rvamyanmar

rvamyanmar

ဖာသာရ် Paschal  သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၉၊ ၆၊ ၂၀၂၂

               လူ့အသက်ကို မသတ်နဲ့ ဆိုတဲ့ ပညတ်ချက်က မိုးဇယ်အားဖြင့် ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တော်တစ်ပါး ဖြစ်ပါတယ်။ ဒီပညတ်ကိုကျူးလွန်ရင် ရုံး၌ အပြစ်စီရင်ခြင်းကို ခံရမယ်။ ဒါပေမဲ့ မိမိရဲ့ ညီအစ်ကိုအပေါ် အမျက်ဒေါသထွက် လျှင်လည်း ရုံးတော်မှာ အပြစ်စီရင်ခြင်းကို ခံရမယ်လို့ သခင်ခရစ်တော်က ထပ်မံပြီးတော့ မိန့်ကြားလိုက်ပါတယ်။ ဒေါသထွက်တာက အပြစ်လား။ ဒေါသအမျက်ထွက်ခြင်းဆိုတာ အပြစ်ရင်း ၇ ပါးထဲက တစ်ခုဖြစ်ပါတယ်။ ဒေါသကို လူတိုင်းထွက်ကြတယ်။ ထိန်းနိုင်တာနဲ့…

ဖာသာရ် Paschal  သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၈၊ ၆၊ ၂၀၂၂

         ဒီယနေ့ ကြားနာရတဲ့ ကျမ်းစာတော်မြတ်က ဘုရားသခင်ရဲ့ ပညတ်ဥပဒေကျမ်းတွေရဲ့ အရေးကြီးပုံကို ထောက်ပြ နေပါတယ်။ ဓမ္မဟောင်းကာလမှာတုန်းက ပေးခဲ့တဲ့ တရားကျမ်းတွေကို ဖျက်သိမ်းဖို့အတွက် ခရစ်တော်က ဆင်းကြွလာခဲ့ တာ မဟုတ်ပါဘူး။ တရားကျမ်းတွေကို ပိုပြီး ပြည့်စုံဖို့အတွက် လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ခရစ်တော်ဟာ ဥပဒေကျမ်းတွေကို အစားထိုးဖို့ ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ လူတွေက ထင်ကြတယ်။ ခရစ်တော်ဟာ ပညတ်ကျမ်းတွေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ ပြောင်းလဲဖို့လည်းမဟုတ်ဘူး။ ပညတ်ကျမ်းတွေကို မိမိကိုယ်တိုင် လိုက်ကျင့်ကြဖို့၊…

သံဗာနဘ နှင့် သံအန်ထော်နီ

ဒီကနေ့မှာတော့ဇွန်လ(၁၁)ရက်နေ့ရဲ့ ပွဲနေ့ရှင်ဖြစ်တဲ့ ” တမန်တော်သံဗာနဘ နှင့်ဇွန်လ (၁၃)ရက်နေ့ရဲ့ ပွဲနေ့ရှင်ဖြစ်တဲ့ သံအန်ထော်နီ ” တို့ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။

ဖာသာရ် Paschal  သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၇၊ ၆၊ ၂၀၂၂

      ဘုရားသခင်က သူဖန်းဆင်းထားတဲ့အရာရာတိုင်းကို သူ့ရည်ရွယ်ချက်နဲ့သူ ဖန်းဆင်းပေးထားခြင်းဖြစ်ပါတယ်။ ဘယ်အရာကမှ အဓိပ္ပါယ်မဲ့ ဖြစ်တည်လာတာ၊ဖန်ဆင်းလိုက်တာမျိုး မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်ဆင်းထားတာမို့ ရည်ရွယ်ချက်အတိုင်း အသက်ရှင်နေရမှာဖြစ်ပါတယ်။ သီးပင်စားပင်တွေလည်း သူ့အချိန်တန်ရင် သူသီးရမယ့်အသီးကို သီးမှ ဖန်ဆင်းခံတာဝန်ကျေပွန်မှာပါ။ လူကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ဖန်ဆင်းခဲ့တယ်။ ကျေးဇူးတော်တွေပေးထားတယ်။ ဒါကြောင့် ဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်အတိုင်း လူက အသက်ရှင် နေထိုင်ဖို့လိုတယ်။ အရိုးရှင်းဆုံး ဥပမာကိုပဲ ကြည့်ပါ။ အိမ်မှာရှိတဲ့ မီးလုံးတွေ၊ မီးချောင်းတွေဝယ်ပြီးတပ်ထားတာ အိမ်ကို အလင်းရောင်ရစေချင်လို့ပဲ။ အဲ့ဒီ မီးသီးမီးလုံးတွေက အလင် းမပေးနိုင်ရင်တော့ ဖြုတ်ပြီး လွှင့်ပစ်လိုက်မှာပဲ။…

ဖာသာရ် Paul သက်ခိုင်(မန္တလေး)သာမန်ကာလ (၁၀) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၆၊ ၆၊ ၂၀၂၂

     ချစ်လှစွာသော်ညီကိုမောင်နှမအပေါင်တို့ ဤ ကနေဟာ အသင်းတော်၏ မိခင်ဖြစ်တော်မူသော် သန့်ရှင်းသောမယ်တော်သခင်မရဲ့ပွဲတော်နေ့ဖြစ်ပါတယ်။ မနေ့က သန့်ရှင်သော်ဝိညာဥ်တော်ဘုရားပွဲနေ့အဖြစ်သတ်မှတ်ကျင်းပပြီတော် သန့်ရှင်းသော်ဝိညာဥ်တော် ဘုရားပွဲတော်ပြီး နောက်ရက်ကို Mater Ecclesiae Mary Mother of TheChurch အသင်တော်၏ မိခင်သန့်ရှင်းသောမာရီယာ ၏ ပွဲတော်နေ့ဆိုတဲ့   ခေါင်းစဥ် နှင့် ကျင်းပရန် Vatican ကနေ ၂၀၁၈ မတ်လ၃ရက်နေ့က pope Francis ကကြောငြာခဲ့ပါတယ်။ အင်မတန်မှ ခမ်းလှသော သန့်ရှင်းသောဝိညာဥ်တော်ဘုရားပွဲကို နောက်တမျိုးအနေနဲ့ ဘယ်လိုသိထားကြလဲဆိုတော့ အမိအသင်းတော်၏ မွေးနေ့လိုလည်း…