
ဖာသာရ် George ရွှေထွန်း(ရန်ကုန်) သာမန်ကာလ (၂၇) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၂၊ ၁၀၊ ၂၀၂၂






သာမန်ကာလ (၂၆) ကြိမ်မြောက်သောကြာနေ့ ရှင်လုကာ ၁၀◌း၁၃-၁၆ အိုခိုရာဇင်မြိုသင်သည်အမင်္ဂလာရှိ၏၊ အိုဘက်ဇိုင်ဒါမြို့သင်သည်အမင်္ဂလာရှိ၏လို့ သခင်ယေဇူးသတိပေး တော်မူပါတယ်။ ဘာဖြစ်လို့ဒီနှစ်မြို့ကိုသတိပေးရတာလဲ။ သူတို့ဟာမာနကြီးတယ်ကိုယ်ရဲ့အပြစ်အမှား၊ အား နည်းချက်ကိုမမြင်ကြဘူး။ ကာဖါနအုပ်မြို့လည်းဒီအတိုင်းပဲကိုယ့်ကိုယ်ဖြောင့်မတ်တဲ့လူဆိုပြီး အကျင့်ပြောင်း လဲစရာမလိုဘူလို့ထင်နေကြတယ်။ နောင်တရစရာမလိုဘူးလို့ခံစားနေကြတယ်။ ပါရမီတွေကျင့်ကြံဖို့မလိုအပ် ဘူးလို့ထင်နေကြတယ်။ အဲဒီလိုမြိုးကြီးပြကြီးထဲကလူဂုဏ်တန်တွေဟာဘုရားကိုကိုးကွယ်ရမည့်အစား မိမိ ကိုယ်ကိုကိုးကွယ်နေကြတယ်၊ ပကာသနကိုးကွယ်နေကြတယ်။ ဘုရားကိုမရှာဖွေပဲငွေကိုသာရှာဖွေနေကြ တယ်။ အာဒန်နဲ့ဧဝတို့ရဲ့အပြစ်လိုပဲဘုရားကိုဘေးချိတ်ပြီးကိုယ်ကိုယ်တိုင်ဘုရားဖြစ်ခြင်နေကြတယ်။ ဒါကြောင့်ဘုရားမေ့၊ တရားမေ့ဖြစ်နေကြတယ်။ ဒီမြို့(၃)မြို့မှာပြခဲ့တဲ့သခင်ယေဇူးရဲ့တန်ခိုးတွေကိုဓမ္မဟောင် းကာလတုံးကဆိုးမိုက်လိုကန့်မီးတေါကျပြီးပျက်စီးခဲ့တဲ့ တီရာမြို့နဲ့စီဒွန်မြို့တိုမှာသာပြခဲ့ရင်တောင်အဲဒီမြို့ (၂)မြို့ပျက်စီခဲ့မှာမဟုတ်ဘူး။ အဲဒီမြို့ (၂)မြို့ကလူတွေချက်ချင်းနောင်တရကြမှာဘဲလို့ သခင်ယေဇူးကမိန် တော်မူခဲ့ပါတယ်။ သခင်ယေဇူးတန်ခိုးပြတာကိုမြင်တွေခဲ့ရတဲ့မြို့ (၃) မြို့ကလူတွေလိုပဲ ကျနော်တို့ခေတ်မှာ…

စက်တင်ဘာလ(၂၉)ရက်နေ့ သိကြားမင်းမီကာအဲလ်၊ ဂါဗြီအဲလ်နှင့်ရာဖါအဲလ်တို၏ပွဲနေ့ သခင်ယေဇူးလက်ထက်မှာသိကြားတမန်တွေကဘယ်လိုပါဝင်ကူညီပေးခဲ့လဲဆိုရင်သံယောဟန်ဗတ္တိစတား မွေးဖွားမည်အကြောင်းဇာခရိကိုအမိန်တော်ပြန်ခဲ့သလိုသခင်ယေဇူးမွေးဖွားမည်အကြောင်းသိကြာတမန် ဂါဗြီအဲလ်ကမယ်တော်မာရိယာကိုအမိန်တော်ပြန်ခဲ့တယ်။ သူငယ်တော်ယေဇူးလေးအတွက်အန္ဒရာယ်ကျ ရောက်တော့မည်အချိန်မှာသံဇူဇယ်ကိုအိမ်မက်ထဲမှာသိကြားတမန်ကသတိပေးပြီးဇဂျစ်ပြည်ကိုထွက်ပြေး ဖို့အမိန်တော်ပြန်ခဲ့သလိုပါလက်စတိုင်းကိုပြန်လာလို့ရပြီဖြစ်ကြောင်းလည်းသတိပေးခဲ့ပါတယ်။ သူငယ်တော်ယေဇူမွေးဖွားချိန်မှာလည်းသိကြားတမန်တော်တွေကသိုးထိမ်းတွေကိုသတင်းကောင်း လာပြောခဲ့ပါသေးတယ်။ သခင်ယေဇူးနှောက်ယှက်ခြင်းခံထမ်းပြီးတဲ့အချိန်မှာသိကြားတမန်တော်တွေ ကသခင်ယေဇူးကိုစားစရာတွေလာပေးတယ်ဆိုတာဖတ်ရပါတယ်။ ဂျက်ဆေမာနီဉယျာဉ်ထဲမှာသခင်ယေဇူး ကိုသိကြာတမန်တော်ကလာရောက်နှစ်သိမ်ပေးခဲ့ပါတယ်။ သခင်ယေဇူးကိုအဖမ်းမခံရအောင်သိကြားတမန် တော်တပ်တွေခေါ်လိုက်ရင်ခေါ်လိုရကြောင်းသခင်ယေဇူးကပီလတ်တူးမင်းကိုမိန်တော်မူခဲ့ပါတယ်။ သခင်ယေဇူးသေရာမှာပြန်ရှင်တုံကလည်းသင်္ချိုင်းဂူဝနှင့်သင်္ချိုင်းဂူထဲ့မှာသိကြားတမန်တော်တွေကိုတွေရ ပါတယ်။ ကမ္ဘာကုန်တဲ့အခါသိကြားတမန်တော်တွေနဲ့တကွသားတော်ဘုရားဟာဆင်းကြွလာမယ်လို့ သခင်ယေဇူကိုယ်တော်တိုင်မိန်တော်မူခဲ့ပါတယ်။ ရှေးဦးအသင်းတော်မာလည်းတပည့်တော်ကြီးတွေကို ထောင်ထဲမှလွတ်မြောက်အောင်သိကြားတမန်တော်တွေကတန်ခိုးပြခဲ့ပါတယ်။ ဘာသာသူတို့သိကြားတမန် တော်တွေဟာကျနော်တို့လူသားများရဲ့ကာယ၊ ဝိညာဉ်ရေးအတွက်အကူအည္ပေးဖို့ဖန်ဆင်းထားပါတယ်။ ကျနော်တို့တစ်ဦးဆီအတွက်လည်းကိုယ်စောင့်သိကြာတစ်ပါးစီခန့်အပ်ထားလို့ဘုရားသခင်ကိုကျေးဇူးတင် ချီးမွန်းကြပါစို့။ ကျနော်တို့နဲ့အတူနေ့ညမပြတ်အတူရှိပြီးကူညီလမ်းညွန်ပေနေတဲ့ကိုယ်စောင့်သိကြားထံမှာ လည်းဆုတောင်းဖို့အမြဲ့သတိရကြပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစာကြ ရပါစေ။
Parenting Ruler ဒီနေ့မှာ ဂျပန်လူမျိုးမိဘတွေက မိမိတို့ သားသမီးလေးတွေကို ကြီးပြင်းအောင် ထိန်းသိမ်း မွေးမြူနိုင်ဖို့ ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားပုံလေးတွေကို sharing ပေးရင်း တင်ပြပေးသွားချင် ပါတယ်။ ဂျပန်လူမျိုးတွေက သူတို့ကလေးတွေကို ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရအောင် ဖန်တီးကြပါတယ်။ ဒါကြောင့် ဂျပန်ကလေးတွေက ကမ္ဘာပေါ်မှာရှိတဲ့ အခြားတိုင်းပြည်က ကလေး တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်။ ပိုပြီး ပတ်ဝန်းကျင်နဲ့ ချစ်ချစ်ခင်ခင်နေတတ် ကြတယ်လို့ ကမ္ဘာကနေ ချီးမွမ်းတာကို ခံကြရတာပါ။ အဲဒီလို ကမ္ဘာကနေ ချီးမွမ်းရလောက်အောင်…

သာမန်ကာလ (၂၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ ရှင်လုကာ၉း၅၇-၆၂ ယေဇူးဘုရားရှင်ရဲ့နောက်တော်ကိုလိုက်ပြီးတပည့်တော်ကြီးများနည်းတူတရားဒေသနာကိုဟောပြောချင် တဲ့သူတွေကယေဇူးဘုရားရှင်ကိုဆင်ခြေအမျိုးမျိုးပေပြီးနောက်တော်ကိုလိုက်ဖို့နှောင့်နှေးနေကြပါတယ်။ လူတွေကိုဘုရားရဲ့တရားတွေဟောပြောပေးတာထက်ပိုအရေးကြီးတဲ့ကိစ်စမရှိတော့ပါဘူး။ ဒါကြောင့်ဘာ ဆင်ခြေမှတရားဒေသနာဟောပြောတာကိုနှောင့်နှေးစေလိုမြဖစ်ပါဘူ။ လူတစ်ယောက်ကလည်း “ကိုယ်တော် နောက်ကိုလိုက်ပါမယ်ဒါပေမဲ့ကျွန်ုပ်ရဲ့ဖခင်ကိုအရင်သင်္ဂြိုလ်ပါရစေ” တဲ့။ သူအဖေက အခုသေလုမျောပါးဖြစ် နေတာတော့မဟုတ်ပါဘူး။ သူဆိုလိုတာကအဖေသေပြီးမှနောက်တော်သို့လိုက်ပါရစေ။ အမွေကိစ္စတွေခွဲဝေပြီး မှာလိုက်ပါရစေလိုပြောခြင်းဖြစ်ပါတယ်။ ဒါကိုသခင်ယေဇူးပြန်ပြောတာကထူးဆန်းတယ်နော် “လူသေတို့သည် မိမိတို့၏လူသေများကိုသင်္ဂြိုလ်ပါရစေ”တဲ့သင်္ဂြိုလ်ခံရတဲ့လူတွေကလည်းလူသေတွေ၊ သင်္ဂြိုလ်ပေးတဲ့လူတွေက လည်းလူသေတွေပဲဖြစ်နေတယ်။ ဆိုလိုတာကတခြားလူတွေကအသေကိစ္စကိုလုပ်ကြပါလိပ်မယ်။ မင်းကတော့ အရှင်ကိစ္စကိုလုပ်ပါအမြဲတမ်းအသက်ရှင်နေတဲ့တရားကိုလိုက်ဟောပါလို့သခင်ယေဇူးကမိန်တော်မူလိုက်ခြင်း ဖြစ်ပါတယ်။ သခင်ယေဇူးကကျနော်တို့ဆီကဘာလိုချင်တာလဲ။ ပြီပြီလုံးလုံးအပ်နှံခြင်းပါပဲ့ဘုရားကိုချစ်ရာမှာ သခင်ယေဇူးရဲ့တရားတော်နောက်သို့လိုက်ရာမှာကိုယ်ကြိုက်တာလေးပဲရွေးလုပ်တာမဟုတ်ပဲနဲ့သခင်ယေဇူးရဲ့ တရားတော်အကုန်အစင်တစ်ခုမကျန်လိုက်နာဖို့ပြီပြီလုံးလုံးအပ်နှံဖို့ကိုဘုရားကတောင်းဆိုနေပါတယ်။ ကျတော် တို့ကထာဝရအသက်ကိုလိုချင်သလိုကားတိုင်ထမ်းဖို့ကိုလည်းမငြင်းပယ်ပါနဲ့။ ကျနော်တို့ကဘုရားရှင်ရဲ့သနား ခွင့်လွှတ်တာကိုလိုချင်သလို ဘုရားရှင်ရဲ့တရားမျှတတဲ့စီရင်ချက်ကိုလည်းလက်ခံရပါမယ်။ ဘုရားသခင်ဆီက ကိုယ်လိုချင်တာလေပဲးကွက်ပြီးးရွေးကြိုက်လိုမရပါဘူး။…

ဒီကနေ့အတွက် ” သိကြားမင်း မီကာအဲ ၊ ဂါဗြီအဲလ် နှင့် ရာဖါအဲလ် ” တို့အကြောင်းကို တင်ဆက်ပေးထားပါတယ်။Angel ဆိုတာ ဘုရားနဲ့လူကြားဆက်သွယ်ပေးပြီး ဘုရားရှင်ရဲ့သတင်းစကားတော်တွေကို လူတွေထံသယ်ဆောင်ပေးကာဘုရားရှင်မျက်မှောက်မှာအစဉ်ခစားခွင့် ချီးမွမ်းထောပနာပြုခွင့်၊အစေခံခွင့်ရတဲ့သူတွေArchangel ဆိုတာကတော့ ဘုရားရှင်ရဲ့အထူးစီမံကိန်းတော်တွေလုပ်ငန်းတော်တွေကို အောင်မြင်အောင်ပံံ့ပိုးကြတဲ့သိကြားတမန်တွေဖြစ်ပါတယ်။၀ိညာဉ်များသာရှိသော ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီး မတည်ရှိမှီက ပင်အမြင့်ဆုံးအဆင့်အတန်းအဖြစ် ဘုရားသခင်ဖန်ဆင်းခဲ့သည်။ သူတို့သည် ရုပ်ခန္ဓာမ ရှိဘဲသေခြင်းကင်းသော ၀ိညာဉ်များဖြစ်ကြသည်။ သူတို့၏အမည်နာမများသည် သူတို့၏ လုပ်ဆောင်မှုလုပ်ငန်းအရ ဘုရားသခင်ထံမှရရှိခဲ့သည်။ဘုရားသခင်နှင့်တူသောဟု အမည်ရသော မီကာအဲလ်သည် နတ်ဆိုးများ ကိုတိုက်ခိုက်ရန် တာဝန်ပေးခံရပြီး ဘုရားသခင်၏အာဏာကို လုယူမည်ပြုသောလူစီဖဲ ကိုသုခချမ်းသာဘုံမှ…

သာမန်ကာလ (၂၆)ကြိမ်မြောက်အင်္ဂါနေ ရှင်လုကာ ၉း၅၁-၅၆ အခုယေဇူးဘုရားရှင်ကဂျေရုဆလင်မြို့ကိုဦးတည်ပြီးတော့ခရီးဆက်သွားနေပါတယ်။ ဂျေရုဆလင်မြို့ ကိုရောက်ရင်သခင်ယေဇူးကဒုက္ခခံရမယ်၊ အသေခံရမယ်ဆိုတာကြိုတင်သိရဲ့သားနဲ့ ဂျေရုဆလင်မြို့ကို ပဲခရီးဆက်နေပါတယ်။ ဂျေရုဆလင်မြို့မှာဒီလိုဒုက္ခတွေကြုံမယ်ဆိုတာသိပေမဲ့ရှောင်လွဲမသွားပါဘူး။ ကျနော်တို့လည်းဘုရားသခင်အလိုတော်ကိုလုပ်ဖို့ဘာဒုက္ခတွေပဲကြုံတွေ့ပါစေဆက်လက်လျှောက်လှမ်း သွားဖို့လို့ပါတယ်။ သခင်ယေဇူးရဲ့ဒုက္ခခံခြင်း၊ အသေခံခြင်းပြီးမှာသေရာမှပြန်ရှင်နိုင်တဲ့ဘုရား ဆိုတာကို လူတိုင်းသိစေခြင်းအားဖြင့်ဘုရားစစ်ဘုရားမှန်ကိုလူတွေသိရှိနားလည်လာနိုင်မှာဖြစ်ပါတယ်။ အခုလို ဂျေရုဆလင်သွားတဲ့လမ်းမှာဆာမာရိတန်ရွာကိုဖြတ်သွားတဲ့အခါဆာမာရိတန်ရွာကလူတွေကသခင်ယေဇူး တို့အဖွဲ့ကိုလက်မခံကြပါဘူး။ ဒါကိုတပည့်တော်ကြီးတွေကကောင်းကင်ကမီးကျလာပြီးဆာမာရိတန်ရွာကို ဖျက်ဆီးစေချင်တယ်။ ဒါပေမဲ့သခင်ယေဇူးကလက်မဃ့ပါဘူး။ တရားဒေသနာဟောပြောဖို့သွားတာကိုလက် မခံကြတဲ့ရွာတွေရှိရင်သင်တိုခြေထောက်မှာကပ်ပါလာတဲ့သူတို့ရွာကမြေမှုန့်ကိုပင်ခါပြစ်ခဲ့ကြပါလိုပဲသခင်ယေဇူး ကသင်ပေခဲ့တာပါ။ အခုတော့တပည့်တော်ကြီးတွေကတစ်ရွာလုံးမီးကျပြီးလောင်ကျွမ်းပျက်ဆီးစေချင်သတဲ့။ ကျနော်တိူ့လည်းကိုယ်ကိုထိခိုက်စော်ကားသူတွေကိုအဲဒီလိုပျက်ဆီးစေချင်ကြတာပါဘဲ။ ပျက်ဆီးပါစေလို့လည်း ဆုတောင်ဖူးကြတယ်မဟုတ်ဘူးလား။ ဘာသာသူတိုစီရင်ဆုံဖြတ်တဲ့အလုပ် ကဘုရားအလုပ်ပါ ဘုရားကအဲ့လို မတရားလုပ်သူတွေကိုသေချာပေါက်စီရင်ပါလိပ်မယ်။ ဘုရားသခင်ရဲ့စီရင်ချက်ကပျော့ညံ့ညံ့လိုသင်ထင်နေ သလား။ “လည်ပင်မှာကြိတ်ဆုံကျောက်စွဲ့ပြီးပင်လယ်ထဲ့ချမယ်” လို့ကျမ်းစာထဲ့မှာတွေရတယ်နော်ပျော့ညံ့ညံ့ လိုမထင်လိုက်နဲ့။ ဘုရားရဲ့စီရင်ချက်ကသေပြီးမှဖြစ်မှာပါကွာလို့လည်းမထင်လိုက်နဲ့။…