rvamyanmar

rvamyanmar

ဖာသာရ် Peter ကြည်မောင်(မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၃၁၊ ၁၊ ၂၀၂၃

သာမန်ကာလစတုတ္ဌသီတင်းပတ်အင်္ဂါနေ့  (ရှင်လုကာ ၅း၂၁-၄၃) တရားဇရပ်မှုသမီးလေး၊ သွေးသွန်နန်းဆွဲသောအမျိုးသမီး မာကု ၅:၂၁-၄၃ ဓမမိတ်ဆွေတို ဒီကနေကြားနာရတဲ့ရှင်မာကု ဧဝံဂေလိကျမ်းမှာ ဂျိုးရုစ်လို့ခေါ်တဲ့တရားဇရပ်မှုး သူရဲ့‌သေလုစဲစဲဖြစ်‌နေ တဲ့သမီးလေး ကို လာရောက်လက်တင်ဆုတောင်းပေးဖိုတောင်းဆိုခဲ့တာကို ကြားနာခဲ့ရတယ်။ ကလေးမလေးကို ကုသပေးဖို့ သွားနေတဲ့လမ်းမှာ တဆယ် နှနှစ်ပတ်လုံး သွေးသွန်တဲ့‌ရောဂါ ခံစားနေရတဲ့အမျိုးသမီ း လူအုပ်ကြားထဲးကနေ သခင်ခရစ်တော်စီကို‌တိုးဝှေ့ရောက်အောင်သွားပြီး ကြီးမားတဲ့ယုံကြည်ခြင်းနဲ့ ဒီကြီးမြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ ဝတ်ရုံကို တို့ထိရရုံဖြင့် ငါခံစားနေရဲ့ဝေဒနာတွေပြောက်ကင်ချမ်းသာရလိမ့်မယ် ဆိုတဲ့ ယုံကြည်ခြင်းနဲ့ သခင်ခရစ်တော်ရဲ့ ဝတ်ရုံကိုတို့ထိခဲ့လို့ ရောဂါဝေတနာ ပြောက်ကင်းခဲ့တာကို ကြားနာခဲ့ရတယ်။ ပထမအပိုင်းမှာ တရားဇရပ်မူ့ရဲ့သူသမီးအပေါ်မှာထားတဲ့မေတ္တာတရား၊…

ဖာသာရ် Peter ကြည်မောင်(မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ် တနင်္လာနေ့ သြဝါဒ ၃၀၊ ၁၊ ၂၀၂၃

သာမန်ကာလစတုတ္ထသီတင်းပတ်တနင်္လာနေ့ (ရှင်မာကု ၅း၁-၂၀)  ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ပထမကျမ်း ‌ဟီဗရူး လူမျိုးတို့ထံပေးစာမှာ ဓမ္မဟောင်းက  ဆမ်ဆုန်၊ ဒေးဗစ်၊ ဆယမြူအဲလ်း နဲ့ ပရောဖက်တွေဟာ၊ သူတိုရဲ့ဘုရားအပေါ်မှာထားတဲ့ယုံကြည်ခြင်းကြောင့်၊ တိုင်နိုင်ငံတွေကိုအောင်မြင် ခဲ့သလို၊ သူတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကြောင့် ဘုရားကတိတော်ကိုခံစားခဲ့ကြရတယ် ဆိုတာကိုကြားနာခဲ့ရတယ်။ပထမကျမ်းစာရဲ့အဓိကနှစ်ချက်က ယုံကြည်ခြင်းနဲ့မှန်ကန်တဲ့လုပ်ရပ် ဒီနှစ်ချက် က ကျွန်တော်တို့နေ့စဉ်အသက်တာ မှာ ခရစ်ယာန်ပီသစွာ အသက်ရှင်နိုင်ဖို့အခြေခံကြတဲ့ အချက်တွေပဲ။ ဘုရားအပေါ်မှာ ပြည့်ဝတဲ့ယုံကြည်ခြင်းရှိသလို၊ ဘုရားသွန်သင်ပေးထားတဲ့တရားကို၊ မှန်ကန်စွာ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် အသက်ရှင်ရမယ်။ ဥပမာဆုလည်း တောင်းတယ်။ လက်တွေကြတဲ့အနစ်နာခံမူ့လည်းပါတယ်။ အလှုအတန်းလဲးလုပ်သလို့၊ လက်တွေ့မှာ နိမ့်ချရိုးသားစွာ နေထိုင်သူလဲးဖြစ်နေရမယ်။ ဘုရားစီမှာ…

ဖာသာရ် Peter ကြည်မောင်(မန္တလေး) သာမန်ကာလတတိယသီတင်းပတ် စနေနေ့ သြဝါဒ ၂၈၊ ၁၊ ၂၀၂၃

သာမန်ကာလတတိယသီတင်းပတ်စနေနေ့ (ရှင်မာကု ၄း၃၅-၄၁)  ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ဧဝံဂေလိကျမ်းမှာ ကြားနာခဲ့ရတာက သခင်ခရစတော်နှင့်အတူ ခရီးသွားနေပါ လျှက်၊ သခင်ခရစ်တော်အပေါ်မှာယုံကြည်ခြင်းအားနည်းခဲ့ကြသော တပည့်တော်ကြီးကို ပြစ်တင်ဆုံးမတဲ့အကြောင်း နှင့် သဘာဝတရားဖြစ်တဲ့လေနှင့် ပင်လယ်ကိုပင် အမိန်ပေးနိုင်သော ဘုရားဖြစ်ကြောင်းသက်သေပြခဲ့တာကို ကျွန် တော်တိုကြားနာခဲ့ကတယ်။ ကျွန်တော်တို့ရှင်သန်နေရတဲ့ဘဝသက်တာဟာလည်း၊ တဖက်ကမ်းဖြစ်တဲ့ကောင်းကင်နိုင်ငံကိုရောက်ဖို့ ပင်လယ်ပြင် ကိုဖြတ်သန်းခရီးနှင်နေကြရတဲ့ဘဝခရီးသွားတွေပါပဲ။ ကျွန်တော်တိုရဲ့ကိုယ်ပိုင်ဘဝလှေပေါ်မှာ ခရစ်တော်ပါဖို့လိုအပ် တယ်။ ခရစ်တော်မပါရင်တော့ဘဝက အားကိုးရာမဲ့နေမယ်။ နေစဉ်ဖြတ်သန်းနေရတဲ့ဘဝမှာ ခန္ဒာတာရဲ့ပူပန်ခြင်းဒုက္ခ မုန်တိုင်း၊ စိတ်ရဲ့ပူပန်ခြင်းဒုက္ခမုန်းတိုင်းခံစားရင်း နဲ့ ဝိညာဉ်ရေးတို့၏ ဒုက္ခမုန်တိုင်းတွေကို ခံစားကြရမယ် ကြုံတွေ့ ကြရမယ်။  တခါတရံမှာ ဝန်းနည်းမူအခက်အခဲးတွေ၊ သံသယဖြစ်မှု၊…

ကိုယ့်ပုံစံနဲ့ကိုနေရတာကျေနပ်ခြင်း

ကိုယ့်ပုံစံနဲ့ကိုယ်နေရတာကို ကျေနပ်ခြင်း ကိုယ့်ဘဝကိုယ် လက်ခံခြင်းဆိုတာက ကိုယ့်ကိုယ်ကို ကျေနပ်ခြင်းတစ်မျိုးပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး တစ်ခြားဘယ်သူ့နဲ့မှ တူအောင် မကြိုးစားတော့ဘဲ ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်ခြင်းဖြစ်ပါတယ်။ (the satisfaction of being yourself)​ ဆိုတဲ့ ကိုယ့်ပုံစံနဲ့ကိုယ် နေရတာကို ကျေနပ်ခြင်းဖြစ်ပါတယ်။ အခုလို ခေတ်ကာလဆိုးကြီးထဲမှာ ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတဲ့သူတွေ အများကြီးပါပဲ။ တစ်ခါတစ်ရံ လူတိုင်းမှာ ဒီလိုမျိုးတွေဖြစ်တတ်ပေမယ့် ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ကိုယ့်ဘဝကိုယ်ကျေနပ်တဲ့သူတွေဟာ self-esteem ဆိုတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းရှိသူတွေ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်…

ရဟန္တာသောမတ်စ်အကွီးနက်စ်

ဒီကနေ့အတွက် ရဟန္တာသောမတ်စ်အကွီးနက်စ်ရဲ့ အကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ရဟန္တာသောမတ်စ်ဟာတစ်ခေတ်တစ်ခါကပေါထွန်းခဲ့တဲ့သီအိုလော်ဂီပညာရှင်တွေထဲကတစ်မဦးအပါအဝင်ဖြစ်ပြီး(၁၂၂၅)ခုနှစ်မှာနေပယ်မြို့အနီးမှာရှိတဲ့မြင့်မြတ်တဲ့မျိုးရိုးကနေမွေးဖွားခဲ့ပါတယ်။ မွန်တေကာစီနိုမှာရှိတဲ့ဘက်နက်ဒက်ရသေ့ကျောင်းမှာပထမဦးဆုံးပညာသင်ကြားခဲ့ပြီးနေပယ်မြို့တက္ကသိုလ်ကျောင်းမှာပိုမိုအဆင့်မြင့်တဲ့ပညာရပ်တွေကိုတင်ယူခဲ့ပါတယ်။ အဲဒီမြို့မှာရှိတဲ့တရားဟောသူများအသင်းကိုစိတ်ဝင်းစားခဲ့ပြီးအသက်(၁၉)နှစ်အရွယ်မှာစိန်ဒေါမိနစ်ရသေ့ဂိုဏ်းဝတ်ရုံသင်ကန်းကိုရရှိခဲ့ပါတယ်။ သို့ပေမယ့်လို့လဲသူ့ရဲ့မိဘတွေကတော့စိန်ဘက်နက်ဒက်ရသေ့ဂိုဏ်းကိုဝင်စေလိုကြပါတယ်။ ဒါကြောင့်မို့လို့သူ့ရဲ့မိဘတွေဟာသူ့ကို‌ဒေါသထွက်ပြီးရဲတိုက်ထဲကိုအကျဥ်းသားတစ်ဦးပမာအတင်းအကပ်ပြန်ခေါ်လာခဲ့ကြပါတယ်။ ဒါ့အပြင်သူ့ရဲ့ခေါ်တော်မူခြင်းတဖြေးဖြေးနဲ့မှေးမိန်လာစေဖို့ရန်အတွက်သူ့ရဲ့အကိုတွေဟာသူ့ရဲ့အခန်းထဲကိုအမျိုးသမီးတစ်ဦးကိုထည့်ထားခဲ့ကြပါတယ်။ သို့ပေမဲ့လို့လဲသောမတ်စ်ကမီးတုတ်ကိုကိုင်ဆွဲပြီးအဲဒီအမျိုးသမီးကိုမောင်းထုတ်ခဲ့ပါတယ်။ နှစ်နှစ်ကြာအကျည်းချခံရပြီးတဲ့နောက်မှာသူ့ရဲ့မိသားစုဝင်တွေဟာသူ့ရဲ့အသင်းဂိုဏ်းကိုပြန်သွားဖို့ရန်အတွက်ခွင့်ပြုခဲ့ရပါတယ်။ (၁၂၄၅)ခုနှစ်မှာစိန်သောမတ်စ်ဟာပဲရစ်မြို့မှာရှိတဲ့သံအဲလ်ထံမှာပညာသင်ကြားဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခြင်းနဲ့ကြီးမားတဲ့ကိုယ်နေဟန်ထားတွေကြောင့်သူ့ကိုနွားအကြီးလို့နာမည်ပြောင်းပေးခဲ့ကြပါတယ်။ သံအဲဘတ်ကတော့သူ့ရဲ့အပေါင်းအပါတွေကိုအပြစ်တင်ပြီးမင်းတို့တစ်တွေသူ့ကိုနွားအကြီးလို့ခေါ်နေကြတယ်။ သို့ပေမယ့်လို့လဲသူဟာသူ့ရဲ့အသံကိုကမ္ဘာကြီးရဲ့ဝေးလံလှတဲ့အရပ်ဒေသတွေကြားသိစေလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလတတိယသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၂၄၊ ၁၊ ၂၀၂၃

ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ ကမ္ဘာပေါ်မှာ မိသားစုဟာ အနွေးထွေးဆုံး၊ အစည်းလုံးဆုံးလူ့ဖွဲ့စည်း‌လေ းတစ်ခုဖြစ်ပါတယ်။ မိသားစုမှာ အဖေနဲ့အမေ၊ မိဘနဲ့သားသမီးမောင်နှမအချင်းချင်းဆိုးတူကောင်းဘက် အချင်း ချင်ယောက်ကိုတစ်ယောက်ကိုကူညီဖေးမကြပါတယ်။ မိသားစုတွေဟာ တစ်ဦးရဲ့အားနည်းချက် အားသာချက်တွေ ကိုသိရှိကြတယ်နားလည်ကြတယ်။ ဘယ်လောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေ ပြန်လည်ကကြေးအေး သင့်မြတ်ဖို့ ဝန်မလေးကြပါဘူး။ ဘာလို့လဲဆိုတော့ခိုင်မြဲတဲ့မေတ္တာတရားဖြင့် မိသားစုကိုချည်နှောင်ထားလို့ဖြစ်ပါတယ်။ ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ သခင်ခရစ်တော် က ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်‌သောသူတွေဟာ ငါရဲ့မိဘ ညီအကိုမောင်နှမဖြစ်တယ်လို့အတိအလင်းပြောထားပါတယ်။ ခရစ်တော်ရဲ့မိသားစုဝင်တွေ မဖြစ်ချင်ကြဘူးလား။ ခရစ်တော်ရဲ့နှုတ်တော်ထက်စကားများကို နားထောင်ပြီးလိုက်နာကျင့်ကြံသူများဟာ ခရစ်တော်ရဲ့ ညီကိုမောင်နှမ၊ မိသားစုဝင်များဖြစ်တယ်။ တဖက်မှာလည်း သူတပါးမကောင်းကြောင်းပြောသူ၊ သူရဲ့နံမည်ဂုဏ်သတင်း အသရေဖျက်သူ များဟာစာတန်နတ်ဆိုးရဲ့ မိသားစုဝင်များဖြစ်တယ်လို့…