
ဖာသာရ် Paschal သီကိုရှင် ( SDB) သခင်ဘုရား၏ဆေးကြောခြင်းမင်္ဂလာပွဲတော်ကြီး တနင်္ဂနွေနေ့ ဩဝါဒ ဇန်နဝါရီလ ၉ ၊ ၂၀၂၂







ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စာချွန်တော် Summorum Pontificum အား ဂုဏ်ပြုခြင်း ၂၀၀၇ ခုနှစ် ဇူလိုင်လ ရ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် သမိုင်းဝင် စာချွန်တော် Motu Proprio Summorum Pontificum အား ရေးသားခဲ့သည်။ စာချွန်တော် အရ လက်တင် မစ္ဆားတရား ကျင်းပရန် ကန့်သတ်ချက်များ အားလုံးမဟုတ်ပင်လျှင် ကန့်သတ်ချက် အများစုအား ဖြေလျှော့လိုက်သည်။ စာချွန်တော် အရ ထိုသို့ ဖြေလျှော့လိုက်ခြင်းကြောင့်…

Real Differences ဒီနေ့မှာ relationship တစ်ခုကို တည်ဆောက်တော့မယ်ဆိုတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ အတွက် မူလအခြေခံ စိတ်နေစိတ်ထားကအစ အရာအားလုံးမှာ ကွာခြားချက်တွေ ရှိပါတယ်ဆိုတဲ့ အကြောင်း သိစေဖို့ sharing ပေးသွားချင်ပါတယ်။ ဘာဖြစ်လို့ တကယ့် အစစ်အမှန် ကွဲပြားခြားနားသကဲ့ဆိုတော့ အမျိုးသားတွေက Mars ကို ခေါ်တဲ့ အင်္ဂါဂြိုလ်နဲ့ အမျိုးသမီးတွေက Venus လို့ခေါ်တဲ့ သောကြာဂြိုလ်ကနေ ဆင်းသက်လာတာ လို့ ရှေးနက္ခတ္တဗေဒပညာရှင်တွေက ဆိုထားပါတယ်။ ကွဲပြားခြားနားတဲ့ ဂြိုလ်ကနေ ဆင်းသက်…

အားလုံးပဲမင်္ဂလာပါအခုချိန်ဟာနှစ်ကူးကာလဖြစ်တာကြောင့်ကိုယ့်ကိုယ်ကိုတိုက်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။လူတစ်ယောက်အဖို့ကိုယ့်ရဲ့အနီးဆုံးရန်သူဟာကိုယ်ကိုယ်တိုင်ပဲလို့ဆိုရမှာပါ။တစ်ရက်မှာနှစ်ဆယ့်လေးနာရီလုံးလုံးကိုယ့်ကိုချစ်ပေးမယ့်သူမရှိသလိုမုန်းနေမယ့်သူလည်းမရှိပါဘူး။ဒီတော့တစ်ရက်မှာနှစ်ဆယ့်လေးနာရီလုံးလုံးအနီးကပ်ထက်ကြပ်မကွာဒုက္ခပေးနိုင်သူဟာကိုယ်ကိုယ်တိုင်ကလွဲပြီးဘယ်သူဖြစ်နိုင်တော့မှာလဲ။လူတိုင်းမှာစံကိုယ်စီရှိတယ်လို့ထင်ပါတယ်။ဒီလိုရုပ်ရည်မျိုးမှ၊ဒီလိုစိတ်သဘောထားမျိုးမှ၊ဒီလိုပိုင်ဆိုင်မှုမျိုးမှ၊ဒီလိုအပြုအမှုမျိုးမှ၊ဒီလိုမိသားစုနောက်ခံမျိုးမှဆိုပြီးကိုယ်နဲ့ဆက်ဆံရမယ့်သူများအပေါ်စံရွေးတတ်ကြပါတယ်။အဲဒီလိုပဲသူများတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်စံပေတံနဲ့တိုင်းပြီးကိုယ့်ကိုရွေးချယ်ဆက်ဆံကြတာပါ။ကိုယ်စံနဲ့သူ့စံမကိုက်ညီကြရင်ပေါင်းလို့သင်းလို့အဆင်မပြေဖြစ်တတ်တာသဘာဝပါ။အဲဒီလိုပဲကိုယ့်စံနဲ့မကိုက်ညီတဲ့အပြုအမူမျိုးကိုကိုယ်ကိုတိုင်ကကျူးလွန်မိတဲ့အခါမျိုးကိုလူတိုင်းကြုံဖူးလို့လွယ်လွယ်နဲ့ခွင့်လွှတ်လိုက်ပြီးကိုယ့်ကိုယ်ကိုတော့သည်းခံပေါင်းသင်းတတ်ကြတာချည်းပါပဲ။လူတော်တော်များများကအဲဒီအနေအထားမျိုးကိုရောက်လာရင်အလွယ်ကူဆုံးဖြေရှင်းတဲ့နည်းကတော့ဆင်ခြေရှာတာပါ။ဒါပေမယ့်နဂိုမူလကိုယ်တိုင်သဘောကျရွေးချယ်ထားတဲ့စံနဲ့မကိုက်ညီတဲ့လူတေွကိုရင်ဆိုင်ရတဲ့အခါမှာတော့သူတို့ရဲ့ဆင်ခြေကိုလက်မခံနိုင်ဘဲဖြစ်တတ်ပါတယ်။ဒါကြောင့်တကယ့်တကယ်ကိုယ့်ကိုယ်ကိုယ်သစ္စာဖောက်ဖို့ဆိုတာသူများကိုသစ္စာဖောက်ဖို့ထက်လွယ်ကူနေတာကိုတွေ့ရမှာပါ။ကိုယ့်ကိုယ်ကိုကတိမတည်ဖို့ကလည်းသူများကိုပေးထားတဲ့ကတိဖျက်ရမှာထက်လွယ်နေတတ်ကြပါတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုဘယ်လောက်အထိစံမမီပုဂ္ဂိုလ်ဖြစ်နေတယ်၊ကတိမတည်သူဖြစ်နေတယ်လို့သိနေတဲ့ခံစားမှုဟာကိုယ့်ကိုယ်ကိုအကြည်ညိုပျက်တဲ့ခံစားမှုကိုပဲမွေးဖွားပေးနိုင်ပါတယ်။
