
ဖာသာရ် Peter Yan Naung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၁)ကြိမ်မြောက်သာမန်ကာလ သောကြာနေ့ဩဝါဒ ၂၉၊ ၈၊ ၂၀၂၅


ပြီးခဲ့သည့် သြဂုတ်လ၂၇ရက်နေ့ မနက် ၈:၃၀ နာရီခန့်က အမေရိကန် နိုင်ငံ Minnesota ပြည်နယ် Minneapolis မြို့ရှိ Annunciation ကက်သလစ် ဘုရားကျာင်းနှင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဘုရားကျောင်းတွင် စာသင်ကျောင်းများပြန်ဖွင့်ခြင်းအတွက် ဘုရားဝတ်ပြုခြင်းနဲ့စတင်ဖို့ ရောက်ရှိစုရုံးနေကြသော မူကြိုမှအလယ်တန်းထိ ကလေးသူငယ်ကျောင်းသူကျောင်းသားများ နှင့် ဘာသာဝင်များကို ဘုရားကျောင်း ပြတင်းပေါက်မှ သေနတ်သမားတစ်ဦးက ပြစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်နှင့် ၁၀ နှစ် အရွယ်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၁၇ဦးဒဏ်ရာရခဲ့ကြောင်း၊ ထိုဒဏ်ရာရသူများထဲ တွင်ကလေး ငယ် ၁၄ ဦးပါဝင်ကြောင်း၊ ကလေးငယ်…

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသွန်သင်ခြင်းအမှုမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က မျှော်လင့်ခြင်းဂျူဗလီနှစ် အကြောင်းကို ခြေခံပြီး ဂျက်စေမာနီ ဥယျာဉ်အတွင်းမှာ သခင်ခရစ်တော် ဖမ်းဆီးခံရချိန် မတရားမှု၊ ကြောက်ရွံမှု၊ အထီးကျန်ဆန်မှုနှင့် ဘုရားတည်ရှိနေခြင်း စသည့်ခံစားရသည့်အကြောင်းများကိုထောက်ရှု့ ဝေမျှခဲ့ပါ သည်။ ဧဝံဂေလိကျမ်းရေးပုဂ္ဂိုလ် ယောဟန်က သခင်ခရစ်တော်ကိုလာရောက်ဖမ်းဆီးချိန်တွင် ကြောက်ရွံ့နေသူတစ်ယောက်၊ ထွက်ပြေးတိန်းရှောင်ဖို့ကြိုးစားသူတစ်ယောက်ဖြစ်မဖော်ပြခဲ့ဖူး။ ထိုအစားမေတ္တာတရား၏ အမြင့်ဆုံးသောအချိန်ကိုဖော်ပြရမည့် လွတ်လပ်သောလူတစ်ယောက်ကဲ့သို့ သူ၏ အချိန်နာရီကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။ ဖမ်းဆီးခံရခြင်း၏သားကောင်မဟုတ် ပေးဆပ်သူသာဖြစ်တယ် ဒီအချိန်နာရီမှာသူဘာဖြစ်မယ်ဆိုတာကိုသခင်ခရစ်တော်သိခဲ့တယ်။ ဒီအချိန်နာရီကိုသူ ရဲရဲရင့်ရင့် ရင် ဆိုင်တယ်၊ ကြောက်ရွံ့ခြင်းနောက်ဆုတ်ခြင်းမရှိ၊ သူ့ကိုယ်သူဖမ်းဆီးသူတွေရဲ့လက်ကိုအပ်နှံခဲ့တယ်။ ခုခံနိုင်စွမ်းမရှိလို့၊…

ဒီနေ့မှာ ‘‘အဖေ့ကြောင့်’’ဆိုတဲ့ ဖခင်မေတ္တာအကြောင်းကို ကျွန်မဖတ်ဖူးတဲ့ စာစုလေးကနေ တဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။ စာမူရှင်ရေးသားထားတဲ့အတိုင်း တင်ပြပေးသွားပါ့မယ် သားတစ်ယောက်က သူ့ဖခင်ကို မကျေနပ်ခဲ့ဘူး။ သူ့ဖခင်အိမ်မှာ နေထိုင်ရတာကို သူမနှစ်သက်ခဲ့ဘူး၊ အဓိကကတော့ အဆက်မပြတ်ပြောဆို နေတဲံ အဖေ့ကြောင့်ပါ။ ‘‘အခန်းကထွက်ရင် ပန်ကာပိတ်ထားလေ’’ ‘‘ဧည့်ခန်းမှာ တီဗီဖွင့်ထားပြီး ဘယ်သူမှ မကြည့်ဘူးဘာလို့ မပိတ်တာတုန်း’’ ‘‘တံခါးကို သေသေချာချာပိတ်ပါ’’ ‘‘ရေအလဟဿမဖြုန်းနဲ့’’ သူ့ဖခင်က ဒီလိုအသေးအမွှားအရာတွေနဲ့ သူ့ကို အနှောင့်အယှက်ပေးနေတာကို…

၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်ခေါင်းစဉ်အဖြစ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိပါစေ” လက်နက်ဖျက်သိမ်းရေးနှင့်လက်နက် ဖျက်သိမ်းသောငြိမ်းချမ်းရေးဆီသို့ ဦးတည်ချက်ဖြင့် ဗာတီကန် စာပုံနှိပ်တိုက်မှ “ငြိမ်းချမ်းပါစေ” ဟူသောစာအုပ်တစ်အုပ်ကိုဩဂုတ် ၂၆ ရက် ၂၀၂၅ နေက ထုတ်ဝေ ခဲ့ပါ သည်။ ဗာတီကနိုင်ငံ ရဟန်းမင်းကြီးရုံးတော် အပြည့်အဝလူမှုဖွံ့ဖြိုးရေးဌာနမှ ၂၀၂၆ခုနှစ်ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အတွက် ပုပ်ရဟန်းမင်းကြီးလီယို ၁၄ ရွေးချယ်ထားသောခေါင်းစဉ်နှင့်အတူ အသေးစိတ်အချက်အလက် များကို ဩဂုတ် ၂၆ ရက် ၂၀၂၅ အင်္ဂါနေက ထုတ်ဝေခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက်ရည်ရွယ်ထားသော အမိ…


ရဟန်းမင်းကြီးလီယို (၁၄) သည် ဩဂုတ်လ (၂၃) စနေနေ့က ရောမမြို့ရှိ၊ ၄င်းတို့အသင်း ၏မိခင်ကျောင်း တိုက်ကြီး၌အစည်းအဝေးပြုလုပ်နေကြသော သီလရှင်အသင်း (၄) သင်းတို့အားလက် ခံတွေ့ဆုံခဲ့သည်။ ထိုသီလရှင်အသင်းများမှာ (၁) နာဇာရက်သာသနာပြုသီလရှင်အသင်း၊ (၂) နာဇာရက်အ သင်း၏သမီး များအသင်း၊ (၃) သန့်ရှင်းသောအိမ်ထောင်စု၏တမန်တော်များ၊ (၄) ကရုဏာရှင်မာရိယာ၏သီ လရှင် အသင်းတို့ဖြစ်ကြသည်။ ဤကရုဏာရှင်မာရိယာ၏သီလရှင်အသင်းကို ‘ကောင်းသောအကြံပေးတတ် သောသီလရှင်အသင်း’ ဟုလည်းခေါ်သည်။ အသင်း (၄) သင်းမှသီလရှင်များနှင့်တွေ့ဆုံစဉ်ရဟန်းမင်းကြီးက သူတော်စင်အသက်တာသည် သက် သေခံရန်နှင့်မျှော်လင့်ခြင်းကိုဟောပြောရန်ဖိတ်ခေါ်ခံထားရသူသည့် အသက်တာဖြစ်ကြောင်း၊ ၄င်းတို့၏ ဆက်ကပ်ထားသောအသက်တာသည်…
Chagossians (ချာဂိုလူမျိုးစု) လူမျိုးအား Chagos Islanders (သို့) Ilois ဟုလည်းခေါ်ကြ သည်။ ၄င်းတို့ သည် အာဖရိက၊ အိန္ဒိယ၊ မလေးလူမျိုးအနွယ်ဖွားများဖြစ်ကြပြီး၊ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း Chagos Archipelago ဒေသ၌နေထိုင်ကြသောဌာနေတိုင်းရင်းသားများဖြစ်ကြသည်။ (၁၉၆၁) နှောင်းပိုင်း နှင့် (၁၉၇၀) အစောပိုင်း၌ အင်္ဂလိပ်အစိုးရသည် အင်္ဂလန်-အမေရိကန်စစ်စခန်းတည်ဆောက်ရန်အတွက် ဌာ နေတိုင်းရင်းသားများအခြေချနေထိုင်သော archipelago ၏အကြီးဆုံးကျွန်းဖြစ်သည့် Diego Garcia အား အတင်းအဓမ္မဖယ်ရှားသည်ကိုခံခဲ့ရသည်။ ထိုအချိန်မှစ၍ Chagossians ဌာနေတိုင်းရင်းသားများသည် ဒေ သမှထွက်ပြေးတိမ်းရှောင်၍ မောရိသျှ၊ ဗြိတိန်နိုင်ငံများ၌ခိုလှုံနေကြရသည်။…