
ဖာသာရ် Mario Myint Lwin (ကျိုင်းတုံ) (၁၉) ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၁၆၊ ၈၊ ၂၀၂၃





သာမန်ကာလ (၁၉)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၁၄း၂၂ – ၃၃ယေဇူးဘုရားရှင်ကို သင်က ဘယ်လောက်ယုံကြည်သလဲဆိုတာ နေ့တိုင်း စုံစမ်းခံနေရပါတယ်။ အလုပ်ပြုတ်တဲ့အခါ၊ကိုယ့်လုပ်ငန်း မအောင်မြင်တဲ့အခါ၊ ဖျားနာတဲ့အခါ ကျနော်တို့ အားငယ်ပြီး ဘုရားအပေါ် ယုံကြည်အားကိုးတဲ့စိတ်မရှိကြတော့ဘူး။ ယနေ့ ဖတ်ရတဲ့ ပထမကျမ်းစာမှာ ပရောဖက် ဧလိယက ထာဝရဘုရားသာလျှင် စစ်မှန်တဲ့ဘုရားဖြစ်ကြောင်းလူတွေကို သက်သေပြနိုင်တဲ့အခါ လူတွေက သူတို့အပေါ်မှာ မဟုတ်မမှန်တဲ့ နတ်ဘုရားနဲ့ လှည့်စားနေတဲ့ နတ်ဆရာတွေကိုသတ်လိုက်ကြတယ်။ ဒီအကြောင်းကို ကြားသိရတဲ့ မိဖရားကြီးက သူကိုးကွယ်နေတဲ့နတ်ဆရာတွေကို ပရောဖက်ဧလိယကသတ်ရမလားဆိုပြီး ပရောဖက်ဧလိယကို လိုက်သတ်ခိုင်းပါတယ်။ ဒါနဲ့ ပရောဖက်ဧလိယလည်း အသက်လုပြီးထွက်ပြေးရပါတော့တယ်။ပရောဖက်ဧလိယက…


ကမ္ဘာ့လူငယ်များနေ့ကြောင့် စစ္စတာရ် Clare Crockett ၏ဘ၀ပြောင်းလဲခဲ့ဟုဆို ကမ္ဘာ့လူငယ်များနေ့ကြောင့် သူမ ဘ၀ ပြောင်းလဲသွားခဲ့ရသည်ဟုဆိုခဲ့သော Sr Clare ၏ပြောင်းလဲခြင်းဖြစ်စဉ္သည် လော လောလတ်လတ်ပေါ်တူဂီနိုင်ငံ ၌ကျင်းပခဲ့သောကမ္ဘာ့လူငယ်များနေ့မဟုတ်၊ (၂၀၁၃) ကမ္ဘာ့လူငယ် လူနှစ်သန်းကျော်တက်ရောက်ခဲ့သော Rio de Janeiro တွင်ကျင်းပ ခဲ့သည့်ကမ္ဘာ့လူငယ်များနေ့၌ ဖြစ်သည်။ ထိုစဉ်က ကိုးဗစ်ကပ်ရောဂါဆိုးလည်း ကမ္ဘာ့လူ့အဖွဲ့အစည်းအားခြိမ်းခြောက်မှုလည်းမရှိသေးသောကြောင့်သွားနိုင်သောလူငယ်များမည်သည့်စိုးရိမ်စိတ်မျှမထားဘဲသွားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံရေးလည်းယခုကဲ့သို့မရှုပ်ထွေးသေးပေ။ ကမ္ဘာ့လူငယ်များနေ့သည် တစ်ရက်တည်းကျင်းပခြင်းမဟုတ်။ အနည်းဆုံး (၅) ရက်ကျော်ကျင်းပလေ့ရှိသည်။ ထိုနေ့များ၌ လူငယ်များသည် ရဟန်းမင်းကြီးနှင့်အတူဆုတောင်းခြင်း၊ မစ္ဆားပူဇော်ခြင်း၊ ဩ၀ါဒများကြားနာခြင်းစသောလှုပ်ရှားမှုများ၌ အတူတကွပါ၀င်လုပ်ဆောင်ရသောကြောင့် လွန်စွာပျော်ရွှင်ကြရသည်။…

လူငယ်များရဟန်းမင်းကြီးဖရန်စစ်အားလက်ပတ်လက်ဆောင်ပေးခဲ့ကြ ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက်လုပ်အား ပေးခဲ့ကြသူတို့နှင့်တွေ့ဆုံ၍ကျေးဇူးတင်ခဲ့သည်။ ထိုတွေ့ဆုံမှု၌ ယခုလုပ်အားပေးသူများထဲ၌ပါ၀င်သူများအနေဖြင့် အကူ အညီ၊ အခက်အခဲများလိုအပ်နေသူတစ်ဦးထံသို့သွားရောက်လည်ပတ်စေပြီး မိမိလည်ပတ်ခဲ့သောသူ၏အ မည်ကို ‘လက်ပတ်’ တွင်ရေးထိုးထားခိုင်းပြီး ထိုလက်ပတ်ကိုတစ်ပတ်တိတိ (ကမ္ဘာ့လူငယ်များနေ့ကျင်းပသည့်တစ်လျှောက်) ပတ်ထားရန်တိုက်တွန်းခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအားဆက်သခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။ ထို့နောက်အဆိုပါလုပ်အားပေးလူငယ်က အမျိုး သမီးငယ်နှစ်ဦးအားရှေ့သို့ထွက်လာစေကာ တစ်ဦးကရဟန်း မင်းကြီးအား ‘လက်ပတ်’ တစ်ခုကိုရဟန်းမင်းကြီး ၏လက်ကောက်၀တ်၌ချည်ပေးလိုက်သည်။ ထိုအမျိုးသမီး ငယ်က ‘ကျွန်မတို့ဆေးရုံ၊ အကျဉ်းထောင်၊ သက်ကြီးရွယ်အို၊ မကျန်းမမာသူတွေ၊ မသန်စွမ်းတွေကိုစောင့် ရှောက်တဲ့ဂေဟာတွေကိုသွားရောက်ခဲ့တယ်။ အခုလိုပြုလုပ်ရခြင်းက ကျွန်မတို့လည်ပတ်တွေ့ဆုံခဲ့တဲ့သူတွေကိုလည်း ကျွန်မတို့နဲ့အထူရှိစေချင်လို့ပါ။ ဒါပေမယ့်ကာယအားဖြင့်ရှိနိုင်ဖို့ကမဖြစ်နိုင်တာကြောင့် လက်ပတ်တွေအပေါ် သူတို့ရဲ့နာမည်တွေကိုရေးချစေခဲ့တယ်။ အဲ့ဒီနာမည်ပါတဲ့လက်ပတ်ကိုကျွန်တော်၊…

ပုပ်ဖရန်စစ် ကမ္ဘာ့လူငယ်များနေ့အကြောင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ်ဖောက်သည်ပြန်ချ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသောဘုရားဖူးများနှင့်ဤနေ့ ဩဂုတ်လ ၉ ရက်နေ့၌တွေ့ဆုံခဲ့သည်။ ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ တွေ့ဆုံလေ့ရှိသော်လည်း ဇွန်လ၌အကြီးစားခွဲစိတ်မှုခံယူခဲ့ပြီးနောက် ဇူလိုင်လတစ်လလုံးဤတွေ့ဆုံခြင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကောင်းစွာအနားယူရန်လိုအပ်သကဲ့သို့ ရဟန်း မင်းကြီးသည် နိုင်ငံတကာသို့တမန်တော်ခရီးစဉ်ကြွရန်ဆက်တိုက်ရှိသောကြောင့်လည်းဖြစ်သည်။ ယနေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ရဟန်း မင်းကြီးက ကမ္ဘာ့လူငယ်များနေ့အားသတိတရရှိနေသေး၍ ထိုအကြောင်အရာများကို ကမ္ဘာ့လူငယ်များနေ့သို့ရောက်ခွင့်မကြုံသောဘုရားဖူးများအားပြန်လည်ဖောက် သည် ချပေးခဲ့သည်။ ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပရခြင်းသည် အပျော်သက်သက်၊ ဓာတ်ပုံရိုက်ရုံ၊ ကမ္ဘာ့လူငယ်များနှင့်နေရာသစ်၌တွေ့ဆုံရုံမျှမဟုတ်။ အဓိကရည်ရွယ်ချက်မှာလူငယ်များအနေဖြင့်သာသနာ၏အကျိုးဆောင်ပေးမှုဖြင့် မိမိတို့နှင့်ခရစ္စတူးသခင်တို့တွေ့ထိနိုင်ရန်ဖြစ်ကြောင်းပေါ်တူဂီနိုင်ငံသားများ၏လှိုက်လှဲပျူဌာဖော်ရွေမှုအတွက်လည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးမိန့်ခွန်း၏ကောက်နုတ်ချက်မှာ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်သည် မကြာမီရက်ပိုင်းကမှ ပေါ်တူဂီသို့တမန်တော်ခရီးကြွသွားပြီး ကမ္ဘာ့လူငယ်များနေ့အခမ်း အနားသို့ပါ၀င်တက်ရောက်ခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏တည်ရှိနေမှု၊ သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်သောခရစ္စတူးသခင်၏၀ိညာဉ်တော်တည်ရှိနေမှုတို့ကိုကျွန်ုပ်၀န်ခံပါသည်။ ထို၀ိညာဉ်တော်သည်…

ပေါ်တူဂီနိုင်ငံ၊ ကမ္ဘာ့လူငယ်များနေ့တက်ရောက်သောလူငယ်တစ်ဦးအံ့ဩဖွယ်မျက်စိအလင်းရဟုဆို အဖြစ်အပျက်ဖြစ်ခဲ့သည်မှာ ဩဂုတ်လ (၅) ရက်နေ့တွင်ဖြစ်ပြီး အံ့ဖွယ်အာနုဘော်တစ်ခုဖြစ်သွားသည်ဟုယူဆရပါသည်။ ထိုအဖြစ်အပျက်ကိုခံစားရသူမှာ Jimena ဟုခေါ်သည့်သူသည်စပိန်နိုင်ငံကိုယ်စားပြုလူငယ်တစ်ဦးဖြစ်ကာ သူ့အနေဖြင့် ထိုနေ့ဖာတီမာ၌ပူဇော်သောမစ္ဆားတရားအတွင်းကိုယ်တော်မြတ်ပင့်ယူပြီးသည့်နောက် မျက်စိအမြင်ကွယ်နေခဲ့ဟန်ရှိသောသူသည် မျက်စိအလင်းပြန်လည်ရရှိသည်ဟုကြေ ညာခဲ့သည်။ Jimena သည် ယခုကဲ့သို့အံ့ဖွယ်အာနုဘော်ခံစားရခြင်းမှာ Our Lady of the Snows. နှင်းမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ သူ၏မိသားစုသည်လည်း သူ၏ မျက်စိအလင်းပြန်လည်ရရှိလာစေရန်ရည်ရွယ်၍ နိုဗေးနာကိုးနေခဲ့ကြကြောင်း သူ၏အဖြစ်အပျက်နှင့်စပ်လျင်း၍ သူ၏ ပြောဆိုချက်အသံဖိုင်လ်သည် လူမှုကွန်ရက်၌စတင်ပျံ့နှံ့စပြုနေသည်။ ‘ကိုယ်တော်မြတ်ပင့်ယူပြီးတဲ့နောက်ပိုင်း ထိုင်ခုံရှိတဲ့နေရာကိုပြန် သွားလိုက်တယ်။ အဲ့ဒီနေ့ဟာ ကျွန်မမိသားစု စုပေါင်းပြီးကျွန်မမျက်စိပြန်မြင်လာဖို့နိုဗေးနာကိုးတဲ့နောက်ဆုံးနေ့ဖြစ်နေတယ်။ ဒါကြောင့်သူ့အနေနဲ့ကိုယ်တော်မြတ်ပင့်ပြီး ထိုင်ခုံဆီကိုပြန်ရောက်သွားတာနဲ့…
