
ဘုရားရှင်၏ ကြီးမားသောမေတ္တာတရားသည်လက်ဝါးကား တိုင်ကိုအသက်၏နည်းလမ်းများ အဖြစ် ပြောင်းလဲပေသည်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့နေခင်းမေတ္တာရွတ်ဆိုခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ဒီတပတ်တနင်္ဂနွေနေ့မှာကျရောက်သော ခရစ္စတူးကာတိုင်၏ ပွဲတော်ကိုအခြေခံပြီး ဘုရားရှင်၏ ကြီးမားသော မေတ္တာတရားသည် သေခြင်းတရား၏ အမှတ်လက္ခဏာဖြစ်သည့် လက်ဝါးကားတိုင်ကို အသက်ရှင်ခြင်းနည်းလမ်းများအဖြစ် ပြောင်းလဲပေးကြောင်း ဘုရားဖူးသူတော်စင်များအား ဝေမျှခဲ့ပါ သည်။ ရဟန်းမင်းကြီးက သူ၏ထောက်ရှုချက်ဝေမျှခြင်းအား မေးခွန်းတစ်ခုဖြင့်စတင်ခဲ့ပါသည်။ သ န့်ရှင်းသော ခရစ္စတူးကာတိုင်၏ ပွဲတော်နေ့ကို ကျင်းပခြင်းဆိုတာ ယနေ့ခေတ်ကျွန်ုပ်တို့အတွက် ဘာ ကိုဆိုလိုတာလဲ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် ဒီကနေ့ဖတ်ရှုခဲ့တဲ့ကျမ်းစာရဲ့ အစမှာ သခင်ခရစ်တော် ရဲ့နီကေားဒီမူစ် နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း၊ သူဟာဘုရားကိုရှာဖွေနေခဲ့တယ် ဒါကြောင့်သူ့ကိုအလင်းပြ ပေးမယ့်သူ၊…








