ကမ္ဘာလုံးဆိုင်ရာ သာသနာပြု ကလေးသူငယ်များပွဲနေ့ကျင်းပ။

ကမ္ဘာလုံးဆိုင်ရာ သာသနာပြုကလေးသူငယ်များပွဲနေ့ကို (၄.၁.၂၀၂၆) တနင်္ဂနွေနေ့ မင်းသုံးပါးပွဲနေ့၌ ကျိုင်းတုံသာသနာ၊ လွိုင်မွေသာသနာစီရင်စု၌ကျင်းပခဲ့ပါသည်။ သာသနာပြုကလေးသူငယ် များပွဲနေ့ မစ္ဆားတရား၌ ကလေးသူငယ်များသည် ကတိသစ္စာပြန်လည်ရွတ်ဆိုခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။

ထိုနောက် ဂိမ်းကစားခြင်း၊ အဆာပြေကြာဇံဟင်းခါးသုံးဆောင်ခြင်း၊ ညနေ ၃ အချိန်၌ ကိုယ်တော်မြတ် ဖူးခြင်းနှင့် ဂျူဘီလီအလံချခြင်း၊ ဂျူဘီလီအခမ်းအနားရုပ်သိမ်းခြင်းအစီအစဉ်များကို ကျင်းပခဲ့ပါသည်။

ပွဲနေ့ မစ္ဆားတရားအစတွင် အိမ်ထောင်သက် (၂၅) နှစ်နှင့်အထက် စုံတွဲများနှင့် သစ္စာမပျက် တစ်ဦးတည်း ကျန်ရစ်နေသူများအား ဗုံ၊ ပလွေများဖြင့် ခမ်းနားစွာ ဘုရားကျောင်းသို့ ကြိုဆိုခြင်း၊ ခက်ခဲသည့် အချိန် ကာလတစ်လျှောက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုသောအားဖြင့် စုံတွဲများအား ခရူးစဖစ် (Crucifix) ကားတိုင်များ ပေးအပ်ခြင်း၊ ဇာပုဝါ (ဇာတဘက်)များ ဆင် မြန်းပေးခြင်းနှင့် တစ်ဦးတည်း ကျန်ရစ်သူများအား စိပ်ပုတီးများ ပေးအပ်ခြင်း စသည့် ထူးခြားသော အစီအစဉ်များကို ထည့်သွင်း ကျင်း ပခဲ့ပါသည်။

News-By Sr. Su Su Hlaing

#rvamyanmar#LocalNews

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *