
ဖာသာရ် Paschal သီကိုရှင် (SDB) ဝါတွင်းတတိယသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၅၊ ၃၊ ၂၀၂၃

မတ်လ (၁၅) ရက် ၊ ဗုဒ္ဓဟူးနေ့ ဒီယနေ့ ကြားနာရတဲ့ ကျမ်းစာတော်မြတ်က ဘုရားသခင်ရဲ့ ပညတ်ဥပဒေကျမ်းတွေရဲ့ အရေးကြီးပုံကို ထောက်ပြ နေပါတယ်။ ဓမ္မဟောင်းကာလမှာတုန်းက ပေးခဲ့တဲ့ တရားကျမ်းတွေကို ဖျက်သိမ်းဖို့အတွက် ခရစ်တော်က ဆင်းကြွလာခဲ့ တာ မဟုတ်ပါ ဘူး။ တရားကျမ်းတွေကို ပိုပြီး ပြည့်စုံဖို့အတွက် လာခဲ့တာပါ။ သခင်ခရစ်တော်ရဲ့ အချိန်အခါတုန်းက လူတွေကလည်းထင် ချင်ထင်ကြမှာပါ။ ခရစ်တော်ဟာ ဥပဒေကျမ်းတွေကို အစားထိုးဖို့ ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ ထင်ကြတယ်။ ပညတ်ကျမ်း တွေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။…








