rvamyanmar

rvamyanmar

အိမ်ထောင်ကွဲ၍တစ်ဦးတည်းသားသမီးများအတွက်ရုန်းကန်နေသောကက်သလစ်မိခင်များအာပတ်ဖြေပြီးနောက်ကိုယ်တော်မြတ်ပြန်လည်ပင့်ယူခွင့်ကိုဗာတီကန်အားပေး

အိမ်ထောင်ကွဲ၍တစ်ဦးတည်းသားသမီးများအတွက်ရုန်းကန်နေသောကက်သလစ်မိခင်များအာပတ်ဖြေပြီးနောက်ကိုယ်တော်မြတ်ပြန်လည်ပင့်ယူခွင့်ကိုဗာတီကန်အားပေး ဗာတီကန်၏ယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက်ရုံးတော်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်လာပါ သည်။ ထိုကြေညာချက်ထဲ၌ အိမ်ထောင်ကွဲ (ပျက်) ၍သားသမီးများအား မိခင်တစ်ဦးတည်းရုန်းကန်နေရသောကက်သလစ်မိခင်များ အာပတ်ဖြေလျှောက်ပြီးနောက် ကိုယ်တော်မြတ်ပင့်ယူခွင့်ပြုရန် ဗာတီကန်မှအားပေးတိုက်တွန်းထားသည်။ ဤကြေညာချက်ကိုရဟန်းမင်းကြီးဖရန်စစ်မှလက်မှတ်ရေးထိုးထားသည်။ အိမ်ထောင်ကွဲ (ပျက်) မိခင်များ ဘာသာရေး၀တ္တရားဖြည့်ဆည်းခြင်းနှင့်စပ်လျင်း၍ ‌ေ၀ဖန်တိုက်ခိုက်မှုများရှိနေပါက ဘုန်းတော်ကြီးများအနေဖြင့် အခြေအနေမှန်ကိုသိအောင်လေ့လာပြီး၀င်ရောက်ကူညီပေးရန်လည်းထည့်သွင်းဖော်ပြထားသည်။ အဆိုပါရုံးတော်၏တာ၀န်ခံဖြစ်သော ကာဒီနယ် Victor Manuel Fernandez က အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ (ပျက်) သွားသောဘာသာတူမိခင်များအား ၀ိညာဉ်ကုစားပေးသည့်စက္ကရာမင်တူးများ၏အစွမ်းကိုခံယူနိုင်ခွင့်ရှိရမည်။ ဤအခြေအနေမျိုးနှင့်ကြုံတွေ့နေရသော ကက်သလစ်မိခင်များအနေ ဖြင့်ကိုယ်တော်မြတ်ပင့်ခွင့်မဆုံးရှုံးစေရဟုအသားပေးဖော်ပြထားသည်။ ရုံးတော်၏တာန်ခံသည် ဒိုမေနီကန်သမ္မတနိုင်ငံမှ ဆရာတော် Ramón Alfredo de la…

နီဂါရာဂွာအာဏာရှင်အစိုးရမှကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နှင်ဒဏ်ပေး

နီဂါရာဂွာအာဏာရှင်အစိုးရမှကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နှင်ဒဏ်ပေး အာဏာရှင်နီဂါရာဂွာအစိုးရမှ နီဂါရာဂွာကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နင်ဒဏ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သောစနေနေ့က ရောမရှိစိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်း၌စု ပေါင်းမစ္ဆားပူဇော်ခဲ့၍ဖြစ်သည်။ ယခုကဲ့သို့ ပြည်နင်ဒဏ်ပေးခံလိုက်ရသော ကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါး၏ဓာတ်ပုံများကို သတင်းထောက် Israel González Espinoza က လူမှုကွန်ရက်၌တင်ထားသည်။ မစ္ဆားပူဇော်နေသောအဆိုပါ ရဟန်းတော်များသည် ပန်းရောင်မစ္ဆား၀တ်ရုံများကိုယ်စီရုံထားကြသည်။ ထိုပုံကိုစပိန်သတင်းထောက် Rodrigo Moreno ကမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဤကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးသည် အာဏာရှင်နီဂါရာဂွာအစိုးရအားအတိုက်အခံပြုလုပ်ခဲ့ကြသည်။ အာဏာရှင်အစိုးရမှဖမ်းဆီးခံထားခဲ့ရာမှ ဗာတီကန်နှင့်အာဏာရှင်အစိုးရတို့စပ်ကြားညှိနှိုင်းပြီး ပြီးခဲ့သောအောက်တိုဘာလက ဗာတီကန်သို့ကယ်ထုတ်ထားခဲ့သောရဟန်းတော်များဖြစ်ကြသည်။ နီဂါရာဂွာ အစိုးရပြုတ်ကျရေး၊ အာဏာသိမ်းရန်အားပေးအားမြေက်ိုလုပ်ဆောင်ခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့်ကက်သလစ်ဘာသာရေးခေင်းဆောင်များကိုဆက်တိုက်ဖမ်းဆီးလာခဲ့သည်။…

ဂျာမဏီနိုင်ငံမှနာမည်ကြီးအဆိုတော် (၆၀၀) ကျော်ခရစ္စမတ်ကယ်ရိုဆို၍လိုအပ်နေသောကလေးများအားကူညီရန်ရံပုံငွေရှာဖွေပေးခဲ့

ဂျာမဏီနိုင်ငံမှနာမည်ကြီးအဆိုတော် (၆၀၀) ကျော်ခရစ္စမတ်ကယ်ရိုဆို၍လိုအပ်နေသောကလေးများအားကူညီရန်ရံပုံငွေရှာဖွေပေးခဲ့ ဂျာမဏီနိုင်ငံ၌ နာမည်ကြီးအဆိုတော် (၆၅၀) ဦး ‘ Sternsinger’ ဟုအမည်ပေးပြီး လမ်းမကြီးပေါ်၌ ကယ်ရိုသီဆိုကာ ကမ္ဘာတစ်၀ှမ်းရှိချို့တဲ့ကလေးများ၊ အခွင့်အရေးဆုံးရှုံးနေသောကလေးများအတွက်ရည် ရွယ်၍ရံပုံရှာဖွေပွဲကိုကျင်းပခဲ့သည်။ ယခုအစီအစဉ်ကို ဂျာမဏီကက်သလစ်လူငယ်အဖွဲ့နှင့် ‘ Die Sternsinger’ အဖွဲ့တို့ကစီစဉ်ခဲ့ခြင်းဖြစ်သည်။ ကလေးများသည် သူငယ်ယေဇူးထံသို့လာရောက်ဖူးတွေ့၍ဂါရပြုခဲ့ကြသော မင်းပညာရှိ (၃) ပါးကဲ့သို့၀တ်ဆင်စေပြီး စုရပ်ဖြစ်သော Kempten St. Lorenz ဘာစီးလီကာဘုရားကျောင်းကြီးမှစီတန်း၍မြို့တစ်လျှောက်ဖျော်ဖြေခဲ့ကြသည်။ ဤအစီအစဉ်ကို ဒီဇင်ဘာ (၂၉) ရက်နေ့ကပြု လုပ်ခဲ့သည်။ Augsburg သာသနာပိုင်ဆရာတော် Dr. Bertram…

ပုပ်ဖရန်စစ်မှကြီးမှူးဖွဲ့စည်းထားသောစပိန်အခြေဆိုက်အဖွဲ့စပိန်နိုင်ငံမှချီးမြှင့်သော လူ့အခွင့်အရေးဆုချီးမြှင့်ခံရ

ပုပ်ဖရန်စစ်မှကြီးမှူးဖွဲ့စည်းထားသောစပိန်အခြေဆိုက်အဖွဲ့စပိန်နိုင်ငံမှချီးမြှင့်သော လူ့အခွင့်အရေးဆုချီးမြှင့်ခံရ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အစီအစဉ်ဖြင့်ဖွဲ့စည်းထားသော ‘brainchild’ Scholas Occurrentes’ဟုအမည်ပေးထားသည့် ပညာရှင်များအဖွဲ့သည် စပိန်နိုင်ငံ၊ Seville တက္ကသိုလ်မှ Juan Antonio Carrillo Salcedo ၏အမြင့်ဆုံးဆုဖြစ်သည့် လူ့အခွင့်အရေးဆုကိုဆွတ်ခူးရရှိထားသည်။ ချီးမြှင့်ရခြင်းမှာလူ့အခွင့်အရေးကိုကာကွယ်ရန်အားထုတ်လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ ဤဆုကိုနှစ်နှစ်တစ်ကြိမ်ချီးမြှင့်ပေးလျှက်ရှိရာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနယ်ပယ်များ၌ လူ့အခွင့်အ‌ရေးချိုးဖောက်ခံရမှုမှကာကွယ်ဖော်ထုတ်ပေးသောစွမ်းဆောင် ရှင်တစ်ဦးစီအားဖြစ်စေ၊ တစ်စုတစ်ဖွဲ့အနေဖြင့်ဖြစ်စေချီးမြှင့်သောဆုဖြစ်သည်။ ဤဆုများကို စပိန်ဘုရင်မ ဆိုဖီယာ၊ မြို့တော်၀န် Federico Zaragoza၊ Marcelino Oreja၊ Adela Cortina တို့ကအသီးသီးရရှိခဲ့ကြသည်။ ဆုချီးမြှင့်ရေးတာ၀န်ရှိအဖွဲ့၏သုံးသပ်ချက်၌ ဤအဖွဲ့အားဆုချီးမြှင့်ရခြင်းမှာ ကမ္ဘာတစ်၀ှမ်းမှလူငယ် များ၏…

“ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု”

“ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု” ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ လာ၍ “ပုံသွန်းရန်သင့်သော ပစ္စည်း” ဟု အနက်ရ၏။ နှစ်ပေါင်းအတော်ကြာစွာပင် ပုံသွန်းရလွယ်သော ပစ္စည်းများကိုလည်းကောင်း၊ ဖိအားဖြင့် ပုံပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း ပလတ်စတစ်အဖြစ်အသုံးပြုခဲ့ကြ၏။ ထိုပစ္စည်းတို့တွင် မြေစေး၊ ကော်ဖတ်နှင့် သတ္တုအချို့ပါဝင်၏။ ယခုအခါ ပလတ်စတစ်ကို ပစ္စည်းအမျိုးမျိုးမှ ဓာတုဗေဒ နည်းများဖြင့် ရောစပ်ယူနိုင်ပြီဖြစ်ရာ ပလတ်စတစ်လုပ်ငန်းသည် အထူး တိုးတက်ဖွံ့ဖြိုးလျက် ရှိပေ သည်။ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆို၏။ ဤသို့ဆိုရာ၌ ထိုပစ္စည်းများကို…