rvamyanmar

rvamyanmar

လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်

Expect             ဒီနေ့မှာ relationship တစ်ခုတည်ဆောက်တဲ့ခါမှာ လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးသွားချင်ပါတယ်။             ပရိသတ်ကြီးရှင့်             ပုထုဇဉ်လူသားတိုင်း ကိုယ်ချစ်တဲ့သူဆီကနေ ပြန်ရနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ ဘဝခရီးကို သွားနေကြတဲ့သူချည်းပါပဲ။ ဥပမာ- သားသမီးကလည်း မိဘဆီကနေ နားလည်ပေးနိုင်မှုတွေ လိုအပ်ချက်တွေ ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်သလို မိဘကလည်း မိမိမျှော်လင့်ချက်ပေါင်းများစွာ သားသမီးထဲကနေ ရနိုင်မလား။             ချစ်ကြသူအချင်းချင်းလည်း မိမိပေးလိုက်တဲ့ ချစ်မေတ္တာတွေ တဖက်လူဆီကနေ ပေးသလောက်ပြန်ရနိုင်မလား။             ဌာနတစ်ခုဆိုရင်လည်း အထက်လူကြီး Boss က…

အသက် (၃)နှစ်အရွယ် သားငယ် သမီးငယ်လေးတွေကို အိမ်မှာ home school mum အဖြစ် စာဖတ်တတ်အောင် သင်ပေးရအောင်

Read             ဒီနေ့မှာ အသက် (၃)နှစ်အရွယ် သားငယ် သမီးငယ်လေးတွေကို အိမ်မှာ home school mum အဖြစ် စာဖတ်တတ်အောင် သင်ပေးရအောင်ပါဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။             အိမ်မှာရှိတဲ့ ၃ နှစ်လောက် အရွယ်ကလေးကို ဘယ်လိုစာဖတ်လာအောင် ဘယ်လိုစတင်ကြ မလဲ?             အခြေခံအချက်လေးတွေ သိထားရင်တော့ စနစ်တကျ စာဖတ်တတ်သွားမှာပါ။ ကလေး စာဖတ်တတ်အောင် ဘယ်သူမဆို သင်ပေးလို့ရပါတယ်။ လွယ်ပါတယ်။             အရင်ဆုံး ကလေးကို စာဖတ်ဖို့အတွက် အသက်ရှူသွင်းပြီးမှ စာဖတ်ရမယ်ဆိုတာ သင်ပေး…

ငွေရောင်အနားသတ်

ဒီကနေ့မှာတော့ ငွေရောင်အနားသတ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညိုရောင်တိမ်တိုက်တွေမှာငွေရောင်အနားသတ်တွေရှိတယ်ဆိုတဲ့စကား ကိုကြားဖူးတာကြာပါပြီ။ သို့ပေမဲ့လို့လဲဘယ်သူကဘယ်တုန်းကစပြောခဲ့သလဲဆိုတာတော့မသိပါဘူး။ မိုးတွင်းကာလတွေမှာဆိုရင်မှိုင်းညှို့နေတဲ့တိမ်တိုက်တွေရဲ့အနားသတ်မှာငွေရောင်အစွန်းလေးတွေရှိမရှိလိုက်ရှာကြည့်နေတတ်တာအကျင့်တစ်လိုဖြစ်နေပါပြီ။

ကိုယ့်ပုံစံနဲ့ကိုနေရတာကျေနပ်ခြင်း

ကိုယ့်ပုံစံနဲ့ကိုယ်နေရတာကို ကျေနပ်ခြင်း ကိုယ့်ဘဝကိုယ် လက်ခံခြင်းဆိုတာက ကိုယ့်ကိုယ်ကို ကျေနပ်ခြင်းတစ်မျိုးပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး တစ်ခြားဘယ်သူ့နဲ့မှ တူအောင် မကြိုးစားတော့ဘဲ ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်ခြင်းဖြစ်ပါတယ်။ (the satisfaction of being yourself)​ ဆိုတဲ့ ကိုယ့်ပုံစံနဲ့ကိုယ် နေရတာကို ကျေနပ်ခြင်းဖြစ်ပါတယ်။ အခုလို ခေတ်ကာလဆိုးကြီးထဲမှာ ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတဲ့သူတွေ အများကြီးပါပဲ။ တစ်ခါတစ်ရံ လူတိုင်းမှာ ဒီလိုမျိုးတွေဖြစ်တတ်ပေမယ့် ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ကိုယ့်ဘဝကိုယ်ကျေနပ်တဲ့သူတွေဟာ self-esteem ဆိုတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းရှိသူတွေ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်…

ရဟန္တာသောမတ်စ်အကွီးနက်စ်

ဒီကနေ့အတွက် ရဟန္တာသောမတ်စ်အကွီးနက်စ်ရဲ့ အကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ရဟန္တာသောမတ်စ်ဟာတစ်ခေတ်တစ်ခါကပေါထွန်းခဲ့တဲ့သီအိုလော်ဂီပညာရှင်တွေထဲကတစ်မဦးအပါအဝင်ဖြစ်ပြီး(၁၂၂၅)ခုနှစ်မှာနေပယ်မြို့အနီးမှာရှိတဲ့မြင့်မြတ်တဲ့မျိုးရိုးကနေမွေးဖွားခဲ့ပါတယ်။ မွန်တေကာစီနိုမှာရှိတဲ့ဘက်နက်ဒက်ရသေ့ကျောင်းမှာပထမဦးဆုံးပညာသင်ကြားခဲ့ပြီးနေပယ်မြို့တက္ကသိုလ်ကျောင်းမှာပိုမိုအဆင့်မြင့်တဲ့ပညာရပ်တွေကိုတင်ယူခဲ့ပါတယ်။ အဲဒီမြို့မှာရှိတဲ့တရားဟောသူများအသင်းကိုစိတ်ဝင်းစားခဲ့ပြီးအသက်(၁၉)နှစ်အရွယ်မှာစိန်ဒေါမိနစ်ရသေ့ဂိုဏ်းဝတ်ရုံသင်ကန်းကိုရရှိခဲ့ပါတယ်။ သို့ပေမယ့်လို့လဲသူ့ရဲ့မိဘတွေကတော့စိန်ဘက်နက်ဒက်ရသေ့ဂိုဏ်းကိုဝင်စေလိုကြပါတယ်။ ဒါကြောင့်မို့လို့သူ့ရဲ့မိဘတွေဟာသူ့ကို‌ဒေါသထွက်ပြီးရဲတိုက်ထဲကိုအကျဥ်းသားတစ်ဦးပမာအတင်းအကပ်ပြန်ခေါ်လာခဲ့ကြပါတယ်။ ဒါ့အပြင်သူ့ရဲ့ခေါ်တော်မူခြင်းတဖြေးဖြေးနဲ့မှေးမိန်လာစေဖို့ရန်အတွက်သူ့ရဲ့အကိုတွေဟာသူ့ရဲ့အခန်းထဲကိုအမျိုးသမီးတစ်ဦးကိုထည့်ထားခဲ့ကြပါတယ်။ သို့ပေမဲ့လို့လဲသောမတ်စ်ကမီးတုတ်ကိုကိုင်ဆွဲပြီးအဲဒီအမျိုးသမီးကိုမောင်းထုတ်ခဲ့ပါတယ်။ နှစ်နှစ်ကြာအကျည်းချခံရပြီးတဲ့နောက်မှာသူ့ရဲ့မိသားစုဝင်တွေဟာသူ့ရဲ့အသင်းဂိုဏ်းကိုပြန်သွားဖို့ရန်အတွက်ခွင့်ပြုခဲ့ရပါတယ်။ (၁၂၄၅)ခုနှစ်မှာစိန်သောမတ်စ်ဟာပဲရစ်မြို့မှာရှိတဲ့သံအဲလ်ထံမှာပညာသင်ကြားဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခြင်းနဲ့ကြီးမားတဲ့ကိုယ်နေဟန်ထားတွေကြောင့်သူ့ကိုနွားအကြီးလို့နာမည်ပြောင်းပေးခဲ့ကြပါတယ်။ သံအဲဘတ်ကတော့သူ့ရဲ့အပေါင်းအပါတွေကိုအပြစ်တင်ပြီးမင်းတို့တစ်တွေသူ့ကိုနွားအကြီးလို့ခေါ်နေကြတယ်။ သို့ပေမယ့်လို့လဲသူဟာသူ့ရဲ့အသံကိုကမ္ဘာကြီးရဲ့ဝေးလံလှတဲ့အရပ်ဒေသတွေကြားသိစေလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့

A Real Man ဒီနေ့မှာ အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးသွားချင်ပါ တယ်။ အမျိုးကောင်းသားတစ်ယောက်ဟာ အမျိုးကောင်းသမီးရဲ့ ချစ်မေတ္တာကို တည်ကြည်တဲ့ နှလုံးသားတစ်ခုတည်းနဲ့ ရယူနိုင်ပါတယ်။ ရုပ်ခန္ဓာကိုယ်ထိတွေ့မှုမရှိဘဲနဲ့ ချစ်သူ အမျိုးသမီးဆီကနေ မေတ္တာတွေ ပြန်ရနိုင်ပါတယ်။ တချို့သော အမျိုးသားတွေက သူ့မှာ ငွေကြေးရှိတယ်ဆိုရင် အမျိုးသမီးတွေနဲ့ သုံးဖြုန်းပျော် ပါးပြီး သူ့အတွက် အကျိုးအမြတ် ဘာမှမရှိ၊ ဘာအဓိပ္ပာယ်မှလည်းမရှိ ဖြစ်တတ်ပါတယ်။ တချို့သော အမျိုးသားတွေကျပြန်တော့ သူရတဲ့ အချိန်လေးကို…

သံတာအာဂနက်

ဒီကနေ့ အတွက် သံတာ အာဂနက်ရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။သိုးသူငယ်လို့အဓိပါယ်ရတဲ့နာမည်ပိုင်ရှင်သံတာအာဂနက်ဟာချောမောလှပတဲ့ရောမအမျိုးသမီးတစ်ဦးဖြစ်ပြီးသူမကိုသူမသခင်ခရစ်တော်ကိုအပ်နှံထားတဲ့အတွက်လက်ထပ်ထိမ်းမြားဖို့ရန်ငြင်းဆိုခဲ့ပါတယ်။ သူမကိုပိုးပန်းသူတွေကိုသူမဟာအပျိုကညာစင်ဘဝကိုလူ့မျက်စိနဲ့မမြင်နိုင်တဲ့ကောင်းကင်နိုင်ငံသတိုးသားဖြစ်တဲ့သခင်ခရစ်တော်ထံကိုအပ်နှံပူဇော်ထားပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ သူမရဲ့ခိုင်မာတဲ့သံဓိဌာန်ကိုမပြောင်းလဲစေနိုင်ကြောင်းကိုသိရတဲ့လူငယ်အများစုဟာနောက်ဆုံးမှာတော့သူမဟာခရစ်ယာန်တစ်ဦးဖြစ်ကြောင်းဖော်ထုတ်စွတ်စွဲခဲ့ကြပါတယ်။ အသက်(၁၂)နှစ်အရွယ်ရောက်တဲ့သက္ကရာဇ်၃၀၄ခုနှစ်မှာတရားသူကြီးရှေ့ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာရောမအစိုးရနဲ့ခရစ်ယာန်တွေကြားကဆက်ဆံရေးကိုအနည်းငယ်တင်ပြပေးချင်ပါတယ်။ ရောမအစိုးရအနေနဲ့ခရစ်ယာန်တွေကိုညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းဟာပြည်သူတွေအတွက်ပျော်ပွဲရွှင်ပွဲသက်သက်တာမကပဲနိုင်ငံရေးပြသနာတွေလဲပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲဒီခေတ်အခါကနိုင်ငံရေးနဲ့ဘာသာရေးအတွေးအခေါ်နှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ ရောမအစိုးရဟာဘာသာရေးကိစ္စတွေမှာစိတ်တိုင်းကျဥပဒေပြဌာန်းပိုင်ခွင့်ရှိတယ်လို့ယုံကြည်ထားကြပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တွေကတော့နိုင်ငံတော်ဥပဒေကိုထာဝရဘုရားရဲ့ပညတ်တော်နဲ့ဆန့်ကျင်ဘက်မဖြစ်မခြင်းလိုက်နာနာခံတတ်တဲ့နိုင်ငံသားကောင်ရတနာများဖြစ်ခဲ့ကြပါတယ်။ သူတို့တစ်တွေဟာဆင်ခြင်တုံတရားကိုအသုံးပြုပြီးအမှန်တရားကိုရှေ့တန်းတင်ကာဒုစရိုက်အမှုကိုရှောင်ကျဥ်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေကာမူအလင်းနဲ့အမှောင်တစ်နေရာတည်းမှာတစ်ချိန်တည်းမှာမရှိနိုင်သလိုပဲအတွေးအခေါ်ပဲဖြစ်စေကျင့်စဥ်ဆိုင်ရာပဲဖြစ်စေဆန့်ကျင်ဘက်ဖြစ်နေတဲ့နိုင်ငံရေးနဲ့ဘာသာရေးနှစ်ခုကိုအတူတကွရှင်တွဲထားနိုင်ဖို့ရန်အတွက်နေရာမရှိဘူးဆိုတာအမှန်ပဲဖြစ်ပါတယ်။ ဒါ့အပြင်ရောမပြည်သူတစ်ယောက်အနေ့နဲ့အမိအင်ပါယာနိုင်ငံတော်နဲ့ဧကရာဇ်မင်းဟာအထွဌ်မြတ်ဆုံးဖြစ်ပြီးသူတို့အတွက်အသက်ရှင်ရမယ်။သူတို့အတွက်သေရမယ်ဆိုပြီးဖြစ်ပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တစ်ယောက်အတွက်ကတော့ရောမအင်ပါယာအတွက်လဲမဟုတ်ဘူး။ ဧကရာဇ်မင်းအတွက်လဲမဟုတ်ဘူး။ဘုရားသခင်တစ်ပါးတည်းအတွက်ပဲအထွဌ်မြတ်အမှန်တရားဖြစ်ပါတယ်။ သေသည်ဖြစ်စေရှင်သည်ဖြစ်စေဧကရာဇ်ဘုရင်မင်းမြတ်ကိုထာဝရဘုရားသဖွယ်ကိုးကွယ်ဦးညွတ်ခြင်းကိုငြင်းပယ်ရှောင်ဖယ်ရတာဟာပညတ်တရားတော်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အဲဒီလိုပုဂ္ဂိုလ်တွေဟာရောမဥပဒေအရနိုင်ငံတော်ရဲ့ရန်သူတစ်ယောက်ဖြစ်ရုံတာမကပဲနိုင်ငံတော်ရဲ့ဦးခေါင်းဖြစ်တဲ့ဧကရာဇ်ဘုရင်မင်းမြတ်ကိုသစ္စာဖောက်သူဖြစ်ပါတယ်။ အဲဒီခေတ်အခါတုံးကဥပဒေဆိုတာဟာရောမအစိုးရဒါမှမဟုတ်ဧကရာဇ်မင်းကိုယ်တိုင်လိုအပ်သလိုစိတ်တိုင်းကျရေးဆွဲတဲ့ပြဌာန်းထားတဲ့ဥပ‌ဒေပဲမြင်တွေ့နိုင်ပါတယ်။ အဲ့ဒီကြောင်းကြောင့်တွေကြောင့်ပဲရောမအမျိုးသမီးတစ်ဦးဖြစ်တဲ့သံတာအာဂနက်ဟာလဲခရစ်ယာန်တစ်ဦးဖြစ်တဲ့အတွက်တရားသူကြီးရှေ့မှောက်ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ တရားသူကြီးမင်းဟာသံတာအာဂနက်ကိုကြင်နာစွာနဲ့ချော့မော့၍သော်လည်းကောင်းခြောက်လှန့်၍သော်လည်းကောင်းစည်းရုံးသိမ်းသွင်းပေမဲ့လို့လဲသူမရဲ့သံဓိဌာန်ဟာမပြောင်းလဲခဲ့ပါဘူး။ မီးတောက်မီးလျှံတွေနဲ့ညှင်းပန်းနှိပ်စက်ရာမှာသုံးတဲ့ပစ္စည်းပေါင်းစုံကိုပြသပြီးခြောက်လှန့်ပေမဲ့လို့လဲသံတာအာဂနက်ဟာယုံကြည်ခြင်းရဲရင့်ခြင်းတို့နဲ့ကြံကြံခံနိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူမကိုမကောင်းတဲ့ပြည့်တန်ဆာအိမ်ကိုပို့ဆောင်စေခဲ့ပါတယ်။သူမကိုထိတွေ့ဖို့ရန်ကြိုးစားတဲ့လူငယ်တစ်ဦးဟာမျက်စိကန်းသွားခဲ့ပါတယ်။ နောက်မကြာမီမှာပဲသူမကိုခေါင်းဖြတ်သတ်ခဲ့ပြီးလူမန်ဒန်နာလမ်းမှာရှိတဲ့ဥမင်လှိုင်ခေါင်းသင်ချိုင်းထဲမှာမြုပ်နှံသဂြိုလ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့သူမကိုဂုဏ်ပြုသောအားဖြင့်ဘုရားကျောင်းတစ်ကျောင်းကို၃၅၀ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ်။ သံတာအာဂနက်ကငါ့ရဲ့သွေးနဲ့သင်တို့ရဲ့ဓားကိုအစွန်းထင်သွားနိုင်ပေမယ့်သခင်ခရစ်တော်ကိုဆက်ကပ်ပူဇော်ထားတဲ့ငါ့ရဲ့ခန္တာကိုယ်ကိုတော့မင်းတို့တွေဘယ်တော့မှညစ်ညမ်းအောင်လုပ်လို့မရဘူးလို့သူမကိုမကွတ်မျက်မည်ပြောဆိုခဲ့ပါတယ်။ အစဥ်အလာအရသူမရဲ့ပွဲနေ့ဖြစ်တဲ့ဇန်နဝါရီ၂၁ရက်နေ့မှာရောမမှာရှိတဲ့သူမရဲ့ကျောင်းတော်ကြီးမှာသိုးနှစ်ကောင်ကိုသိဌိတင်လေ့ရှိပါတယ်။ အဲဒီသိုးနှစ်ကောင်ရဲ့သိုးမွှေးတွေကိုတော့ဂိုဏ်းချုပ်ဆရာတော်ကြီးတွေရဲ့ဂုဏ်ထူးဆောင်လည်ဆွဲတွေအဖြစ်ယက်လုပ်ပြီးသံပေတရူးနဲ့သံပေါလူးတို့ရဲ့ပွဲနေ့အကြိုညနေမှာစိန်ပီတာဘုရားကျောင်းရဲ့ပင်မဘုရားစင်ပေါ်မှာတင်ထားလေ့ရှိကြပါတယ်။ အဲဒီဂုဏ်ထူးဆောင်လည်ဆွဲတွေကိုသံပေတရူးနဲ့သူ့ရဲ့အရိုက်အရာကိုဆက်ခံသူတွေကဆင်းသက်လာတဲ့အုပ်စိုးစီရင်ပိုင်ခွင့်အာဏာအမှတ်လက္ခဏာအဖြစ်ဂိုဏ်းချူပ်ဆရာတော်ကြီးတွေကိုပေးအပ်နှင်းလေ့ရှိပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

လမ်းပျောက်နေတဲ့အခါ

လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ရည်မှန်းချက်တွေ အိမ်မက်တွေနဲ့ တတ်ကြွနေခဲ့ကြတယ်။ ဒါပေမယ့် ခုချိန်ကျ အိမ်မက်တွေ ပျောက်ဆုံးနေသလို ဖြစ်နေပြီ။ လမ်းပျောက်နေသလို ဖြစ်နေကြတယ်။ ကျွန်တော်တို့ဘဲ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း အလွန်အောင်မြင်တဲ့သူတွေတောင် ဘဝတကွေ့ကွေ့မှာ လမ်းပျောက်နေတတ်ကြပါတယ်။ ဘာတွေ လုပ်ရမလဲ၊ ဘယ်ကို ဦးတည်ပြီး သွားရမလဲဆိုတာ ဝေဝါးနေတယ်။ ကိုယ့်ဘေးနားက လူတွေက အကုန် အဆင်ပြေနေကြတယ် သူတို့ဘာလုပ်ရမလဲဆိုတာကို သိနေကြတယ်။ ခင်ဗျားအတွက်က အရာရာတိုင်းက ထင်ထားသလို ဖြစ်မလာသလို ခံစားနေရတယ်။ လမ်းပျောက်တယ်ဆိုတာ ယာယီပါ။ အမြဲတမ်း ဖြစ်နေတာ မဟုတ်ပါဘူး။…