
(ဖန်ဆင်းခြင်း) လူတိုင်းလူတိုင်းသည် ရှာပုံတော်သုံးမျိုးထွက်နေကြတယ်။





“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ကျွန်ုပ်တို့ရဲ့ ရေကမ္ဘာ‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ‘ရေဂြိုဟ်ကြီး’ လို့ ခေါ်ဆိုကြပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ ၇၀% လောက်က ရေထုနဲ့ ဖုံးလွမ်းထားလို့ပဲ ဖြစ်ပါတယ်။ ဒီရေထု သမုဒ္ဒရာကြီး မရှိရင် ကျွန်တော်တို့ လူသားတွေအပါအဝင် သက်ရှိများအားလုံး၊ သစ်ပင်တွေကအစ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့ လူသားတွေဟာ အလွန်တန်ဖိုးရှိပြီး အရေးပါတဲ့ ဒီရေထုကို ဘယ်လို အသုံးပြုပြီး ဘယ်လိုမျိုး…


(ဖန်ဆင်းခြင်း) ဖန်ဆင်းခံအရာသတ္တဝါအားလုံးသည် သဘာဝတရားကြီးက စတင်ဖြစ်ပေါ်လာနိုင်သလား။ တင်ဆက်သူ- Rev.Fr.Dominic Ju Du တည်းဖြတ်-Paul #အသီးတစ်ရာအညှာတစ်ခု#Interfaith#rvamyanmar#tripledialogue
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းမှာ သခင်ခရစ်တော်သည် သစ္စာ ဖောက်ခံ ငြင်းပယ်ခံ ဒုက္ခမျိုးစုံခံပြီးကားတိုင်တင်ခံနေရချိန်မှာတောင်မှ ချစ်ပြခဲ့တယ် သူ့ရဲ့နောက်ဆုံး စကား သည် ညည်းညူနာကျင်တဲ့စကားမဟုတ်ခဲ့ဘူး မေတ္တာပြခဲ့တဲ့စကားတွေသာဖြစ်တယ်။ စွန့်ပစ်ခံရတယ်လို့ခံစားရချိန်၊ နားလည်မှုတွေကိုမပေးကြဘူးလို့ခံစားနေရတဲ့အချိန်တွေမှာ ဘုရားရှင် ထံ မှခွင့်လွှတ်နိုင်သောကျေးဇူးတော်ကိုတောင်းခံကြပါ။ ရောမမြို့ရဲ့ ပြင်းထန်တဲ့အပူချိန်ကြောင့် ဘုရားဖူးသူတော်စင်များနဲ့တွေ့ဆုံခြင်းအမှုကို Pope Paul the VI ခန်းမမှာပြုလုပ်ခဲ့ပါသည်။ ခန်းမ မဆံ့သောကြောင့်အပြင်မှာ ရောက်ရှိနေကြသောဘုရားဖူး သူတော်စင် များကိုလည်း ရဟန်းမင်းကြီးမှနှုတ်ဆက်ခဲ့ပါသည်။ ဘုရားရှင်၏ခွင့်လွှတ်နေသောချစ်ခြင်းမေတ္တာ။ ဂျူဘီလီနှစ်၏ခေါင်းစဉ်ဖြစ်သည့် ခရစ်တော်သည်ကျွန်ုပ်တွေမျှော်လင့်ခြင်းကိုအခြေခံပြီး အပတ်စဉ် ဘာသာတရားသွန်သင်ခြင်းအမှုကို သခင်ခရစ်တော်၏ ဒုက္ခခံခြင်း၊…


မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်၊ အင်းယားကျေးရွာ၌ တည်ရှိ သော ခရစ်ယာန် တရားထိုင်ခြင်း လမ်းစဉ်ကို ကျင့်ကြံသည့် Benedictine ရသေ့အသင်းဂိုဏ်းကို စတင်တည်ထောင်သူ သူတော်စင် ဘားနတ် တိုလိုမီ၏ ပွဲနေ့မစ္ဆားတရားတော် မြတ်ကို (၁၉.၈.၂၀၂၅) နံနက် ၁၀:၃၀ တွင် ဆရာ တော်ကြီး မာကုဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဤကျောင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသောခရစ်ယာန် တရားထိုင်ခြင်း သာသနာပြု ရသေ့ကျောင်းဖြစ်ပါသည်။ မန္တလေးသာသနာမှာ ရသေ့အသင်းဂိုဏ်းရောက်ရှိလာပုံကို ဆရာတော်ကြီး မာကုဦးတင်ဝင်း ပြောကြား ရာမှာ “ဒီအင်းယားကျေးရွာမှာ ရသေ့ဘုန်းတော်ကြီးကျောင်းဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတော့ ၂၀၁၃…