊၇၊၂၀၂၅ နေ့တွင် ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရေးမှာ တာဝန်ထမ်းဆောင်ကြရမည့် ဗာတီကန်အရာရှိများ၊ ရုံးဝန်ထမ်းများသည် ပုပ်ရဟန်းမင်းကြီးအသစ်ကိုရွေးကောက်တင်မြှောက်ရန်လုပ်ငန်းစဉ်၏သမာဓိကို ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ၎င်းအခမ်းအနားကို တနင်္လာနေ့မေလ၅ရက်နေ့ ည နေ၅:၃၀နာရီတွင် ရဟန်းမင်းကြီး နန်းတော်ရှိ Apostolic Palace, Pauline Chapel ဘုရားဝတ်ပြုဆောင်တွင် ပုပ်ရဟန်းမင်းကြီး John Paul II ပြဌာန်းခဲ့သည့်ဥပဒေအတိုင်း ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုခဲ့ကြပါသည်။ ရဟန်းမင်းအမတ်များအဖွဲ့၏ လက်ထောက်တာဝန်ခံမှ အစ၊ ဘာသာပြန်ပေးသူ၊…