
ဖာသာရ် Rev. Fr.Stephen Ah Chu, (Keng Tong) ခရစ္စမတ်ကာလ ကြသပတေးနေ့ ဩဝါဒ ၅၊ ၁၊ ၂၀၂၃


No Dating ဒီနေ့မှာ လက်ထပ်ထိမ်းမြားခြင်း မတိုင်ခင် သီးသန့်နေရာမှာ နှစ်ဦးတည်း တွေ့ဆုံချိန်းဆို ချက်တွေမရှိရင် အိမ်ထောင်ရေးက ပိုခိုင်မြဲပြီး အောင်မြင်တယ်ဆိုတဲ့ အကြောင်းကို တင်ပြမျှဝေပေး ချင်ပါတယ်။ အမေရိကန်နိုင်ငံသား ဆောင်းပါးရှင်ရေးသားထားတာကို တဆင့်မျှဝေပေးတာပါ။ ဒီနေ့ခေတ် ၉၀% သော စုံတွဲတွေကတော့ ခေတ်နဲ့ မဆီလျှော်လို့ ဘဝင်ကျမှာတော့ မဟုတ်ပါဘူး။ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့လည်း ဒီလိုစုံတွဲတွေ ရှိပါသေးတယ်ဆိုတာ ကိုလည်း အသိပေးချင်တာပါ။ အခုနားဆင်ဖြစ်တဲ့ သောတရှင်တွေလည်း သေချာပေါက် ဖြစ်နိုင်ပါ့မလားလို့တော့ ထင်ကြမှာပါ။…


ဒီကနေ့အတွက်၂၀၂၃ခုနှစ်အတွက်ရည်မှန်းချက်တွေချမှတ်ဖို့ရန်နှင့် မိမိတို့ရဲ့အတွင်းစိတ်ကိုသုံးသပ်နိုင်ဖို့ရန်အတွက်စိတ်ထားကောင်းတဲ့သူတွေမှာသာ တွေ့ရှိနိုင်တဲ့အချက်ကလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။






ဒီဇင်ဘာ (၃၀) ရက် သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ဤပွဲနေ့ကိုကျင်းပရာတွင် ရက်အတိကျသတ်မှတ်ကျင်းပခြင်းမရှိဘဲ နှစ်စဉ် ခရစ္စမတ်ပွဲပြီးနောက်ပထမဦးဆုံးတနဂ်နွေနေ့၌ကျင်းပလေ့ရှိသည်။ သို့သော်ယခုနှစ်၌ ခရစ္စမတ်ပွဲပြီးနောက်တနဂ်နွေနေ့သည် နှစ်ဆန်း (၁) ရက်နေ့ဖြစ်နေသည်။ နှစ်ဆန်း (၁) ရက်နေ့၌အမိသာသနာတော်ကြီးအနေဖြင့်နှစ်စဉ် ‘မာရိယာ၊ ဘုရား၏မယ်တော်’ ပွဲနေ့ကိုကျင်းပသည်။ ဤပွဲကို တနဂ်နွေနေ့၌ဖြစ်စေ၊ သာမန်နေ့များ၌ဖြစ်စေ နှစ်ဆန်း (၁) ရက်နေ့ကျရောက်သောနေ့၌ကျင်းပရန်သတ်မှတ်ထားသည်။ ထို့ကြောင့် ဤစပ် ကြား၌ ‘သန့်ရှင်းသောအိမ်ထောင်စုပွဲ’ နေ့ကိုကျင်းပရန်အချိန်မရှိတော့၍ ယခုနှစ်အတွက်ဤပွဲကို ယနေ့ကျင်းပခြင်းဖြစ်ပါသည်။ အမိသာသနာတော်ကြီးသည် မိသားစုကိုရာစုအဆက်ဆက်အလွန်အရေးကြီးအရာရောက်သောနေရာ၌ထားရှိပျိုးထောင်အားပေးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုမရှိ၍မဖြစ်ပေ။ အဘယ်ကြောင့်မိသားစုကိုအရေးကြီးအရာရောက်သောနေရာတွင်ထားရှိရသနည်းဟုမူ ကျွန်ုပ်တို့သက်၀င်ယုံကြည်သော ‘ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား’…