rvamyanmar

rvamyanmar

ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့၊ သစ်ပင်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ လူသားတွေအတွက် ဆက်စပ်အကျိုးပြုနေတာကို ကျွန်ုပ်တို့ လူသားတိုင်း သိနေပြီးသားဖြစ်မှာပါ။ သစ်ပင်ဆိုတာ ကျွန်ုပ်တို့ကို စားစရာတွေပေးတယ်၊ နေစရာတွေပေးတယ်၊ သစ်သားတွေပေးတယ်ဆိုတာကတော့ လူတိုင်းသိတဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ် အသိတစ်ခုပေးရမယ်ဆိုရင် ဒီသစ်ပင်များဟာ ကျွန်ုပ်တို့အတွက် အဆိပ်အတောက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အစာချက်လုပ်တဲ့နေရာမှာ အသုံးပြုပြီး ကျွန်ုပ်တို့ ရှူသွင်းနေတဲ့ အောက်စီဂျင်ကို ထုတ်လုပ်ပေးပါတယ်။ ထိုအချက်က သစ်ပင်ဆိုတဲ့အရာဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးကို…

ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။

ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။ အာဗီအေမြန်မာ၊၁၈၊၉၊၂၀၂၅။  တန်ဇန်းနီးယားနိုင်ငံ၊ Mwanza (မွန်ဇာ) ဂိုဏ်းချုပ်သာသနာ၌ စက်တင်ဘာ (၁၅၊ ၂၀၂၅) ရက်နေ့၌ ယာဉ် မတော်တဆမှုဖြစ်ပွားရာ ကာမဲလိုက်စိန့်ထရေးဇာသာသနာပြုအသင်းမှသီလရှင် (၄) ပါးအ သက်ဆုံးရှုံး ခဲ့ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းဂိုဏ်းချုပ်သာသနာမှထုတ်ပြန်လာပါသည်။  သူတို့သည်အမျိုးသမီးအလယ်တန်းကျောင်း၌အမှုထမ်းနေကြသူများ ဖြစ်ကြောင်း၊ အသက် ဆုံးရှုံးသွား ခဲ့သော သီလရှင် (၄) ပါးအနက်အသင်းတစ်ခုလုံး၏ဥက္ကဌအကြီးအကဲလည်းပါသွားသည်။ သူတို့ သည် အခြားဂိုဏ်းအုပ်သာသနာတစ်ခု၌ ညီမသီလရှင် (၃) ပါး၏ရာသက်ပန်သစ္စာခံယူသည့်ပွဲ၌ပါ၀င်ရန် ခရီး ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားပြီးဆုံးသွား၍ မိမိတို့တာ၀န်ကျသောသာသနာသို့ပြန်ရန် လေဆိပ်သို့သွားနေစဉ်၌ဖြစ်ပွားခဲ့သည်။ အသက်ဆုံးရှုံးသွားသောစ္စတာရ် (၄) ပါးအတွက်…

ဘဝစာမေးပွဲ

ကျွန်မတို့ဟာ ဘဝမှာရှင်သန်ကြရင်း “လောကဓံ” တို့ခေါ်တဲ့ ဘဝစာမေးပွဲတွေကို ဖြေဆိုကြရပါတယ်။တချို့သောသူတွေဟာ ဘဝစာမေးပွဲတွေအောင်ကြပေမယ့် တချို့သောသူတွေကတော့ ထပ်ခါတလဲလဲ ဖြေဆိုနေရပါတယ်။တချို့သောသူတွေဟာ ထပ်တူတူညီတဲ့ လောကဓံတွေကို ခဏခဏ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။

နှစ်သိမ့်ခံရခြင်းကျေးဇူးတော်သည် ခိုင်မာတည်ငြိမ်သောယုံကြည်ခြင်း၌သာတွေ့ရှိနိုင်သည်။

နှစ်သိမ့်ခံရခြင်းကျေးဇူးတော်ဂျူဘီလီပွဲ အကြိုမစ္ဆားတရားကို ရဟန်းမင်းကြီးကိုယ်တိုင် ဦးဆောင်ဟော ကြားခဲ့ပြီး မေစ္ဆာတရားတွင် ခရစ်တော်၌ယုံကြည်ခြင်းဆုံးရှုံးသွားသူများ၊ ဘဝမှာခက်ခဲကြမ်းတမ်းစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရသူများအား မိမိတို့၏နာကျင်ကျေကွဲမှုများသည် အကြမ်းဖက်ခြင်းသို့ဦးတည်ခြင်း မပြုဘဲ ခွင့်လွှတ်သောချစ်ခြင်းမေတ္တာ၌သာ တည်ရှိ့ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။။ တနင်္လာနေ့ညနေပိုင်းက စိန့်ပီတာ ဘာစီးလီကာ ကျောင်းတော်ကြီးတွင် ဘဝရဲ့ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲ ဒုက္ခများ၊ ဝမ်းနည်းပူဆွေးရမှုများကိုရင်ဆိုင်ဖြတ်သန်းနေရသူများအတွက် ရည်ရွယ်ပူဇော်ပြီး ကျင်းပခဲ့ သောသန့်ရှင်းသောနှစ်၏ ထူးခြားသော ထိုတရားတော်မြတ်တွင် ဘုရားဖူးသူတော်စင် ၉၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ထိုတရားတော်မြတ်အတွင်းတွင် ချစ်ခင်မြတ်နိုးရသူ ဆုံးရှုံးခဲ့ခြင်းကြောင့် ယုံကြည်ခြင်းပျက်ရလောက် အောင် စိတ်ဒဏ်ရာရခဲ့ရသည့် အမျိုးသမီးနှစ်ဦး၏ ဝန်ခံချက်ကိုလည်းထည့်သွင်းဖော်ပြထားပါသည်။ Diane…

စေတနာ

လူတွေဟာ အလုပ်တစ်ခုခုလုပ်ပြီဆို လောဘကို ဦးဆောင်ပြီး အလုပ်လုပ်ကြပါတယ်…။ကျွန်မမှာ ခွက်ထိုး ခွက်လှန် ရှုံးခဲ့တဲ့ စီးပွားရေးတွေ ရှိခဲ့ဖူးပါတယ်…။အဲ့ဒီစီးပွားရေးတွေ လုပ်တုန်းက ကျွန်မဟာ ငွေမက်လို့ လုပ်တာပါ…။ ငွေကို ရှေ့တန်းတင်ပြီး ငွေကြောင့်ဖြစ်တဲ့ ဇောတွေ၊ လောဘတွေနဲ့ လုပ်ခဲ့တာပါ။ဒါကြောင့်ပဲ ခွက်ထိုး ခွက်လှန် ရှုံးခဲ့တာပေါ့…။ဒါဆို ကျွန်မကို မေးပါလိမ့်မယ်… ‘အခုကော ငွေရဖို့ လုပ်နေတာမဟုတ်ဘူးလား?’ပေါ့။မှန်ပါတယ်…။အခုလည်း ငွေရချင်ပါတယ်…။သို့ပေမယ့် မတူတာတစ်ခုပဲ ရှိပါတယ်…။အရင်က လောဘကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ခဲ့ပါတယ်…။ အခုက စေတနာကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ပါတယ်…။စာရေးဆရာတစ်ယောက်က စာအုပ်တွေ ထုတ်တဲ့အခါ…