
ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၈၊ ၇၊ ၂၀၂၂

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ သိုးနဲ့ ပတ်သက်လာရင် ပြောစရာတွေက အများကြီးရှိတယ်။ ကျမ်းစာထဲမှာ သိုးထိန်းတို့၊ သိုးတို့ ဆိုတဲ့ စကား အကြိမ်ဖန်များစွာ ကြားနာဖတ်ရှုရပါတယ်။ သိုးတွေကို အိမ်မွေး တိရိစ္ဆာန်အဖြစ် ဂရုတစိုက်နဲ့ မွေးကြတယ်။ သိုးတွေကလည်း လူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို ပံ့ပိုးပေးကြတယ်။ သိုးကထွက်တဲ့ နို့၊ အသား၊ သိုးမွှေး စတဲ့ လူ့အသုံး အဆောင်တွေအတွက် အထောက်အကူပြုပါတယ်။ ဘုရားဝတ်ပြုခြင်း တွေမှာလည်း သိုးလေးတွေကို ပူဇော်သက္ကရ…







