rvamyanmar

rvamyanmar

ဖာသာရ် Paul သက်ခိုင်(မန္တလေး) သာမန်ကာလ (၂၃) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၅၊ ၉၊ ၂၀၂၂

သာမန်ကာလ (၂၃) ကြိမ်မြောက် တနင်္လာနေ့ (ရှင်လုကာ ၆း၆-၁၁)  မိခင်တွေကသူတိုရဲ့ရင်သွေးငယ်လေးရဲ့လက်ကိုဆုပ်လိုက်ဖြန်လိုက်နဲ့လုပ်နေတဲ့ချိုတိန်တိန်ဆိုတဲ့ အရာလေးကိုကမ္ဘာကျော်ကချေသည်တို့ရဲ့အကထက်ပိုပြီးကြည်ကောင်းတယ်လို့ခံစားတက်ကြပါ တယ်။ မိခင်တွေကသူတို့ရင်သွေးငယ်လေးများရဲ့ပါစပ်ကနေပူးပူးနဲ့မုတ်နေတဲ့အသံကိုလည်းကမ္ဘာ ကျော်တေးသံရှင်များရဲ့အသံထက်ပိုပြီးနားထောင်ကောင်းတယါလို့မှတ်ယူတက်ကြပါတယ်။ ဘာဖြစ်လိုအဲဒီလို့ဖြစ်ရလည်းဆို့တော့မိခင်ကသူရင်သွေးကိုသူကိုယ်ပွားလေးအဖြစ်မြင်ပြီးအရမ်း ချစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာကအကောင်းမြင်ခံစားစေပါတယ်၊ချစ်ခြင်း မေတ္တာကအားနည်းချက်ကိုတောင်ဖုံးကွယ်ပေးပြီးကောင်းကွက်နှင့်ဖြည့်ပြီးကြည့်တတ်ပါတယ်။ ဘုရားဖြစ်တဲ့သခင်ခရစ်တော်ကလူသားတွေကိုကြည့်တဲ့အခါထိုအကြည့်နဲ့ကြည့်ပြီချစ်ပေးတယ်။ ကျွန်ုတို့လူသားတွေဆိုတာကဘုရားသခင်ကသူရဲ့ရွှေပုံသဏ္ဍာန်တော်အတိုင်ဖန်ဆင်းခဲ့တဲ့သူချစ်တဲ့ သူရဲ့ကိုယ်ပွားတွေပါပဲ။ဒါကြောင့်ဘုရားသခင်ကဆင်ရဲတဲ့သူတွေကိုလည်းသနားတယ်။အနာရေားဂါ သည်တွေကိုလည်းသနာပြီးကုသပေးလေ့ရှိတယ်။ဤယနေဖတ်ရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာ ထိုအဖြစ်အဖြစ်ပျက်မျိုးကိုတွေ့ရှိရပါတယ်။ဥပုသ်နေ့တစ်နေ့မှာလက်ယာလက်သေနေတဲ့သူတစ် ယောက်ကိုတွေရပြီးသူပေါ်သနားခြင်းသက်ရောက်ကကုသပေးချင်ခဲ့တယ်။ဘုရားကထို့သို့ချစ်ခြင်း မေတ္တာထားပေမဲ့လူသားဖြစ်တဲ့ဖရီရှဲလ်တွေကဥပုသ်နေ့မှာကုသပေးရကောင်းလားဆိုပြီးနှောက်ယှက် တားဆီးလိုစိတ်ရှိခဲ့ကြပါတယ်။ထိုသို့စိတ်ထားရှိကြသည်ကိုသခင်ယေဇူးသိတော်မူလျက်သူတို့အား “သင်တို့အားငါမေးမြန်လို့၏ဥပုသ်နေ့၌ကောင်းမှုကိုပြုအပ်သလောသို့မဟုတ်မကောင်းမှုပြုအပ် သလော့။လူအသက်ကိုကယ်တင်အပ်သလော့သို့မဟုတ်ဖျက်စီးအပ်သလော့”။ဆိုပြီးသူတို့ကိုမေးခဲ့ ပါတယ်။ထို့သိုမိန်တော်မူပြီးနောက်လက်ယာလက်သေနေသောသူကို “သင်၏လက်ယာလက်ကိုဆန့် လော့”ဟုမိန်တော်မူပြီးကုသပေးခြင်းကြောင့်အကောင်းပကတိဖြစ်သွားပါတယ်။ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့်ဘုရားသခင်မှာလူသားတွေအပေါ်အစဉ်မေတ္တာပေးနေသော်လည်း၊လူသားတို့ဘက် မှာဘုရားသခင်အပေါ်ယုတ်ညံ့သောစိတ်ထားဖြင့်တုံ့ပြန်သည်ကိုလည်းကောင်း၊လူသာအချင်းချင်းအပေါ် မနာလိုခြင်းကိုလည်းကောင်းတွေရှိရပါတယ်။ဒါအပြင်သခင်ခရစ်တော်ဘုရားကမိမိလုပ်နေသောလုပ်ရပ် မှာမှန်ကန်ကောင်းမွန်သည်ဖြစ်၍သူတပါးတိုမှနှောက်ယှက်တာဆီးသော်လည်းအလျော့ပေးရပ်တန့်ခြင်း မရှိဘဲဆက်လက်လုပ်ဆောင်နေသည်ကိုတွေ့ရှိရပါတယ်။  မိတ်ဆွေတို့အချို့သောသူတွေကအကောင်းမြင်တတ်သလို၊အချို့ကဆိုးမြင်တတ်တာလည်းရှိပါတယ်။ မိမိကကောင်းတာကိုပြုလုပ်ရန်အားယူကြိုးစာနေတဲ့အချိန်မနာလိုသူတွေကပြစ်တင်ရှတ်ချတာတွေလည်း ရှိတတ်ပါတယ်။မိတ်ဆွေတို့ထိုအချိန်မျိုးတွေမှာမိမိလုပ်ဆောင်နေသောလုပ်ရပ်သည်မှန်ကန်ကောင်မွန်နေ ပါကသခင်ခရစ်တော်၏လုပ်ရပ်ကိုအတုယူပြီးပြီမြောက်အောင်ဆက်လက်လုပ်ဆောင်သင်ပါတယ်။ ဒါကြောင့်ညီအစ်ကိုမောင်နှမအပေါင်းတို့သင်တို့ကျွန်ုတို့လည်းသခင်ယေဇူးကိုအတုယူပြီးမိမိနှင်နီးစပ်သော သူမျာအပေါ်မေတ္တာရှေ့ထားကူညီစောင့်ရှောက်နိုင်ရန်နှင့်အတူဖရီဇေဦးတို့၏မနာလိုခြင်းမျိုးတို့ကိုရှောင်ရှာ သွားနိုင်ရန်ကြိုးစာရင်နှင်အတူလိုအပ်သောကျေးဇူးတော်များဆက်လက်တောင်းခံသွားကြပါစို့။

ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် စနေနေ့ သြဝါဒ ၃၊ ၉၊ ၂၀၂၂

ဒီနေ့​ကြားနာရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်း ၆:၁-၅ မှာ“ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက် တို့ကို ရှောင်ကြွတော်မူလျှင်၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်စားပါ တယ်၊ ဒါကိုမြင်တော့ ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကိုသင်တို့ဘာကြောင့်ပြုကြတာ လဲလို့ဆိုတော့၊ ယေရှုကိုယ်တော်က၊ ဒါဝိဒ်ဟာ မိမိအ အဖော်တို့နဲ့အတူ ဆာလောင်မွတ်သိပ်သောအခါ၊ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့် ကို ယူစား၍၊ မိမိအဖော်တို့အားပေးတဲ့အကြောင်းကိုမျှ သင်တို့သည်မဖတ်ဘူးသလော။ ထိုမှတပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူပါတယ်။ လောကကြီးမှ​၊အဖြူနဲ့အမဲ၊ အလင် နဲ့အမှာင်၊…

ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် သောကြားနေ့ သြဝါဒ ၂၊ ၉၊ ၂၀၂၂

ဒီနေ့ကြားနာရတဲ့အသက်ပေးတဲ့နုတ်ကပဥ်တော်၊ ရှင်လုကာဧဝံဂေလိကျမ်း(5:33)မှာ လူအချို့တို့ကယေဇူးသခင်ကိုမေးခွန်းထုတ်ပါတယ်၊ ယောဟန်၏တပည့်တို့နှင့်ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့ကိုအဖန်တလဲလဲပြုကြတယ်၊ ဒါပေမယ့်ကိုယ်တော်၏တပည့်ေတွကတော့ ဘာကြောင့် စားသောက်လျက်နေကြ ပါသလဲလို့ မေးလျှောက်ကြပါတယ်။ဒီတော့ကိုယ်တော်က၊ မင်္ဂလာဆောင်လုလင်ဟာမိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါသူတို့ကို အစာရှောင်စေနိုင်သလော။ မင်္ဂလာဆောင်လုလင်ကိုသူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူသွားသောအချိန်ကာလရောက်လိမ့်မည်။ထိုကာလအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။ အချိန်ရောက်လာအုံးမှာပါလို့ပြန်ဖြေပါတယ်။တင်းကြပ်တဲ့ဥပဒေတွေကိုလိုက်ကြပြီးပေါ့ပါးပြီးအလုပ်ဖြစ်တဲ့လုပ်ရမယ့်အရာတွေကိုလစ်လျူရူနေတာမျိုးလည်းကိုယ်တော်မလိုလားပါဘူး။ သူ့အရပ်နဲ့သူ့ဇာတ်လိုက်လျော့ညီထေွမူရှိနေရပါမယ်။ အူမတောင့်မှသီလစောင့်နိုင်တယ်ဆိုသလို၊ လိုအပ်တဲ့အစာကိုစားပြီးရရှိတဲ့အားတွေနဲ့လုပ်သင့်လုပ်ထိုက်၊ လုပ်ရမှာတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။အရာရာတိုင်းမှာသူ့အချိန်နဲ့သူရှိတယ်၊ ဒေသနာဆရာက ပညာဒေသနာကျမ်းအခန်းကြီး၃မှာဖေါ်ပြတာက “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ ဘွားချိန်နှင့်သေချိန်လည်းရှိ၏။စိုက်ပျိုးရသော အချိန်နှင့် စုသိမ်းရသေအချိန်လည်ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ညည်းတွားရသောအချိန်နဲ့ ကခုန်ရသောအချိန်လည်းရှိပါတယ်..” လို့ဆိုပါတယ်။ သတိပြုရမှာက အဓိကနဲ့သာမညာခွဲနိုင်ဖို့ပါပဲ။ အပေါ်ယံ…

ဖန်ဆင်းခြင်းရာသီ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီစဉ်မှာ စက်တင်ဘာလ 1 ရက်နေ့မှ အောက်တိုဘာလ 4 ရက်နေ့အထိ ကျင်းပမည့် ဖန်ဆင်းခြင်းရာသီ (Season of Creation 2022) အတွက် ၊ မန္တလေးကက်သလလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း၏ အမှာစကားကို ဝေမျှပေးလိုက်ပါတယ်။ #Laudato Si Myanmar invites you to celebrate Season of Creation 2022 from September 1 to October 4.…

ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၊ ၉၊ ၂၀၂၂

ဒီနေ့ကြားနာရတဲ့ကျမ်းစာတော်မှာ၊ အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက် ဖြစ်ပါစေ။ အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ” (၁ ကော ၃:၁၈-၁၉) မှာတွေ့ရပါတယ်။ လူတွေရဲ့ကောင်းလှပါတယ်ဆိုတဲ့ good idea ဟာဘယ်တော့မှ God’s idea ကိုမမှီဘူး။ လူတွေ​ရဲ့ကောင်းလှပါတယ်ဆိုတဲ့အတွေအခေါ်အကြံအစည်ဟာ ဘယ်တော့မှ ဘုရားရဲ့အကြံအစည်ကိုမမှီနိုင် ပါဘူး။ ဒါကြောင့်​လည်းမစုံလင်သောလူသားဟာ စံုလင်သောဘုရားနဲ့ပေါင်းစပ်အားကိုးချဥ်းကပ်ရပါမယ်။ ကိုယ်ညဏ်စွမ်းအားအရမ်းယံုစားပြီးမကြွားဝါပါနဲ့၊ သင့်ကိုခရစ်တော်ပိုင်တယ်ဆိုတာမမေ့ပါနဲ့။ ဒီနေ့ကြားနာ…

မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ

Deal ဒီနေ့မှာ မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ကိုင်တွယ် ဖြေရှင်းရတဲ့နည်းလေး မျှဝေပေးရင်း ပြောပြပေးချင်ပါတယ်။ ဒီနေ့ခေတ်မှာ Single Family Home  လို့ခါ်တဲ့  မိခင်(သို့)ဖခင်တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းတဲ့ခါမှာ အပေးအယူတွေလုပ်ရတယ်။ သဘောတူညီမှုတွေ ရယူရတယ်ဆိုတာတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေ မြင်နေရပါတယ်။ အိမ်ထောင်စုတစ်စုမှာ မိခင်မရှိတော့လို့ ဖခင်မရှိတော့လို့ မိဘနှစ်ပါးစလုံး ရှိပေမယ့် တစ် ယောက်က အရက်မူးယစ်ဆေးစွဲနေလို့ တစ်ဦးဦးက ရပ်ဝေးမှာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေ ရလို့…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၁၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ ရှင်လုကာ ၄း၃၈-၄၄  ယေဇူဘုရားရှင်ကဒီလောကထဲ့ကိုဆင်းကြွလာတာကဘုရားသခင်ရဲ့နိုင်ငံတော်နှင့်ဆိုင်ရာသတင်းကောင်း ကိုဟောပြောဖို့ဖြစ်ပါတယ်။ အခုလိုဟော‌ပြာခြင်းမပါပဲရောဂါတွေအမျိုးမျိုးကိုဘုရားရဲ့တန်ခိုးတော်နဲ့ကုသ နေရင်လူတွေဘုရားရဲ့တရားတော်တွေကိုမသိရှိပဲအနာရောဂါပျောက်ကင်တာပဲသကသက်ဖြစ်နေမယ်။ ဒါကြောင့်ဒီနေကျမ်းစာထဲမှာစီမွန်ရဲ့ယောက္ခမကိုရောဂါပြောက်ကင်စေတယ်။ ညနေအချိန်မှာလူနာတွေအား လုံးကိုရောဂါဝေဒနာတွေပျောက်ကင်းစေတယ်။ နတ်ဆိုးတွေကိုလည်းနှင်ထုတ်ပေးတယ်ဆိုတာဖတ်ရပါ တယ်။ ဒါကြောင်အဲဒီလူတွေကသခင်ယေဇူးကိုသူတိုဆီမှာပဲနေပါဘယ်မှမသွားပါနဲ့လို့တာကြပေမဲ့သခင် ယေဇူးကတေနာ့ငါတရားဟောဖို့လာတာဖြစ်လို့တခြာမြို့ရွာတွေကိုလည်းလိုက်လံဟောပြောမယ်လို့မိန့်တော် မူပါတယ်။ သခင်ယေဇူးဟောပြောတာတွေမှန်ကန်ကြောင်းရောဂါတွေကိုပျောက်ကင်းစေတဲ့တန်ခိုးတွေက သက်သေပြနေပါတယ်။ ရောဂါဝေဒနာတွေကုသပျောက်ကင်းတဲ့လက်တွေ့တန်ခိုးတွေမပါပဲဟောပြောတာ သက်သက်ပဲဆိုင်ရင်စကားသက်သက်ဖြစ်ပြီးဘာလက်တွေ့မှမြင်ရမှာမဟုတ်ပါဘူ။ ဒီလိုပါပဲကုသပျောင်ကင်း စေတဲ့တန်ခိုးတွေပဲရှိပြီးဟောပြောတာလည်းမပါရင်ကုသတဲ့တန်ခိုးတွေကလည်းဘာအဓိပ္ပါယ်မှရှိမှာမဟုတ် ပါဘူး။ ဒါကြောင့်ကျန်မာခြင်မယ်တော်ထံသဒ္ဒါကြည်ညိုနိုဗီနားလုပ်တဲ့အခါနှာစေးချောင်းဆိုကာယကျန်မာ ရေးသက်သက်ပဲနှုတ်ကပါဌ်တော်တရာကိုအလေးနက်မထားရင်ဘာကောင်းကျိုးမျှရှိမှာမဟုတ်ပါဘူး။ မစ္ဆားတရားမှာလည်းကျမ်းစာဖတ်၊ ဩဝါဒပေးတာမပါဘူးဆိုရင်ကိုယ်တော်မြတ်ပင့်ပြီးလည်းရင်ထဲ့မှာဟာ တာတာကြီးဖြစ်နေအုံးမှာပဲ။ ဗေလန်ကန္နီမယ်တော်ထံလာတာရောပျောက်၊ မပျောက်မမေးနဲ့သင်ကဘဝဟောင်း ကိုပဲပြန်သွားမှာလားလို့ပဲမေးပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာမျာခံစားရပါစေ။

လူတိုင်းမှာရှိသင့်သောအချက်ကလေးများ

ဒီကနေ့အတွက် လူတိုင်းမှာရှိသင့်သောအချက်ကလေးတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။လှည့်စား၊သစ္စာမဖောက်ပါနဲ့အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။မမုန်းပါနဲ့ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။စိတ်မပူပါနဲ့ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။အကောင်းမြင်တတ်အောင် ကြို းစားပါ။လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။အမြင့်ဆုံးမှန်းပါခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျို းပဲ။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါကိုယ်မျှော်လင့်ထားတဲ့…