
နိုင်ဂျီးရီးယားနိုင်ငံ တွင်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး တိုက်ခိုက်သတ်ဖြတ်ခံရ။

ယခုလ (စက်တင်ဘာ ၁၉၊ ၂၀၂၅) ရက်နေ့၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Nsukka (နူစုခါ) သာသနာ ပိုင်ကက် သ လစ်ဘုန်းတော်ကြီး Matthew Eya (မက်တြူးအေယာ) အား သူသီတင်းသုံးသော စိန့်ချားလ်စ် သာသနာ အုပ်စုသို့ကားမောင်းပြန်လာစဉ်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည်။ နိုင်ဂျီးရီးယားနိုင်ငံသည် လူမျိုးပေါင်းစုံ၊ သက်၀င်ယုံကြည်မှုမတူသောဘာသာပေါင်းစုံ၊ ယဉ် ကျေးမှု ပေါင်းစုံနေထိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်အာဖရိကနိုင်ငံများအနက်အခရာကျသော နိုင်ငံ တစ်ခုလည်းဖြစ်သည်။ သို့သော် ဒေသအတွင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ အစွန်းရောက်အကြမ်းဖက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ ဆင်းရဲနွမ်းပါးမှုရာနှုန်းမှာလည်းလွန်စွာမြင့်မားသောကြောင့် လုံခြုံမှုလွန်စွာအား နည်းသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားကောင်းသည်ဟုပြောဆိုသော်လည်း နိုင်ငံ၏ဒေသအ တော်များ များ၌ လူဦးရေထူထပ်မှု၊ ခေတ်မမှီတော့သည့်အခြေခံအဆောက်ဦးများစွာရှိနေသေးမှု၊…








