rvamyanmar

rvamyanmar

ဖာသာရ်  Alphonse အောင်ကိုလတ်(မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၁၊ ၇၊ ၂၀၂၂

       ခရစ်တော်၌ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖိနိပ်မှူ ညင်းပမ်းနိပ် စက်မှူတွေရှိတယ် မည့်သည့်အသိုင်းဝိုင်းမှာမဆိုအကြမ်းဖက်မှူနှင့် စစ်ပွဲဆိုတာလည်းရှိတယ်။ ဒါတွေဘယ်လိုစတင်ခဲ့သလဲ ဆိုတာကိုလေ့လာြကည့်ရအောင်၊ နိုင်ငံရေးမှာပါ၊ဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂိုလ်တွေရဲ့ပရောဂအပြင်(တရားမျှတမှူမရှိခြင်း၊ သွေးမြေကျရခြင်းများရဲ့နောက်ကွယ်မှာ နောက်ကွယ်မှာ အကြောင်းရင်းတွေအများကြီးရှိမယ် ဆိုတာသေချာတယ်) ။ အဓိကအရင်းအမြစ်ကတော့ နှစ်ချက်ရှိတယ် ၁)မလုံခြုံမှူ နှင့် ၂) သည်းမခံနိုင်ခြင်း တို့ဖြစ်တယ်။  ဒီနေ့ကြားနာရတဲ့ပထမကျမ်းစာထဲမှာ ဖါရာအိုဘုရင်က အီဇရာအဲလ်လူမျိုးစုရဲ့ တိုးပွား၊ သန်မာလာမှူဓကြာင့် ထိပ်လန့်ပြီး သူတို့ကိုညင်းပမ်းနိပ်စက် ဖိနိပ်တဲ့အကြောင်းကြားနာရတယ်အကျိူးဆက်အနေနဲ့သူတို့ကိုအလုပ်ကြမ်းလုပ်ခိုင်းပြီး၊ ကျွန် အဖြစ်ဆက်လက်ထားခဲ့တယ်/နောက်ဆုံးမှာသတ်ဖြတ်ငြင်းဆဲခြင်းပြုသည်အထိဖြစ်လာခဲ့တယ် / ဘယ်လောက်ထိဆိုးသလဲ ဆိုတော့မွေးဖွားပြီးခါစ ယောကျာ်းလေးများကိုပင်သတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်၊မလုံခြုံမှူ၊ သည်းမခံနိုင်မှူတွေကို…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် တနင်္ဂနွေနေ့  သြဝါဒ ၁၀၊ ၇၊ ၂၀၂၂

ဒီကနေ့ ဧဝံ‌ဂေလိကျမ်းစာတော်မြတ်မှာ ကောင်းသောဆာမာရီတန်အကြောင်း ဖတ်ရှုကြားနာရတယ်။ ခဏ ခဏ ကြားနေ‌ရတဲ့ ကျမ်းချက်ဖြစ်တယ်။ အားလုံးနဲ့ ရင်းနှီးနေပြီးသား ကျမ်းပိုဒ်ဖြစ်ပေမဲ့ နားလည်ရလွယ်သလိုဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာ အသက်တာအတွက်သာမက နေ့စဉ်ဘဝအသက်တာအတွက်ပါ အမြဲထောက်ရှုကျင့်ကြံရမဲ့ ကျမ်းပိုဒ်တစ်ခု ဖြစ်တယ်။ ကျမ်းတတ်ဆရာက ကျွန်ုပ်နဲ့နီးစပ်သူက ဘယ်သူလဲလို့ သခင်ယေဇူးကို မေးတယ်၊ သခင်ယေဇူးက ပုံဥပမာနဲ့ ပြောပြပြီး  သုံးယောက်ထဲက ဘယ်တစ်ယောက်က ဒဏ်ရာရနေတဲ့သူရဲ့ နီးစပ်သူ ဖြစ်သလဲလို့ ပြန်မေးခဲ့တယ်။ *ဘယ်သူက နီးစပ်သူလဲ။   နိုင်ငံတူ၊ လူမျိုးတူ၊ ဒေသတူ၊ ဘာသာတူ ဒါမှမဟုတ် အိမ်နီးနားချင်းတွေကို…

ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် စနေနေ့ သြဝါဒ ၉၊ ၇၊ ၂၀၂၂

ဇူလိုင်လ ၉ ရက်၊ ၂၀၂၂                 ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊ မွေးကင်းစ ကလေးအရွယ်က စပြီး လူလားမြောက် ကြီးပြင်းလာတဲ့ အထိ ကြောက်စိတ်ဆိုတာ လူမှာ စွဲကပ်ပါလာခဲ့ပါတယ်။ ကိုယ့်နဲ့ မရင်းနှီးတဲ့ ကမ္ဘာသစ်တစ်ခုမှာ စတင်ခြေချရတော့မယ့် ကလေးတစ်ယောက်က ကြောက်ရွံ့ခြင်းကို ငိုကြွေးသံနဲ့ အစပြုခဲ့တယ်။ ကြောက်စရာတွေကလည်း များမှ များ။  နာမှာ လည်း ကြောက်ကြ။ သေမှာလည်း ကြောက်ကြ။  အရှက်ကွဲမှာ ကြောက်ကြနဲ့။ တချို့ဆို…

ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၈၊ ၇၊ ၂၀၂၂

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂           သိုးနဲ့ ပတ်သက်လာရင် ပြောစရာတွေက အများကြီးရှိတယ်။ ကျမ်းစာထဲမှာ သိုးထိန်းတို့၊ သိုးတို့ ဆိုတဲ့ စကား အကြိမ်ဖန်များစွာ ကြားနာဖတ်ရှုရပါတယ်။ သိုးတွေကို အိမ်မွေး တိရိစ္ဆာန်အဖြစ် ဂရုတစိုက်နဲ့ မွေးကြတယ်။ သိုးတွေကလည်း လူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို ပံ့ပိုးပေးကြတယ်။ သိုးကထွက်တဲ့ နို့၊ အသား၊ သိုးမွှေး စတဲ့ လူ့အသုံး အဆောင်တွေအတွက် အထောက်အကူပြုပါတယ်။ ဘုရားဝတ်ပြုခြင်း တွေမှာလည်း သိုးလေးတွေကို ပူဇော်သက္ကရ…

ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၇၊ ၇၊ ၂၀၂၂

           ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက တပည့်တော်ကြီးတွေကို တာဝန်တွေပေးပြီး တရာ ဒေသနာတော်ဟောဖို့ စေလွတ်တာကို တွေ့ရတယ်။ လမ်းခရီးအတွက် ဘာမှကို မယူခိုင်းဘူး။ ပိုက်ဆံ လည်း မယူနဲ့။ ငွေကြေးလည်း မဆောင်နဲ့။ စားစရာလည်း မသယ်နဲ့။ ဖိနပ်ကိုပဲစီးပြီး အင်္ကျီ ကိုတောင် နှစ်ထည် မယူဖို့မှာခဲ့ပါတယ်။ သေချာကြည့်ရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ခရီးထွက်ခိုင်းတာ။ ခု ခေတ်မှာများ ဒီလိုပုံစံနဲ့ သာသနာပြုကြဟေ့လို့ သခင်ယေဇူးက မိန့်ကြားမယ်ဆိုရင်…

အိမ်ထောင်ပြုခြင်းရဲ့ လျှို့ဝှက်ချက်များစွာတွေထဲက တချို့သော လျှို့ဝှက်ချက်ကို မျှဝေပေးသွားချင်ပါတယ်။

Secrets of marriage    ဒီနေ့မှာ အိမ်ထောင်ပြုခြင်းရဲ့ လျှို့ဝှက်ချက်များစွာတွေထဲက တချို့သော လျှို့ဝှက်ချက်ကို မျှဝေပေးသွားချင်ပါတယ်။    ဒီလျှို့ဝှက်ချက်တွေကို အိမ်ထောင်မပြုသေးတဲ့ single တွေကော အိမ်ထောင်ရှင်တွေကော relationship တည်ဆောက်တဲ့သူတွေကော လိုအပ်မယ် အထောက်အကူတစ်ခုရလိမ့်မယ်လို့ ထင်ပါ တယ်။    အိမ်ထောင်တစ်ခု ထူထောင်တယ်၊ အိမ်ထောင်ပြုတယ်ဆိုတာ ဘဝတစ်ခုမှာ အင်မတန် နက်နဲတဲ့ တခါတလေလဲ ခက်ခဲတယ်ဆိုတာ တော်တော်များများကတော့ သိကောင်းစရာပါ။    ဥပမာ လူတစ်ယောက်က ကားမမောင်းတတ်ဘူး။ ဒါပေမယ့် လူအများ မောင်းနေတာ မြင်တော့ သူလည်း ကားပေါ်တက်ပြီး ဟိုခလုတ်နှိပ်လိုက်…

ဩဇာအာဏာ

ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက် ဩဇာအာဏာဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်းတိုင်း၊တိုင်းနိုင်ငံတိုင်းကိုအုပ်ချုပ်စီမံနေသူများမှာဩဇာအာဏာရှိသူများပင်ဖြစ်သည်။ထိုဩဇာအာဏာကိုပိုင်ဆိုင်ထားသူများသည်၎င်းလူ့အဖွဲ့အစည်းများနှင့်တိုင်းနိုင်ငံများကိုမေတ္တာစစ်ဖြင့်အုပ်ချုပ်ဉီးဆောင်ပါလျှက်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောစေမည်သာဖြစ်သည်။သို့သော်အုပ်ချုပ်သူများသည်ထိုဩဇာအာဏာကိုအလွဲသုံးစားပြုလုပ်မိပါကထိုတိုင်းနိုင်ငံ၊အဖွဲ့အစည်းအားပျက်စီးဆုံးရူံးဆုတ်ယုတ်သွားစေမည်သာဖြစ်သည်။” Authority ” ဟူသောစကားသည်လက်တင်စကားလုံးမှတဆင့်အင်္ဂလိပ်စကားလုံးမှဆင်းသက်လာခြင်းဖြစ်သည်။အဓိပ္ပါယ်မှာတိုးပွားစေရန်၊များပြားစေရန်ဟူ၍ဖြစ်သည်။ထို့ကြောင့်ဤဩဇာအာဏာကိုအုပ်ချုပ်ခံလူသားများ၏ကြီးပွားချမ်းသာ၊တိုးတက်ရေးအတွက်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ကမ္ဘာပေါ်ရှိမည်သည့်အဖွဲ့အစည်းမဆိုဩဇာအာဏာဖြင့်စနစ်တျစီမံအုပ်ချူပ်မှုမရှိပါလျှင်ထိုအဖွဲ့အစည်းးသည်အချိန်တိုအတွင်းပြိုကွဲပျက်စီးသွားမည်သာဖြစ်သည်။ဩဇာအာဏာဟူသမျှသည်ဘုရားသခင်ထံမှရရှိခြင်းသာဖြစ်သည့်အလျောက်ထိုဆုလဒ်တော်ဖြင့်အများအကျိုးအတွက်လုပ်ဆောင်အစေခံရမည်ဖြစ်သည်။ကျွန်ုပ်တို့ခရစ်ံယာန်ယုံကြည်သူများအတွက်ဩဇာအာဏာအရှိဆုံးနှင့်အနှိမ့်ချဆုံးသောအစေခံကောင်းတစ်ဦးကိုဖော်ပြပါဆိုလျှင်သခင်ခရစ်တော်ကိုသာညွန်ပြရမည်ဖြစ်သည်။ဩဇာအာဏာပေးအပ်ခြင်းခံရသောသူတို့သည်သူတို့၏အုပ်ချူပ်ခံလူသားများအတွက်ဘုရားသခင်ခန့်အပ်ထားသောအစေခံများနှင့်အကျိုးတော်ဆောင်များသာဖြစ်ကြသည်။လောကသို့သခင်ခရစ်တော်ဆင်းကြွလာခြင်းမှာလည်းတပါးသူကိုစေခိုင်းရန်မဟုတ်ဘဲတပါးသူ၏အစေကိုခံရန်သာဖြစ်သည်။ထိုနည်းတူအဖွဲ့အစည်းတစ်ခု၏အကြီးအကဲခေါင်းဆောင်လုပ်သောသူသည်ထိုအဖွဲ့အစည်းအပေါ်အာဏာရှင်ဆန်သောသဘောနှင့်အုပ်ချုပ်မင်းလုပ်ရန်မဟုတ်ဘဲသခင်ခရစ်တော်၏ဘဝသက်တာကိုအတုယူပြီးအစေခံရန်သာဖြစ်သည်။ဩဇာအာဏာရှိသောအကြီးအကဲတစ်ဦး၏ကောင်းသောအကျင့်ပုံစံသည်လက်အောက်ငယ်သားများကသူ၏ဦးဆောင်လမ်းညွန်မှုကိုလိုလိုလားလားလိုက်နာနိုင်ရန်အတွက်အလွန်ပင်အရေးပါလေသည်။အုပ်ချူပ်ခံငယ်သားများ၏လိုအပ်ချက်များကိုသိရှိနားလည်ရန်သူတို့နှင့်တရင်းတနှီးဆက်ဆံရမည်ဖြစ်သည်။သူတို့၏အသံ၊ခံစားချက်များကိုနားထောင်၊မျှဝေခံစားပေးနိုင်ရမည်။အဖွဲ့အစည်း၊အသိုင်းအဝိုင်းတစ်ခု၏အုပ်ချူပ်ပုံစည်းစနစ်များလည်းထိုအသင်းအဖွဲ့၌ပါဝင်နေသူများ၏ရှုပ်ထွေးလှသောလူ့အခြေအနေအပေါ်မူတည်၍များစွာပြောင်းလဲလာတတ်သည်။လူတစ်ဦး၏အကြောင်းစိတ်တေစိတ်ထားကိုသိလိုလျှင်သူ့ကိုနေရာ၊အာဏာ၊လုပ်ပိုင်ခွင့်ကိုပေးကြည့်ပါဟူသောပညာရှိဆိုရိုးစကားကိုကြားဖူးကြပေလိမ့်မည်။ပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များအားလုံးသည်ပုံမှန်အခြေအနေအတိုင်းသူ့ဘောင်နှင့်သူစီးဆင်းနေလျှင်အလွန်ပင်တင့်တယ်လှပသည့်အပြင်ကမ္ဘာလူသားများနှင့်သက်ရှိသတ္တဝါ၊သစ်ပင်ပန်းမာလာများအားလုံးအတွက်မရှိမဖြစ်လိုအပ်၍အကျိုးပေးသောအရာလည်းဖြစ်ပေသည်။သို့သော်ထိုပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များသည်ထိုပုံမှန်အခြေအနေထက်များပြားပြည့်လျှံကာသူ့ဘောင်ကျော်လာပါကအရာရာကိုဖျက်ဆီးပြီးအကျိုးယုတ်ဆုံးရူံးစေသောအရာတစ်ခုဖြစ်လာပြန်သည်။ထိုနည်းတူတိုင်းနိုင်ငံနှင့်လူ့ဘောင်အဖွဲ့အစည်းအသီးသီးကိုဦးဆောင်အုပ်ချူပ်နေကြသောဩဇာအာဏာရှိသူတို့သည်အထက်တွင်ဖော်ပြခဲ့သောဩဇာအာဏာ၏သဘောသဘာဝနှင့်ရည်ရွယ်ချက်များထက်ကျော်လွန်၍အာဏာရှင်ဆန်၊အတ္တ၊မာန၊လောဘဆန်နေပါလျှင်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောရေးအတွက်အစေခံမဟုတ်ပဲခေတ်နောက်ပြန်ဆွဲကာအကျိုးယုတ်ဆုံးရူံးစေသောသေမင်းတမန်များပင်ဖြစ်နေကြပါလိမ့်မည်။ဤကဲ့သို့အာဏာရှင်ဆန်သောခေါင်းဆောင်များကိုမည်သည့်နိုင်ငံမည်သည့်အဖွဲ့အစည်းမျှမလိုလားကြပေ။မည်သည့်ခေါင်းဆေင်မဆိုသူအုပ်ချူပ်နေသောထိုတိုင်းပြည်၊ထိုအဖွဲ့အစည်းအတွက်အကျိုးရလဒ်ဖြစ်ထွန်းရန်ရည်ရွယ်ကာချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ဆိုလိုသည်မှာထိုကဲ့သို့ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ချမှတ်ထားသောတရားဥပဒေမူဝါဒစည်းမျဥ်းစည်းကမ်းများအားလုံးကိုမိမိကိုယ်တိုင်လည်းလိုက်နာရမည်။