ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့ ဒီကနေ့ဇွန်လ၂၃ရက်နေ့မှာ ဖတ်ရှုခဲ့ရတဲ့ဧဝံဗဂေလိကျမ်း ရှင်မာတေဦး ၇း၂၁) မှ“ငါကိုသခင်,သခင်ဟုခေါ်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသာလျှင်ဝင်ရလိပ်မည်” လိုဆိုထားပါတယ်။ကက်သလိပ်အသင်းတော်ရဲ့အမိုင်ကိုပြန်လေ့လာကြည့်တဲ့အခါမျာတော့သခင်ယေဇူကောင်းကင် ဘုံသိုတက်ကြွတော်မူပြီတဲ့နောက်တပည့်တော်ကြီတွေရဲ့အပေါ်မှာ သန့်ရှင်သောဝိညာဥ်တော်ဆင်ကြွလာပြီးတဲ့နောက် ခွန်အားကျေးဇူတန်ခိုးနဲ့ပြည့်ဝလာပြီး ဧဝံဂေလိတရားတော်ကိုသတ္တိရှိစွာလှည်လည်ဟောကြားတော်မူပါတယ်။ အဲ့ဒီအ ချိန်ကာလမှာတော့ ရောမဧကရဇ်(၁၀)ဆက်တိုင် (AD) ၃ ရာစုကျော်တိုင်နိုပ်စက်ညှင်းပန်းသက်ဖြတ်ခြင်းတွေခံနေရတဲ့ အချိန်ဖြစ်ပါတယ်။ အက်ဒီအချိန်ကခရစ်ယာန်တစ်ယောင်ဖြစ်ရတာဟာ မိမိဘသအသက်ကိုရင်းပြုပြီးနေထိုင်ရခြင်းဖြစ်ပါတယ်။ ဒီလိုယုံကြည့်ခြင်းအတွက်အခက်အခဲကြီးမာစွာဖြတ်သန်းရတဲ့ကာလမှာယုံကြည့်သူများလျော့မသွာဘဲ့ပိုမိုတိုးပွားလာပြီးအသင်းတော် အတွက်နဲ့တရားတော်အတွက်အသက်ပေးဆက်သွားကြတဲ့ဓမ္မအာဇာနည်ရဟန္တာသူတော်မြတ်များအမြောက်အများပေါ်ထွန်းခဲ့တဲ့ကာလ လည်းဖြစ်ပါတယ်။ ဧဝံဂေလိတရားတော်အတွက်ခတ်အဆက်ဆက်မှာသာသနာပြုခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ မှာဘုရားရှင်ပေးထားတဲ့ကျေးဇူးတော်အစွမ်းတွေကိုအသုံးပြုပြီနည်းအမျိုးမျိုနဲ့သာသနာပြုခဲ့ကြပါတယ်။ တစ်ချို့ကတော့နှုတ်တော်အားဖြင့်ဟောပြောခြင်းအားသာသနာပြုခဲ့ကြပါတယ်။ တစ်ချို့ကတော့ စာပေအရေး အသားအားဖြင့်သာသနာပြုခဲ့ကြပါတယ်။ နောက်ဆုံးအုပ်စုကတော့တရားတော်အတွက်မိမိတို့ရဲ့အသက်ကို ပေးပြီးသွေးနဲ့ရေးပြီးသာသနာပြုခဲ့ကြပါတယ်။ ဖော်ပြခဲတဲ့ဓီ၃အုပ်စုထဲမှာနောက်ဆုံအုပ်စုဖြစ်တဲ့သွေးနဲ့သာသ နာပြုခြင်းဟာလက်တွေ့ကျပြီးအခက်အခဲ့ဆုံသက်သေခံခြင်းဖြစ်တဲ့အတွက်အထိရောက်ဆုံသောဘဝနဲ့သာသနာ ပြုခြင်းဖြစ်ပါတယ်။ လူတွေအတွက်အတည်မြဲ့ဆုံးဖြစ်သော သာသနာပြုခြင်းပဲဖြစ်ပါတယ်။…