rvamyanmar

rvamyanmar

လူရာဝင်ခြင်း

ဒီကနေ့အတွက် လူရာဝင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။ ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊ သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊ ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။ လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊ ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊ လ္ဘက်ရည်အတူသောက်ဖူးတယ်၊ ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊ ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊ အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊ အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊ သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊ သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။ ဒါတွေပိုအရေးပါပါတယ်။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ ကြာသပတေးနေ့ သြဝါဒ ၁၅၊ ၁၂၊ ၂၀၂၂

၁၅ ဒီဇင်ဘာ ၂၀၂၂  မိန်းမမှဖွားသောသားတို့တွင် ရှင်ယောဟန်ထက်ကြီးမြတ်သော သူမရှိဟု ကိုယ်တော်ရှင်ကိုယ်တိုင်မိန့်ဆိုတော်မူခဲ့တယ်။ ‌‌‌ ယောဟန်ဖွားမြင်ခြင်းအကြောင်း ထောက်ရှုကြည့်ကြရအောင်။ ယောဟန်ရဲ့အဖေ ဇာခါရိယက ရဟန်းတစ်ပါးဖြစ်တယ်။  အသက်ကြီး ပြီဖြစ်တယ်၊ ရဟန်းတို့ရဲ့ဝိနည်းထုံးစံအတိုင်း၊ သန့်ရှင်းရာဌာနထဲကိုဝင်ပြီး၊ လော်ပန်နံ့သာကိုမီးရှို့ပူဇော်နေ တဲ့ အချိန်၊ ကောင်းကင်တမန်တော်က၊ ထင်ရှားပြတယ်၊ သင်၏ဆုတောင်းပတ္တနာမှာနားညောင်းခြင်းခံရလေပြီဟု မိန့်ဆို တယ်။ သင်၏ဇနီးဧလိဇဘက်သည်သင့်အတွက်သားယောက်ကျ်ားကိုဖွားမြင်ပေးလိမ့်မည်ဟုမိန့်ဆိုတဲ့အခါ၊ ဇာခါရိယက ဘယ်လိုပြန်ဖြေသလဲ၊ အကျွန်ုပ်သည်အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်၏ဇနီး သည်လည်းအရွယ် လွန်ပါပြီ၊ သူဆုတောင်းနေခဲ့တဲ့ဆုပဲ၊ အဲဒီဆုတောင်းခြင်းပြည့်ပြီလို့ဆိုတဲ့အခါမယုံနိုင်ဖြစ်တယ်။ ကျွန်ုပ်တို့တွေ၊ ကိုယ်ရဲ့ ဆုတောင်းခြင်းကိုဘုရားရှင်က တစ်ကယ်ပဲနားညောင်းရဲ့လားဆိုပြီး သံသယဖြစ်ကြတယ်။ ဇာခါရိယလိုပဲ၊ ကိုယ်တောင်း နေတဲ့ဆုအမှန် တစ်ကယ်နားညောင်းတော်မူပြီဆိုတာကိုသက်သေမြင်နေရပါလျှက်နဲ့၊…

အပြစ်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ဒီကနေ့အတွက် အပြစ်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးထားပါတယ်။ ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ​။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။ သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။ ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၄၊ ၁၂၊ ၂၀၂၂

၁၄ ဒီဇင်ဘာ ၂၀၂၂ ယောဟန်ဗတ္တိဇံ သူ့ဘဝတစ်လျှောက်လုံး သာမန်လူတွေကဲ့သို့ သက်သောင့်သက်သာနေထိုင်နိုင်ပါလျက်နဲ့ အရာအားလုံ းကိုစွန့်လွှတ်ပြီး နေထိုင်ခဲ့တယ်။ လူတစ်ကာလို့ မြို့ထဲမှာအရာရာပြည့်စုံနေတဲ့ဘဝကို စွန့်လွှတ်ပြီး တောထဲမှာ နေထိုင် ခဲ့တယ်။ သူတစ်ကာလို အိုးနဲ့အိမ်နဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ နေထိုင်နိုင်ပါလျက်နဲ့ အမှန်တစ်ရားအတွက် အိမ်ထောင် သည်ဘဝကိုစွန့်လွှတ်ပြီး တစ်ယောက်ထဲနေထိုင်ခဲ့တယ်ကောင်းမွန်တဲ့ အစားအသောက်တွေကို မစားသောက်ပဲ တော ထဲကရတဲ့ ကျိုင်းကောင်နဲ့ ပျားရည်ကိုပဲစားသောက်ခဲ့တယ်။ အဝတ်ကောင်းတွေကို စွန့်လွှတ်ပြီး တောထဲကရတဲ့ သား ရေအဝတ်ကိုပဲဝတ်ဆင်ခဲ့တယ်။ နောက်ဆုံး ဟေရုဒ်က သူ့ရဲ့ညီဖြစ်သူရဲ့ ဇနီးကို ယူတာကိုနဲ့…