
အကူအညီနဲ့ ပံ့ပိုးမှု

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ….. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး။အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်။ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ အများကြီးထဲကနေ နည်းနည်းလေးကို ရွေးချယ်လိုက်ပါတယ်။အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြားနေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ။အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ စတင်ပါတော့တယ်။ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး။ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ။ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင် ဖြစ်လာပါတယ်။ပျားဘုရင်မကို…






