rvamyanmar

rvamyanmar

အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့

A Real Man ဒီနေ့မှာ အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးသွားချင်ပါ တယ်။ အမျိုးကောင်းသားတစ်ယောက်ဟာ အမျိုးကောင်းသမီးရဲ့ ချစ်မေတ္တာကို တည်ကြည်တဲ့ နှလုံးသားတစ်ခုတည်းနဲ့ ရယူနိုင်ပါတယ်။ ရုပ်ခန္ဓာကိုယ်ထိတွေ့မှုမရှိဘဲနဲ့ ချစ်သူ အမျိုးသမီးဆီကနေ မေတ္တာတွေ ပြန်ရနိုင်ပါတယ်။ တချို့သော အမျိုးသားတွေက သူ့မှာ ငွေကြေးရှိတယ်ဆိုရင် အမျိုးသမီးတွေနဲ့ သုံးဖြုန်းပျော် ပါးပြီး သူ့အတွက် အကျိုးအမြတ် ဘာမှမရှိ၊ ဘာအဓိပ္ပာယ်မှလည်းမရှိ ဖြစ်တတ်ပါတယ်။ တချို့သော အမျိုးသားတွေကျပြန်တော့ သူရတဲ့ အချိန်လေးကို…

သံတာအာဂနက်

ဒီကနေ့ အတွက် သံတာ အာဂနက်ရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။သိုးသူငယ်လို့အဓိပါယ်ရတဲ့နာမည်ပိုင်ရှင်သံတာအာဂနက်ဟာချောမောလှပတဲ့ရောမအမျိုးသမီးတစ်ဦးဖြစ်ပြီးသူမကိုသူမသခင်ခရစ်တော်ကိုအပ်နှံထားတဲ့အတွက်လက်ထပ်ထိမ်းမြားဖို့ရန်ငြင်းဆိုခဲ့ပါတယ်။ သူမကိုပိုးပန်းသူတွေကိုသူမဟာအပျိုကညာစင်ဘဝကိုလူ့မျက်စိနဲ့မမြင်နိုင်တဲ့ကောင်းကင်နိုင်ငံသတိုးသားဖြစ်တဲ့သခင်ခရစ်တော်ထံကိုအပ်နှံပူဇော်ထားပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ သူမရဲ့ခိုင်မာတဲ့သံဓိဌာန်ကိုမပြောင်းလဲစေနိုင်ကြောင်းကိုသိရတဲ့လူငယ်အများစုဟာနောက်ဆုံးမှာတော့သူမဟာခရစ်ယာန်တစ်ဦးဖြစ်ကြောင်းဖော်ထုတ်စွတ်စွဲခဲ့ကြပါတယ်။ အသက်(၁၂)နှစ်အရွယ်ရောက်တဲ့သက္ကရာဇ်၃၀၄ခုနှစ်မှာတရားသူကြီးရှေ့ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာရောမအစိုးရနဲ့ခရစ်ယာန်တွေကြားကဆက်ဆံရေးကိုအနည်းငယ်တင်ပြပေးချင်ပါတယ်။ ရောမအစိုးရအနေနဲ့ခရစ်ယာန်တွေကိုညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းဟာပြည်သူတွေအတွက်ပျော်ပွဲရွှင်ပွဲသက်သက်တာမကပဲနိုင်ငံရေးပြသနာတွေလဲပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲဒီခေတ်အခါကနိုင်ငံရေးနဲ့ဘာသာရေးအတွေးအခေါ်နှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ ရောမအစိုးရဟာဘာသာရေးကိစ္စတွေမှာစိတ်တိုင်းကျဥပဒေပြဌာန်းပိုင်ခွင့်ရှိတယ်လို့ယုံကြည်ထားကြပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တွေကတော့နိုင်ငံတော်ဥပဒေကိုထာဝရဘုရားရဲ့ပညတ်တော်နဲ့ဆန့်ကျင်ဘက်မဖြစ်မခြင်းလိုက်နာနာခံတတ်တဲ့နိုင်ငံသားကောင်ရတနာများဖြစ်ခဲ့ကြပါတယ်။ သူတို့တစ်တွေဟာဆင်ခြင်တုံတရားကိုအသုံးပြုပြီးအမှန်တရားကိုရှေ့တန်းတင်ကာဒုစရိုက်အမှုကိုရှောင်ကျဥ်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေကာမူအလင်းနဲ့အမှောင်တစ်နေရာတည်းမှာတစ်ချိန်တည်းမှာမရှိနိုင်သလိုပဲအတွေးအခေါ်ပဲဖြစ်စေကျင့်စဥ်ဆိုင်ရာပဲဖြစ်စေဆန့်ကျင်ဘက်ဖြစ်နေတဲ့နိုင်ငံရေးနဲ့ဘာသာရေးနှစ်ခုကိုအတူတကွရှင်တွဲထားနိုင်ဖို့ရန်အတွက်နေရာမရှိဘူးဆိုတာအမှန်ပဲဖြစ်ပါတယ်။ ဒါ့အပြင်ရောမပြည်သူတစ်ယောက်အနေ့နဲ့အမိအင်ပါယာနိုင်ငံတော်နဲ့ဧကရာဇ်မင်းဟာအထွဌ်မြတ်ဆုံးဖြစ်ပြီးသူတို့အတွက်အသက်ရှင်ရမယ်။သူတို့အတွက်သေရမယ်ဆိုပြီးဖြစ်ပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တစ်ယောက်အတွက်ကတော့ရောမအင်ပါယာအတွက်လဲမဟုတ်ဘူး။ ဧကရာဇ်မင်းအတွက်လဲမဟုတ်ဘူး။ဘုရားသခင်တစ်ပါးတည်းအတွက်ပဲအထွဌ်မြတ်အမှန်တရားဖြစ်ပါတယ်။ သေသည်ဖြစ်စေရှင်သည်ဖြစ်စေဧကရာဇ်ဘုရင်မင်းမြတ်ကိုထာဝရဘုရားသဖွယ်ကိုးကွယ်ဦးညွတ်ခြင်းကိုငြင်းပယ်ရှောင်ဖယ်ရတာဟာပညတ်တရားတော်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အဲဒီလိုပုဂ္ဂိုလ်တွေဟာရောမဥပဒေအရနိုင်ငံတော်ရဲ့ရန်သူတစ်ယောက်ဖြစ်ရုံတာမကပဲနိုင်ငံတော်ရဲ့ဦးခေါင်းဖြစ်တဲ့ဧကရာဇ်ဘုရင်မင်းမြတ်ကိုသစ္စာဖောက်သူဖြစ်ပါတယ်။ အဲဒီခေတ်အခါတုံးကဥပဒေဆိုတာဟာရောမအစိုးရဒါမှမဟုတ်ဧကရာဇ်မင်းကိုယ်တိုင်လိုအပ်သလိုစိတ်တိုင်းကျရေးဆွဲတဲ့ပြဌာန်းထားတဲ့ဥပ‌ဒေပဲမြင်တွေ့နိုင်ပါတယ်။ အဲ့ဒီကြောင်းကြောင့်တွေကြောင့်ပဲရောမအမျိုးသမီးတစ်ဦးဖြစ်တဲ့သံတာအာဂနက်ဟာလဲခရစ်ယာန်တစ်ဦးဖြစ်တဲ့အတွက်တရားသူကြီးရှေ့မှောက်ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ တရားသူကြီးမင်းဟာသံတာအာဂနက်ကိုကြင်နာစွာနဲ့ချော့မော့၍သော်လည်းကောင်းခြောက်လှန့်၍သော်လည်းကောင်းစည်းရုံးသိမ်းသွင်းပေမဲ့လို့လဲသူမရဲ့သံဓိဌာန်ဟာမပြောင်းလဲခဲ့ပါဘူး။ မီးတောက်မီးလျှံတွေနဲ့ညှင်းပန်းနှိပ်စက်ရာမှာသုံးတဲ့ပစ္စည်းပေါင်းစုံကိုပြသပြီးခြောက်လှန့်ပေမဲ့လို့လဲသံတာအာဂနက်ဟာယုံကြည်ခြင်းရဲရင့်ခြင်းတို့နဲ့ကြံကြံခံနိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူမကိုမကောင်းတဲ့ပြည့်တန်ဆာအိမ်ကိုပို့ဆောင်စေခဲ့ပါတယ်။သူမကိုထိတွေ့ဖို့ရန်ကြိုးစားတဲ့လူငယ်တစ်ဦးဟာမျက်စိကန်းသွားခဲ့ပါတယ်။ နောက်မကြာမီမှာပဲသူမကိုခေါင်းဖြတ်သတ်ခဲ့ပြီးလူမန်ဒန်နာလမ်းမှာရှိတဲ့ဥမင်လှိုင်ခေါင်းသင်ချိုင်းထဲမှာမြုပ်နှံသဂြိုလ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့သူမကိုဂုဏ်ပြုသောအားဖြင့်ဘုရားကျောင်းတစ်ကျောင်းကို၃၅၀ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ်။ သံတာအာဂနက်ကငါ့ရဲ့သွေးနဲ့သင်တို့ရဲ့ဓားကိုအစွန်းထင်သွားနိုင်ပေမယ့်သခင်ခရစ်တော်ကိုဆက်ကပ်ပူဇော်ထားတဲ့ငါ့ရဲ့ခန္တာကိုယ်ကိုတော့မင်းတို့တွေဘယ်တော့မှညစ်ညမ်းအောင်လုပ်လို့မရဘူးလို့သူမကိုမကွတ်မျက်မည်ပြောဆိုခဲ့ပါတယ်။ အစဥ်အလာအရသူမရဲ့ပွဲနေ့ဖြစ်တဲ့ဇန်နဝါရီ၂၁ရက်နေ့မှာရောမမှာရှိတဲ့သူမရဲ့ကျောင်းတော်ကြီးမှာသိုးနှစ်ကောင်ကိုသိဌိတင်လေ့ရှိပါတယ်။ အဲဒီသိုးနှစ်ကောင်ရဲ့သိုးမွှေးတွေကိုတော့ဂိုဏ်းချုပ်ဆရာတော်ကြီးတွေရဲ့ဂုဏ်ထူးဆောင်လည်ဆွဲတွေအဖြစ်ယက်လုပ်ပြီးသံပေတရူးနဲ့သံပေါလူးတို့ရဲ့ပွဲနေ့အကြိုညနေမှာစိန်ပီတာဘုရားကျောင်းရဲ့ပင်မဘုရားစင်ပေါ်မှာတင်ထားလေ့ရှိကြပါတယ်။ အဲဒီဂုဏ်ထူးဆောင်လည်ဆွဲတွေကိုသံပေတရူးနဲ့သူ့ရဲ့အရိုက်အရာကိုဆက်ခံသူတွေကဆင်းသက်လာတဲ့အုပ်စိုးစီရင်ပိုင်ခွင့်အာဏာအမှတ်လက္ခဏာအဖြစ်ဂိုဏ်းချူပ်ဆရာတော်ကြီးတွေကိုပေးအပ်နှင်းလေ့ရှိပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလပထမ စနေနေ့ သြဝါဒ ၁၄၊ ၁၂၊ ၂၀၂၃

ဇန်နဝါရီလ ၁၄ ရက် (စနေနေ့)ယေဇူးဘုရားရှင် ချဉ်းကပ်ပြီး လူရာသွင်းတဲ့သူတော်တော်များများက လူရာအသွင်းမခံရတဲ့သူတွေများတယ်။ လူ့အသိုင်းဝိုင်းမှာ ပယ်ကျဉ်ခံထားရသူတွေပိုများပါတယ်။ ဒုက္ခိတ၊ မျက်မမြင်၊ အခြေအနေမဲ့၊ မုဆိုးမ၊ မိဘမဲ့၊ ပြည့်တန်ဆာ၊ အခွန်ခံ တို့လို လူမျိုးတွေဟာ အသိုင်းအဝိုင်းမှာ မျက်နှာသာပေးမခံရပါဘူး။ ဒီနေ့ ကျမ်းစာထဲမှ ာ ခရစ်တော်ဘုရားက အခွန်ခံမာတေဦးကို သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အခွန်ခံဆိုတာ ရောမအစိုးရ တိုင်းတစ်ပါးသားကို အလုပ် ကျွေးပြုပြီး ကိုယ့်လူမျိုး ကို ဂုတ်သွေးစုပ်တဲ့သူလို လူတွေက ထင်မှတ်ထားကြတယ်။ ရွံရှာမုန်းတီးကြတယ်။ အဲ့လိုလူကိုမှ ဘုရားက…