rvamyanmar

rvamyanmar

ရဟန်းမင်းကြီးလလီယို (၁၄) သည်ဂျေရုဆလင်မှလာတင်းနှင့်ဂရိဩသိုဒေါစ့်ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တို့နှင့် ဂါဇာ ငြိမ်းချမ်းရေးပူးတွဲတောင်းဆို။

 ဂျေရုဆလင်ရှိလာတင်းနှင့်ဂရိဩသိုဒေါ့စ်ခရစ်ယာန်ခေါင်းဆောင်များသည် ပြီးခဲ့သောဩ ဂုတ်လ (၂၆) ရက်နေ့က ‘ဂါဇာ’ဒေသငြိမ်းချမ်းရေးအတွက်ပူးတွဲကြေညာတောင်းခဲ့သည်။ မည်သို့သော်အကြောင်း ပြချက်မျိုးဖြင့်ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိအစုလိုက်အပြုံလိုက်၄င်းတို့၏နေ ရာ ဒေသမှ နေရာပြောင်းရွှေ့ခြင်းကိုမပြုနိုင်ကြောင်းကြေညာကန့်ကွက်ခဲ့သည်။ ထိုကြေညာချက်ကိုအားပေးထောက်ခံသည့်အနေဖြင့် ရဟန်းမင်းကြီးလီယို (၁၄)လည်း ဩဂုတ်လ (၂၂)၊ သောကြာနေ့အား ငြိမ်းချမ်းရေးအတွက်ဆုတောင်း၊ ၀ါရှောင်ရန်ကြေညာတိုက်တွန်းရင်းစစ်ပွဲ၌ ပါ၀င်နေ သောအဖွဲ့များနှင့်နိုင်ငံတကာအဖွဲ့အစည်းများအား ‘သန့်ရှင်းသောမြေ’ (Holy Land) ၌ ဖြစ်ပွားနေ သော ပဋိပက္ခများကိုနိဂုံးသို့အမြန်ဆုံးပို့ကြရန်၊ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်မှုများ၊ ပျက်စီးမှု များ၊ သေကြေမှုများတိုးမြှင့်လာနေ၍ရပ်တန့်ကရပ်ကြရန်၊ လူသားချင်းစာနာထောက်ထားသောအကူအညီ များကိုစစ်ဇုံဖြစ်သောဂါဇာသို့ပို့ခွင့်ပြုရန်၊ ပြည်သူများ၏အသက်အိုးအိမ်ကိုကာကွယ်ရန်လေးနက်စွာပန် ကြားလိုက်ကြောင်းဖြင့်မိန့်ကြားထားသည်။

ရဟန်းမင်းကြီးလီယို (၁၄)၏ အောက်တိုဘာလလုပ်ဆောင်မည့် အစီအစဉ်များတရား၀င်အသိပေးလာ။

ကာဒီနယ် Robert Francis Prevost (ရောဘက်ဖရန်စစ်ပရီဗို့စ်) သည် ရဟန်းမင်းကြီးလီယို (၁၄) အဖြစ်အမှုတော်စတင်ထမ်းဆောင်လာခဲ့သည်မှာယခုဆိုလျှင် (၄) လကျော်လာပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ဤကာလအတွင်းအီတလီနိုင်ငံအတွင်း၌သာသီတင်းသုံး၍နိုင်ငံတကာမှဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်များ၊အသင်းအဖွဲ့များအား လက်ခံတွေ့ဆုံခြင်းကိုသာပြုလုပ်နေခဲ့သည်။ ယခုနှစ်သည်လည်း ဂျူဘီလီနှစ်ဖြစ်သည့်အားလျာ်စွာ (၂၀၂၄၊ ဒီဇင်ဘာ ၂၄)မှသည် (၂၀၂၆၊ ဇန္န၀ါရီ ၆)ရက်နေ့အထိရေးဆွဲထားသောအစီအစဉ်များကိုဦးဆောင်နေရသည်။ လာမည့်အောက်တိုဘာလ၌ ရဟန်းမင်းကြီး မည်သည့်အစီအစဉ်များဖော်ဆောင်သွားမည်ကို တရား၀င် အသိပေးလာပါသည်။ အသိပေးထားသောသတင်းအရ အောက်တိုဘာလသည် ရဟန်းမင်းကြီးအတွက် လွန်စွာအလုပ်များမည့်လဟု စကားဦးပန်ထားပါသည်။ သို့သော် အစီအစဉ်အများပိုင်းမှာဂျူဘီလီနှင့်စပ် လျဉ်းသောအစီအစဉ်များဖြစ်၍ စိန့်ပီတာရင်ပြင်၌ဦးဆောင်ကျင်းပရမည်ဖြစ်သည်။ ၁။ အောက်တိုဘာ…

စိမ်းလန်းဆိုပြေခြင်းဆိုင်ရာ ပညတ်တော် ၁၀ပါး

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘စိမ်းလန်းဆိုပြေခြင်းဆိုင်ရာ ပညတ်တော် ၁၀ပါး’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တိုင်ရေးသားတော်မူသော ‘Laudato Si’ စာအုပ်လေးထဲတွင် ကျွန်ုပ်တို့၏ ဘုံနေအိမ်ဖြစ်တဲ့ ကမ္ဘာကြီးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဘယ်လို ကာကွယ်သင့်သလဲဆိုတာ ဖော်ပြထားပါတယ်။ ဖန်ဆင်းခံလောကကြီးဖြစ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းခံ လူသားတွေဟာ မထင်မရှားနိုင်လောက်အောင် ဖျက်စီးနေမိကြပါတယ်။ ထိုအရာတွေကို ပြန်လည်ပြင်ဆင်ဖို့၊ ပြုပြင်မွမ်းမံဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရေးသားထားတဲ့ စာချွန်တော်ကို ဒီတစ်ပတ် ဒီဗီဒီယိုထဲမှာ တင်ပြလိုက်ပါတယ်။…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၁)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၃၀၊ ၈၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာ‌တေးဦး ဧဝံဂေလိကျမ်းထဲးက ပုံဥပမာထဲးမှာ ခရီးမထွက်မီ မိမိကျွန်တို့ကိုခေါ်၍ သူတို့အရည်အချင်းအလိုက် ပေးခဲ့သောအရှင်သခင်နှင့်တူတယ်။ တစ်ဦးကို ၅ တာလင်၊ တဦးကိုနှစ် တာလင်၊ တဦးကိုတစ် တာလင် ပေးခဲ့ပြီးသူကအဝေးကိုထွက်သွားခဲ့တယ်။၊ သူပြန်လာတဲ့အချိန်မှာ သူ့ရဲ့အစေခံတွေ သူပေးခဲ့တာကိုဘယ်လိုသုံးပြုတယ်ဆိုတာကိုဆန်းစစ်ခဲ့တဲ့အကြောင်းကို၊ တချို့ကကြိုးစားပြီးနှစ်ဆဖြစ်အောင်လုပ်ကိုင်ခဲ့ကြတယ်။ အိုက်ထဲကတစ်ယောက်ကတော့ အဲဒီငွေကိုမြှုပ်နှံထားခဲ့တယ် ဆိုတာကို ကြားခဲ့ရတယ် ။ ဒီကနေ့ဧဝံဂေလိတရားတော်ထဲက ပုံဥပမာလေးက ငွေတစ်ခုထဲကိုပြောတာမဟုတ်ဘူး။ ဘုရားသခင်ကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုပေးထားတဲ့ကျေးဇူးတော်ကိုဆိုလိုခြင်းဖြစ်တယ်။ ဘုရားပေးထားတဲ့အရာတွေကဘာတွေလဲ။ ကျနော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့မိသားစုကျွန်တော်တို့ခွန်အားတို့ရဲ့အသိပညာကျွန်တော်တို့ရဲ့အချိန်တွေ၊ ကျွန်တော်တို့ရဲ့ သေးငယ်တဲ့အရည်အချင်းလေးတွေကအစပါဝင်တယ်။ဘုရားကကျွန်တော်တို့မှာမရှိတဲ့အရာကိုမတောင်းဆိုဘူး။ သူပေးထားပြီးသားအရာကိုပဲ ကျွန်တော်တို့ကိုအသုံးချစေချင်တာ။လောကမှာဘာမှမရှိဘူးလို့။ ပြောလို့ရတဲ့သူတစ်ယောက်မှမရှိဘူး။ ခင်ဗျားမှာအသက်ရှင်ခြင်းရှိသေးတယ်။ အချိန်တွေရှိသေးတယ်။ တကယ်လို့သင့်မှာအရည်အချင်းနည်းနည်းလေးရှိရင်တောင်မှယုံကြည်ခြင်းသည်ချစ်ခြင်းမေတ္တာတွေနဲ့တိုးပွားအောင်လုပ်လို့ရတယ်။။…

တရားထောက်တွေဆိုတာ ဘာသာဝင်တွေကို သန့်ရှင်းမြင့်မြတ်သော မစ္ဆားတရားဆီသို့ ကူညီခေါ် ဆောင်ပေးသူတွေဖြစ်တယ်

ပြင်သစ်နိုင်ငံမှတရားထောက် ကလေးသူငယ်များနှင့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ တွေ့ဆုံခြင်းတွင် ရဟန်းဘုန်းတော်ကြီးများမလောက်ငှခြင်းကြောင့်ဝမ်းနည်းရသော်လည်း၊ တရားထောက်အမှုတော် ဆောင်ကလေးတွေ၏လုပ်ဆောင်ချက်သည် ဘာသာဝင်တွေကို သန့်ရှင်းကြီးမြတ်နက်နဲသော မစ္ဆား တရားဆီသို့ ကူညီခေါ်ဆောင်သူတွေဖြစ်တယ် ဟုချီးကျူးခဲ့ပါသည်။။ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ပြီးခဲ့သောတနင်္လာနေ့က အုပ်ထိန်းသူဘုန်းတော်ကြီးများ ဆရာတော် များနှင့်အတူ ပြင်သစ်နိုင်ငံမှရောမမြို့သို့ဘုရားဖူး ရောက်ရှိလာသည့် တရားထောက်ကလေးသူငယ် အယောက် ၃၆၀ နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုက ဂျူဗလီနှစ်၏သန့်ရှင်းသောတံခါးကိုဖြတ်သန်းခြင်း အခွင့် အရေးသည် ဒီကလေးသူငယ်များ သခင်ခရစ်တော်အား ပိုမိုသစ္စာရှိသောနောက်လိုက်ကောင်းများ ဖြစ် လာစေရန် ဘုရားသခင်ထံပြန်လှည့်လာခြင်းနှင့်သူတို့၏…