
ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၃)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၇၊ ၉၊ ၂၀၂၅



“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘လူတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများ‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ ကျွန်ုပ်တို့ လူသားများရဲ့ လုပ်ဆောင်မှုကြောင့် လေထုညစ်ညမ်းမှုများဟာ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်များ များပြားလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ပိုးသတ်ဆေး/ပေါင်းသတ်ဆေးများ အသုံးပြုမှု များလာခြင်း၊ ‘ Nuclear ‘ လက်နက်များ စမ်းသပ် အသုံးပြုခြင်း စသည့် အချက်တွေကြောင့် ကျွန်တော်တို့ လေထု ညစ်ညမ်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေက ထိုအရာတွေကို ဘာကြောင့် အဆက်မပြတ်…
ရဟန်းမင်းကြီးလေအို (၁၄) သည် ပြီးခဲ့သောကြာသပတေးကအီစ္စရေးနိုင်ငံသမ္မတအီဇက် ဟေဇော့ (Isaac Herzog) အားဗာတီကန်ရှိ ရဟန်းမင်းကြီးရုံးတော်၌လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် ဗာတီ ကန်၏ အတွင်းရေးမှူးဖြစ်သောကာဒီနယ်ပီအဲထရိုပါရိုလင်း (Pietro Parolin)၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့ အသင်းအဖွဲ့များဆိုင်ရာအတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် ပေါလ် (Paul R. Gallagher) တို့နှင့် လည်းထပ်မံတွေ့ဆုံခဲ့သည်။ အီစ္စရေးသမ္မတသည် ရဟန်းမင်းကြီး၊ အတွင်းရေးမှူးတို့နှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး အရှေ့အ လယ်ပိုင်း ဒေသ၏နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ပြ ဿနာပေါင်းစုံသောဒေသတစ်ခုဖြစ်သည့်အနက် အထူးအာရုံထားနေကြရသည်မှာဂါဇာဒေသ၏စိတ်ထိ ခိုက်စရာအခြေအနေဆိုးဖြစ်သည်။ ထိုဒေသနှင့်စပ်လျဉ်းသောတွေ့ဆုံဆွေးနွေးမှုများ၊ စိတ်အားထက်သန်မှုများ၊ ရဲရင့်ပြတ်သား…


အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသသင်ကြားခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ရှင်ရောဟန် ဧဝံဂေလိကျမ်းမှ သခင်ခရစ်တော်၏ ကားတိုင်ပေါ် တွင်ပြောခဲ့သော နောက်ဆုံး စကားနှစ်ခွန်းဖြစ်သည့် ငါရေငတ်သည် နှင့် အမူ့ပြီးပြီ ဆိုသည့်စကား နှစ်ခု ကိုအခြေခံပြီး ဆက်လက်သွန်သင်ခဲ့ပါသည်။ သခင်ခရစ်တော် ကားတိုင်တင်ခံရချိန်သည် အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့သော်လည်း လူသားတို့အတွက်တော့ လင်းလက် တောက်ပဆုံးအချိန်ဖြစ်ခဲ့ပါသည်။ ကားတိုင်ပေါ်မှာသခင်ခရစ်တော် ပြောခဲ့သည့်စကားနှစ်ခွန်းဟာ ဘုရားသားတော်အဖြစ် သူ့ရဲ့တည်ရှိနေမှုဘဝတစ်ခုလုံးကိုဖော်ပြလိုက် ခြင်းဖြစ် ပါ သည်။ သခင်ခရစ်တော်၏ကားတိုင်ပေါ်ကအခြေအနေဟာ အောင်မြင်သောသူရဲကောင်းတစ်ယောက်ရဲ့အခြေအနေမဟုတ်၊ မေတ္တာတရားကိုတောင်းခံနေသောအခြေနေသာဖြစ်တယ်။ မည်သည့်နည်းလမ်းနှင့်မျှ သူ့ကိုယ်သူတစ်ယောက်တည်းပြန်ပေးလို့မရတဲ့ မေတ္တာတရားကိုတောင်းဆိုနေခြင်းဖြစ်တယ်။…


တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ အလွန်ကို စူးစမ်းလိုစိတ် ထက်သန်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အဲဒီကောင်လေးဟာ အဖိုးနဲ့အတူကစားရတာကို နှစ်သက်ပြီး တစ်နေ့မှာတော့ အဖိုးကို အရမ်းသိချင်နေတဲ့မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။ “အဖိုးရေ ကျွန်တော်ကြီးလာရင် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ အောင်မြင်ဖို့နည်းလမ်းတချို့ကို ပြောပြနိုင်မလား?”လို့ကောင်လေးကစိတ်အားထက်သန်စွာ ပြောလိုက်တယ်။ အဖိုးက ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ စကားမပြောဘဲ ကောင်လေးရဲ့လက်ကိုကိုင်ပြီး အနီးက အပင်မျိုးပွားခြံတစ်ခုဆီကို ခေါ်သွားတယ်။ အဲဒီမှာ သစ်ပင်ပေါက် လေးနှစ်ပင်ဝယ်ပြီး အိမ်ပြန်ရောက်တဲ့အခါ အဖိုးက တစ်ပင်ကို အိမ်တွင်းက အိုးထဲစိုက်ပြီး နောက်တစ်ပင်ကိုတော့ ခြံထဲမှာ စိုက်လိုက်တယ်။ “ဒီသစ်ပင်နှစ်ပင်ထဲက ဘယ်အပင်က…


ကိုယ်စီအောင်မြင်နေတဲ့ ကျောင်းသားဟောင်းတစုဟာ သူတို့ရဲ့ပရော်ဖက်ဆာဟောင်းအိမ်မှာ လာရောက်ဆုံတွေ့ကြတယ်။ သူတို့အများစုဟာ အထင်ကြီးစရာကောင်းတဲ့ အလုပ်အကိုင်များ ဂုဏ်သိက္ခာရှိသော ရာထူးများ ရရှိထားကာ ပြည့်စုံတဲ့ဘဝများကို ပိုင်ဆိုင်ထားကြတယ်။ပရော်ဖက်ဆာကြီးပြင်ဆင်နေတဲ့ ကော်ဖီကို စောင့်နေတုန်း သူတို့ စကားဝိုင်းမှာ အလုပ်အကိုင်ဖိစီးမှုများ၊ ပင်ပန်းနွမ်းနယ်မှုများနဲ့ ရာထူးကြီးဘဝရဲ့ဖိအားများကို ပြောဆိုပြီး အချို့က ရယ်မောကြတယ်၊ အချို့က မကျေမနပ်ပြောဆိုကြတယ်၊ အချို့က ဒဿနဆန်ဆန် တွေးတောကြတယ်။ပရော်ဖက်ဆာကြီးဟာ ကော်ဖီခွက်များကို ဘန်းကြီးထဲထည့် သယ်လာတယ်။ အချို့ ကြွေခွက်၊ အချို့ ဖန်ခွက်၊ အချို့ မြေစေးခွက်၊ အချို့ ပလတ်စတစ်ခွက်၊ အချို့ လှပတဲ့ခွက်၊…