
ဖာသာရ် Aloysius နေမျိုးဆွေ (မန္တလေး) သာမန်ကာလ (၂၉) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၁၆၊၁၀၊ ၂၀၂၂



ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ ” A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။…

၁၅ အောက်တိုဘာ ၂၀၂၂ Sin Against the Holy Spirit လူသားကိုနှုတ်ဖြင့်ပြောဆိုပြစ်မှားသောသူသည်အပြစ်မှခွှင့်လွှတခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ် တော်မြတ်ကိုထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ ဝိညာဥ်တော်မြတ်ကိုထိ ခိုက်ပြစ်မှားတဲ့သူက eternal sin ထာဝရတည်တံ့နေမဲ့အပြစ်ကိုကျူးလွန်တာဖြစ်တယ်၊ သူကဘယ်တော့ မှခွင့်လွှတ်ခြင်းမခံရနိုင်ဘူးဖြစ်တယ်။ ဝိညာဥ်တော်မြတ်ကိုထိခိုက်ပြစ်မှားတဲ့အပြစ်ကဘာလဲ။ ဘာလို့ထာဝရအပြစ်ဖြစ်ပြီး၊ ခွှင့်လွှတ်လို့မရနိုင်ရတာလဲ။ ဒီနေရာမှာ သခင်ယေဇူးမိန့်တော်မူတာကိုနား လည်ဖို့ဆိုရင် ဒီသွန်သင်ချက်တွေကို မိန့်ဆိုခဲ့တဲ့ ဖြစ်ရပ်ကိုသိရမှာဖြစ်ပါတယ်။ ကိုယ်တော်က လူတစ် ယောက်ထဲကနေ နတ်ဆိုးကိုနှင်ထုတ်ပေးခဲ့တဲ့အချိန်ဖြစ်တယ်။ ဖါရီဇီတွေ၊ ကျမ်းတတ်ဆရာတွေ နဲ့ ဂျူး အယောက်တိုင်းလက်ခံတဲ့ ဂျူးဓမ္မဗေဒမှာ မကောင်းဆိုးဝါးကိုနှင်ထုတ်ခြင်းလိုမျိုး…

ဘုရား၏ပုံစံကဘာနဲ့တူသလဲ။ ငါ၏မိတ်ဆွေတို့ သင်တို့အားငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီးနောက်ထပ်မည်သို့မျှမပြုနိုင်သောသူ တို့ကိုမကြောက်ကြနှင့်။ စာငှက် ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့်ရောင်းချသည်မဟုတ်လော။ ယင်း တို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ရှေ့တော်တွင်မေ့လျော့ထားခြင်းမခံရ။ သင်တို့၏ဦးခေါင်း၌ ရှိသ မျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့်မကြောက်ကြနှင့်။ ဘုရားက ကိုယ့်အတွက် လက်တွေ့ကျကျ ရှိနေပေးတယ် ဆိုတာကို ဘာ့ကြောင့် ကျွန်တော်တို့ရှင်းရှင်း လင်လင်း မသိနိုင်ကြတာလဲဆိုတာအတွက် ဓမ္မဗေဒပညာရှင် Karl Rahner က အခုလိုမေးခွန်းတွေနဲ့ သုံးသပ်ဖို့ပြုလုပ်ခဲ့ပါတယ်။ ကိုယ်က မတရားပြုမူခံနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ခုခံပြောဆို ဖို့ စိတ်ထဲအရမ်းကိုဖြစ်နေပေမဲ့ တိတ်ဆိတ်နေလိုက်တဲ့ အတွေ့အကြုံမျိုးကြုံရခဲ့ဖူးသလား။…

၁၃ အောက်တိုဘာ ၂၀၂၂ ဖါရီဇီတွေနဲ့ ကျမ်းတတ်ဆရာတွေက အီစရာအဲလ်လူမျိုးတွေရဲ့ လူမှုရေး၊ ယဥ်ကျေးမှု၊ နဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်ကြတယ်။ ဒါမဲ့ ဒီကနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာမှာ သူတို့တွေလက်ခံဖို့ခက်ခဲတဲ့ သူတို့ရဲ့အဖြစ်မှန်ကို သခင်ယေဇူးက ထုတ်ဖေါ်မိန့်ဆိုတယ်။ သင်တို့သည် သင်တို့၏ဘိုးဘေးများသတ် ဖြတ်ခဲ့သောပရောဖက်တို့၏သချိုင်းဂူများကိုတည်ဆောက်ကြ၏။ ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဘိုး ဘေးတို့၏လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကိုသင်သေခံသူများဖြစ်ကြ၏။ သူတို့တွေက ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြပေမဲ့ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက ပရောဖက် တွေနဲ့ ဘုရားစေလွှတ်လိုက်တဲ့လူတွေကို သတ်ခဲ့ကြတဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာကြသူတွေဖြစ် တယ်။ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက သူတို့သမိုင်းရဲ့ ဒီအပိုင်းကို ဖုန်းကွယ်ဖျောက်ဖျက်ဖို့ကြိုးစားကြ…

Save Marriage ဒီနေ့ခေတ် အိမ်ထောင်ရေးတွေမှာ ဇနီးမောင်နှံတွေကြား relationship တွေက သေသွား နေသလို မြင်တွေ့နေရတဲ့အတွက် မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။ ခုခါမှာ ကျွန်မ ဝန်းကျင်မှာ အိမ်ထောင်ကွဲသွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ relationship အဆုံးသတ်သွားတဲ့ခါ နောင်တကြီးစွာ ရနေတာကို တွေ့နေရတယ်။ တချို့ကျပြန်တော့ အိမ်ထောင်မကွဲပေမဲ့ အဆုံးသတ်ချင်နေကြတယ်။ ဘာဖြစ်လို့ အဆုံးသတ်သွားကြတာလဲ? တချို့ကျတော့ divorce မလုပ်ဘူး။ ဒါပေမယ့် အပေး အယူတွေလုပ်ပြီး မပျော်မရွှင်နဲ့ relationship ကို…


ဒီကနေ့အတွက် သံတာမာဂရက်မေရီရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။သံတာမာဂရက်မေရီသည်ယေဇူးရွှေနှလုံးတော်၏တမန်တော်ဖြစ်ပြီး(၁၆၄၇)ခုနှစ်တွင်ပြင်သစ်ပြည်ဂျနောစ်မြို့၌ဖွားမြင်ခဲ့သည်။သူမ၏ဖခင်သည်သူမငယ်ရွယ်စဉ်ကပင်ကွယ်လွန်ပြီးနောက်ပိုင်း၌သူမသည်မိမိအားကျွန်ကဲ့သို့ဆက်ဆံသူအဒေါ်၏ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံနိုင်ရည်ရှိရန်ကိုယ်တော်မြတ်စက္ကမင်တူးကိုခွန်အားရယူရာအဖြစ်သိရှိခဲ့သည်။အသက်(၂၀)အရွယ်တွင်သူမမိသားစု၏ကန့်ကွက်မှုများကြားမှပါရေလေမိုနီရယ်မြို့ရှိလှည့်လည်ကူညီရိုင်းပင်းသောသီလရှင်ဂိုဏ်းထဲသို့ဝင်ရောက်ခဲ့သည်။သူမ၏သီလရှင်လောင်းဘဝသက်တာသည်ခက်ခဲကြမ်းတမ်းခဲ့သည်။သို့သော်လည်း သူမသည်အခက်အခဲပေါင်းစုံကိုသည်းခံစွာခံထမ်းခဲ့သည်။(၁၆၇၃)ခုနှစ်ဒီဇင်ဘာ(၂၇)မှစ၍(၁၈)လပတ်လုံးသခင်ယေဇူးသည်သူမအားဘုရားကျောင်းမစ္ဆားပလ္လင်မှနေ၍ကိုယ်တိုင်ထင်ရှားပြခဲ့သည်။သခင်ယေဇူးသည်သူမအားဖိတ်ခေါ်၍ရွှေနှလုံးတော်၏ချစ်ခြင်းမေတ္တာကြီးမားပုံကိုဖော်ပြခဲ့သည်။ထို့အပြင်လူများထိခိုက်စော်ကားနေကြသောမကောင်းမှုများကိုပြန်လည်ပြုပြင်ပြောင်းလဲလာစေရန်ဆက်ကပ်ပူဇော်မှုများပြုလုပ်ရန်ပြောကြားခဲ့သည်။လ၏ပထမသောကြာနေ့တိုင်း၌ပူဇော်မှုများကိုသန့်ရှင်းစင်ကြယ်သောနှလုံးတော်ကိုပူဇော်ပြီးပြုလုပ်ရန်ကြာသပတေးညတိုင်းသန်းခေါင်မတိုင်မှီ(၁)နာရီအချိန်တွင်လည်းပြုလုပ်၍သော်လည်းကောင်းသန့်ရှင်းစင်ကြယ်သောနှလုံးတော်ပွဲနေ့ကိုကျင်းပပူဇော်ခြင်းအားဖြင့်သော်လည်းကောင့်းပူဇော်ပေးရန်ဖြစ်သည်။ သူမ၏အကြီးအကဲသည်သူမကိုမယုံကြည်၍တန်ခိုးလက္ခဏာတစ်ခုကိုပြရန်ပြောဆိုခဲ့သည်။တဆက်တည်းတွင်ရက်အနည်းငယ်ကြာပြီးနောက်ပိုင်း၌သူမသည်ထူးဆန်းအံ့ဩစွာဖြင့်အပြင်းဖျားရာမှပြန်လည်နေကောင်းလာလေသည်။ထို့နောက်မေရီသည်သခင်ယေဇူးကသူမအားမိန့်ကြားခဲ့သည့်ဆာတန်နတ်ဆိုး၏သွေးဆောင်ဖျားယောင်းခြင်းကိုမခံရစေရန်သင်၏အကြီးအကဲများသဘောမတူညီဘဲဘယ်အရာမျှမလုပ်ဆောင်နှင့်ဆိုသည့်စကားကိုပြန်လည်သတိယခဲ့သည်။ထိုအကြောင်းအရာသည်လူသိရှင်ကြားဖြစ်လာသောအခါတစ်ချို့ဘာသာရေးကျွမ်းကျင်သူများကယုံကြည်ရန်ငြင်းဆိုကြသည်။သို့ပေမယ့်ဘုန်းတော်ကြီးကလောက်စ်လာကိုကွန်ဘီးရေသည်ထိုပြသနာကိုတာဝန်ယူခဲ့ပြီးသာသနာဆိုင်ရာအကြီးအကဲများရှေ့မှောက်၌ထိုအံ့ဖွယ်ရူပါရုံကိုထောက်ခံကာကွယ်ခဲ့သည်။(၁၆၈၇)ခုနှစ်၌ယေဇူးရွှေနှလုံးတော်ကိုဂုဏ်ပြုသောအားဖြင့်ပရေးမြို့၌ဘုရားကျောင်းတစ်ခုကိုဆောက်လုပ်ပြီး ရွှေနှလုံးတော်အားသဒ္ဒါကြည်ညိုခြင်းအမှုသည်အသင်းတော်တစ်ဝှမ်းလုံး၌ပျံ့နှံ့လာခဲ့သည်။သံတာမာဂရက်မေရီသည်(၁၆၉၀)ခုနှစ်၌ကွယ်လွန်တော်မူခဲ့သည်။

