
ဖာသာရ် Stephen Ah Chu(ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာ) ပါစကားကာလတတိယသီတင်းပတ် တနင်္လာနေ့ဩဝါဒ ၅၊ ၅၊ ၂၀၂၅







၃၀.၄.၂၀၂၅ရှင် ယောဟန် ခရစ်ဝင်ကျမ်း ၃:၁၆-၂၁ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန် ခရစ်ဝင်ကျမ်းစာမှာ အဖခမည်းတော်ဘုရားဟာ သူဖန်ဆင်းထားသော လောကသတ္တဝါအားလုံးကို အလွန်ချစ်မြတ်နိုးတော်မူသောကြောင့် သူ၏တပါးတည်းသောသားတော်ကို ဤကမ္ဘာလောကသို့စေလွှတ်ခဲ့ပါသည်။ သူ၏တစ်ပါးတည်းသောသားတော်ကို ယုံကြည်သောသူတို့သည် ပျက်စီးခြင်းသို့မရောက်ရထာဝရအသစ်ကိုရလိမ့်မည် ဆိုသောကျမ်းချက်ကိုကျွန်ုပ်တို့ကြားနာခဲ့ရတယ်။ ကျနော်တို့နေ့စဉ်အသက်တာမှာ ဘုရားရှိခိုးခြင်း ဆုတောင်းခြင်း ဝေမျှပေးကမ်းခြင်းသည်၊ ဂရုဏာရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ဘာသာတရားသွန်သင်ချက်ပါရမီများကို နေ့စဉ်နှစ်အမျှလိုက်ကျင့်ခြင်းတွေဟာ၊ ဒီကနေ့ကျွမ်းကျင်မှာ ဘုရားသခင်ကတိပေးထားသော ထာဝရအသက်ကိုရရှိဖို့ဆိုတာကို ကျနော်တို့ဘဝနဲ့သက်သေခံခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့်ကျွန်တော်တို့ယုံကြည်သူတွေ အတွက် ကြီးမားသောမျှော်လင့်ချက်ကိုဖြစ်စေပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်ကတိပေးထားသော ထာဝရအသက်ကို ရရှိဖို့ သားတော်ဘုရားအပေါ်မှာအပြည့်အဝယုံကြည်ခြင်းရှိရပါမယ်။။ ဘုရားရှင်၏တစ်ပါးတည်းသောသားတော်ကိုမယုံကြည်သောသူတို့သည်စီရင်ခြင်းခံကြရလိမ့်မည်။ယုံကြည်သောသူတို့မူကာစီရင်ခြင်းမခံရကြ၊ ဒီကျမ်းချက်နဲ့ပတ်သက်ပြီး အမြင်မတူသူတွေအများကြားတွင်မကြာခဏအငြင်းပွားကြပါသည်။ ကျနော်တို့ယုံကြည်သူများအနေဖြင့် သခင်ခရစ်တော်သည်ဘုရားဖြစ်သည်။…

သစ္စာသုံးပါးခံသူတော်စင်(CRMDY) မှ စစ်ကိုင်းမြို့ တွင်းရှိ ငလျင်ဒဏ်ခံစားနေရသူများကို ငွေသားနှင့် အခြားပစ္စည်းများ လှူဒါန်း။ အာဗီအေမြန်မာ၊ ၊ ၂၉၊၄၊၂၀၂၅။ မန္တလေးကက်သလစ်သာသနာအတွင်းရှိ သစ္စာသုံးပါးခံသူတော်စင်အဖွဲ့ ( CRMDY ) မှ ဦးဆောင်ပြီး ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များလှူဒါန်းထားသော လှူဖွယ်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ ၊ ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ကြာဇံ၊ကုလားပဲ၊ခြင်ထောင်၊ဖျာ၊ဆိုလာမီးလုံးနှင့် တစ်အိမ်ထောင်လျှင် ငွေသား (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု ၁၅၀ ကို စစ်ကိုင်းမြို့တွင်းရှိ ငလျင်ဒဏ်ခံစားနေရသူများအား (၂၈.၄.၂၀၂၅) နေ့ သွားရောက်လှူဒါန်းခဲ့ပါသည်။…


