rvamyanmar

rvamyanmar

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး တရုတ်နိုင်ငံ၊ Wenzhou သာသနာပိုင် ဆရာတော် Peter Shao Zhumin အားတရုတ်အစိုးရကဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုဖမ်းဆီးမှုသည်ကြာရှည်မည်ဖြစ်ကြောင်းလည်းထင်ကြေးပေးကြသည်။ ဆရာတော်သည် ဗာတီကန်မှအသိအမှတ်ပြုရွေးချယ်ထားသောဆရာတော်ဖြစ်သည်။ သူသည်သာသနာပိုင်ဆရာတော်အဖြစ် (၂၀၁၆) ခုနှစ်က သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Wei-Fang ပျံလွန်ပြီးနောက်အမှုတော်ကိုစတင်ထမ်းခဲ့သည်။ ဆရာတော်သည် ယခင်ကလည်းအကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည့်သမိုင်းရှိသည်။ သူသည်ဒေသခံကက်သလစ်ဘာသာတူများကျင်းပသောပွဲရက်တော်များ၌အမြဲပါလေ့ရှိသည်။ (၂၀၁၈) ကလည်း (၇) လတာထိန်း သိမ်းခံခဲ့ရပြီးမှပြန်လွတ်လာခဲ့သည်။ ယခုကဲ့သို့မထင်မှတ်ဘဲဖမ်းဆီးခံလိုက်သည့်အဖြစ်သည် မည်သည့်အ ချိန်၌မဆိုဖမ်းဆီးထိန်းသိမ်းခံရနိုင်၍ ဆရာတော်အနေဖြင့် အထုပ်အပိုးကိုအဆင်သင့်ပြင်ထားရန်သတိပေးလိုက် သကဲ့သို့ဖြစ်နေသည်ဟုဆိုသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့

ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောဂါဇာဒေသ၌ ဘာသာရေး၀တ္တ္ ရားများနှင့်ရက်ကြီးအခါကြီးများ၌ ၀တ်ပြုဆုတောင်းခြင်းကိုမှုမပြတ်တမ်း၀တ် ပြုမြဲ၀တ်ပြုလျှက်ရှိနေကြသည်။ ပြီးခဲ့သော ယေဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူသည့်ပွဲနေ့၌ ဂါဇာဒေသမှကလေး (၈) ဦးသည် ‘သန့်ရှင်းသောအိမ်ထောင်စု’ သာသနာအုပ်စုမှဘုရားကျောင်းတွင် ထမကိုယ်မြတ်ကိုခံယူခဲ့ကြသည်။ ယခုကဲ့သို့ အသက်ဘေး နှင့်နီးသော်လည်း မကြောက်မရွံ့ဘဲ မိမိတို့ဘာသာရေး၏အရေးကြီးသော ၀တ်ပြုခြင်း၊ ၀တ္တရားများကို မရှောင်မတိမ်းဘဲ ပြင်ဆင်ခံယူခြင်းသည် ၄င်းတို့၏ယုံကြည်ခြင်းကိုပြသရာလည်းရောက်သည်ဟု တာ၀န်ခံဘုန်းတော်ကြီးကပြောကြားခဲ့သည်။ ဤကလေးငယ် (၈) ဦးသည် ပထမကိုယ်တော်မြတ်ကိုထိုက်တန်စွာခံ ယူနိုင်ရန်အတွက် အချိန်ယူပြင်ဆင်လာခဲ့သည်။ ဤဘုရားကျောင်း၌နေ့စဉ်မစ္ဆာ တရားပူဇော်လျှက်ရှိသည်။ ဤ‌ဘုရားကျောင်း၌ မကျန်းမမာသူများအားခိုကိုးရာကိုလည်းပေးသည်။ ဂျေရုဆလင်ရှိဘာသာရေးခေါင်းဆောင်၏မှတ်ချက်မှာ ယခုကဲ့သို့အခက်အခဲများရှိနေသော်လည်း…

စကားမချဲ့ကားပါနဲ့

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။ ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။ “ကိုနွား နေမကောင်းဘူးလား” ပေါ့။ နွားက “ပင်ပန်းလို့ပါကွာ။ မနက်ဖြန်တစ်ရက်လောက် နားရရင် ကောင်းမှာပဲကွာ” လို့ ပြောလိုက်တယ်။ ညည်းလိုက်တယ် ဆျိုပါတော့။ အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့ “နွားက ပြောတယ်။ ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားချင်တယ်တဲ့။ သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ”တဲ့။ သခင်က အရမ်းခိုင်းလွန်းတယ် ထင်တယ် ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။ ဒါကို…

ဘဝပတ်ဝန်းကျင်

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။ဟုတ်ပြီ။ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ ဘာတွေ…

ဘတ်စ်ကား၌ခရစ္စမတ်အလှဆင်ထားသည်ကိုဖြုတ်ချစေခဲ့သောပင်ဆီဗေးနီးယားခရိုင်ကျောင်း၏တောင်းပန်စာထွက်ပေါ်လာ

ဘတ်စ်ကား၌ခရစ္စမတ်အလှဆင်ထားသည်ကိုဖြုတ်ချစေခဲ့သောပင်ဆီဗေးနီးယားခရိုင်ကျောင်း၏တောင်းပန်စာထွက်ပေါ်လာ ပင်ဆီဗေးနီးယာခရိုင်မှကျောင်းတစ်ကျောင်း၌ဖြစ်ပျက်သွားခဲ့သည်။ ထိုအဖြစ်အပျက်အတွက်နားလည်မှုလွှဲခဲ့ပြီး ရှင်းလင်းချက်စာများပင်ထုတ်၍ ပြန်လည်တောင်းပန်ခဲ့ရသည်။ အဆိုပါကျောင်း၏တာ၀န် ခံက ကျောင်းကားများ၌ကပ်ထားသော ခရစ္စမတ်ကျောင်းပိတ်ရက်ကြော်ငြာများကိုချက်ချင်းဖြုတ်ပစ်ရန်ယာဉ်မောင်းများအားလည်းကောင်း၊ ၀န်ထမ်းများအားလည်း ခရစ္စမတ်သီချင်း၊ ဘာသာရေးနှင့်စပ်ဆိုင်သောသီချင်းများအားလည်းမဖွင့်ရန်၊ ခရစ္စမတ်နှင့်ဆိုင်သောအဆောင်အယောင်များ၊ ဘာသာရေးနှင့် စပ်ဆိုင်သောပွဲလမ်းအခမ်းအနားကြောညာများပါသည့်အ၀တ်အစားများကိုလည်း၀တ်ဆင်ခြင်းမပြုရန်ညွှန်ကြားထားသည်။ Wallingford-Swarthmore ခရိုင်၏ ကျောင်းညွှန်ကြားရေးမှူးဖြစ်သူ Dr. Marseille က ဘာသာရေးနှင့်စပ်လျင်း၍မိမိတို့သက်၀င်ယုံကြည်သောမည်သည့်လက္ခဏာမျှမပြရန်ကျောင်းမှညွှန်ကြားနေခြင်းနှင့်စပ်လျင်း၍ ကျောင်း သားမိဘများထံမှမကျေမနပ်သောတိုင်တန်းချက်များစွာကိုလက်ခံရရှိလျှက်ရှိကြောင်း၊ သို့သော် ပွဲတော်ကျောင်းပိတ်ရက်ကြော်ညာများ၊ ဘာသာရေးအခမ်းအနားတစ်ခုခုနှင့်စပ်လျင်းသော၀တ်စားဆင်ယင်မှုများ၊ အစီအစဉ်များနှင့်ပတ်သက်မှုမရှိရန်တို့ကိုမူပိတ်ပင်ထားခြင်းမရှိကြောင်း၊ လမ်းညွှန်ချက်မှာမတူညီသောအခြားအားလပ်ရက်များရှိ၍ ထိုအခြေအနေကိုထိန်းညှိရန်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏လူမှုအသိုင်းအ၀ိုင်း၌ မတူညီခြားနားသောအခမ်းအနား၊ အစီအစဉ်များရှိကြသည်ကိုလည်းနားလည်ရန်မှာအ‌ရေးကြီးကြောင်းကိုလည်းသိကြောင်းဖြင့်ပြန်လည်ဖြေရှင်းထားသည်။ အစောပိုင်းကဖြစ်ပွားခဲ့သောအခြေအ နေကြောင့် ခရစ္စယာန်ကျောင်းသားမိဘတို့၏‌ေ၀ဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရသည်။ ကျောင်း၀န်ထမ်းများအနေဖြင့် အလုပ်ချိန်၌အားလပ်ရပ်ကိုကြော်ညာများပါသောအကျီများ၀တ်ဆင်ခြင်းသည်မြင်တွေ့နေကျဖြစ်၍မည်သည့်စည်းမျဉ်းစည်းကမ်းကိုမျှချိုးဖောက်ခြင်းမရှိ။ ခရိုင်အနေဖြင့်လူနည်းစုအားကျေနပ်စေလို၍ အများစု၏…

တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုသည်နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိ

တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုသည်နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိ China Aid အဖွဲ့အစည်း၏ဥက္ကဌဖြစ်သူ ဒေါက်တာ Bob Fu ၏ပြောပြချက်အရ တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုနှင့်စပ်လျင်း၍ နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိနေကြောင်း၊ တရုတ်ကွန် မြူနစ်ပါတီသည် ခရစ်ယာန်များအားပစ်မှတ်ထားတိုက်ခိုက်နေပြီး ဘုရားကျောင်များအားဖိနှိပ်နေသည်ဟုဆိုပါသည်။ ခရစ်ယာန်လူငယ်များအား သူတို့၏ယုံကြည်ခြင်းကိုလူသိရှင်ကြားငြင်းပယ်ရန်အတင်းအကြပ်ဖန်တီးနေသည်။ အစိုးရ၏မူ၀ါဒထဲ၌ လုံး၀ညွှတ်တွား၀ပ်ပြားသွားအောင်လုပ်ဆောင်နေသည်။ ရွာများမှဘာ သာရေးပုဂ္ဂိုလ်များလည်း ပုန်းလျိုးနေကြရသည်။ ဘုရားကျောင်းသို့လာသောဘာသာ၀င်များ၏မျက်နှာပေါ် သောကင်မရာများဖြင့်ရိုက်ယူမှတ်တမ်းတင်စေခြင်း၊ ကလေးများအားဘုရားဘာသာရေးသွပ်သွင်းခြင်းများကိုပိတ်ပင်ထားသည်။ အသက် (၁၈) နှစ်အောက်ကလေးများအား တရုတ်ကွန်မြူနစ်ပါတီ၀င်အဖြစ်လည်ကောင်း၊ ၀န်ထမ်းအဖြစ်လည်း ကောင်း၊ ရဲအဖြစ်လည်းကောင်း၊ စစ်သားများအဖြစ်လည်းကောင်းသွပ်သွင်းကြသည်။ တရုတ်ကွန်မြူနစ်အစိုးရအားဆန့်ကျင်သောခရစ်ယာန်ဘာသရေးခေါင်းဆောင်များအနေဖြင့် လူမဆန်သောဖိနှိပ်မှုများကိုကြုံရမည်ဖြစ် သည်။ ဘာသရေးအမှတ်အသား၊…