rvamyanmar

rvamyanmar

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက်

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက် ဩဂုတ်လ (၁ မှ ၆) ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်း၌ကျင်းပသော ကမ္ဘာ့လူငယ်များနေ့၏ ပိတ်ပွဲနေ့၌ ရဟန်းမင်းကြီးဖရန်စစ်မှ လာမည့်တစ်ကြိမ်၌ကမ္ဘာ့လူငယ်များနေ့ကိုလက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံမှာ တောင်ကိုးရီးယားမြို့တော်၊ ဆိုးလ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏သာ သနာပိုင်ဆရာတော် Peter Chung Soon-taek ကလည်း ထိုသတင်းအတွက်၀မ်းသာကြိုဆိုကြောင်းဗာတီကန်သတင်းသို့ဖြေကြားခဲ့သည်။ ဆရာတော်အနေဖြင့် ကမ္ဘာ့လူငယ်များနေ့အား နိုင်ငံသားအားလုံးအ တွက်အခွင့်အရေးကောင်းကြီးတစ်ခုအဖြစ်မြင်ကြောင်း၊ ဘာသာစကားနှင့်ယဉ်ကျေးမှုသည်အနည်းငယ်ကွဲ လွဲ၍ခက်ခဲကောင်းခက်ခဲပေမည်။ သခင်၌၊ ယုံကြည်ခြင်း၌၊ ဆေးကြောခြင်း၌အားလုံသည်ဘုရားသခင်၏ လူမျိုးတော်အတူတူပင်ဖြစ်ကြကြောင်း၊ ကိုးရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့လူငယ်များနေ့သို့ရောက်ရှိလာကြမည့်လူငယ်များအား ကိုးရီးယားလူမျိုး၏ယဉ်ကျေးမှုကိုမတူညီသောအထိအတွေ့များကိုပေးရင်း ခရစ္စတူးသခင်၌တစ်စည်းတစ်လုံးတည်းရှိကြောင်းခံစားမိစေမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့ အသက် (၁၀၆) နှစ်ရှိအဖွား၏အမည်ကား Maria da Conceição ဟုခေါ်ပြီး သူ့အနေဖြင့် သူ့ထက်အသက် နှစ် (၂၀) ငယ်ရွယ်သောရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုခဲ့သည်။ သူသည်ပေါ်တူဂီနိုင်ငံလူမျိုးဖြစ်ကာ ဖာတီမာ၌အမိမယ်တော်ထင်ရှားပြသော (၁၉၁၇၊ မေ ၁၃) ရက်နေ့ကမွေးဖွားခဲ့သူဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အဖွား Maria da Conceição အားတွေ့ဆုံပြီးနောက် အသက် (၁၇) နှစ်သာရှိသေးသော Edna အားလည်းတွေ့ဆုံအားပေးခဲ့သည်။ သူမသည်ကျန်းမာရေးအလွန်ဆိုးရွားစွာခံစားနေရသူဖြစ်သည်။ ဇွန်လအကုန်ပိုင်း၌ Edna သည် ရဟန်းမင်းကြီးဖရန်စစ်ထံစာတစ်စောင်‌ရေးသားပေးပို့ခဲ့သည်။…

ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား

ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ်လ (၁ – ၆) ရက်နေ့အထိကျင်းပခဲ့သည်။ ဤပွဲတော်သို့လာရောက် ကြသော ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များသည် လစ္စဘွန်းသို့ကြိုရောက်ရှိနေခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်မှာမူ ဩဂုတ်လ (၂) ရက်နေ့မှကြွရောက်သွားခဲ့ပြီး (၆) ရက်နေ့မှရောမသို့ပြန်ကြွလာခဲ့ရာ ရဟန်းမင်းကြီးသည် ပေါ်တူဂီနိုင်ငံ၌ (၅) ရက်ကြာသီတင်းသုံးခဲ့ပါသည်။ ရဟန်းမင်းကြီးသည် ထို (၅) ရက်တာအတွင်း ကမ္ဘာအတိုင်းအတာနှင့်ယှဉ်သောဩ၀ါဒများအား လူငယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဆရာတော်များ၊ မကျန်းမာသူများနှင့်အခြားသောအဖွဲ့အစည်းများစွာကိုလည်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ပေါ်တူဂီသို့ခရီးရောက်မဆိုက် သူ့အားလှိုက်လှဲစွာကြိုဆိုသောအခမ်းအနား၌ ‘အနောက်နိုင်ငံများ မိမိတို့၏မူလဇစ်မြစ်၏တန်ဖိုးဆီသို့ပြန်ဦးလှည့်ကြ’ ဟုတိုက်တွန်းခဲ့သည်။…

အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည်

အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည် အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်အလယ်ပိုင်း၌ နှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့၌ ကိုယ်တော်မြတ်စက္ကရာမင်တူးကို လှေငယ်ဖြင့်ပင့်ဆောင်၍ စီတန်းလှည့်လည်ရင်း အမိမယ်တော်အားဂုတ်ပြုလေ့ရှိသည်။ အဆိုပါစီတန်းလှည့်လည်ခြင်းကို Fête-Dieu du Teche ဟုခေါ်ကြသည်။ ယခုနှစ်သည် Louisiana ပြည်နယ်သို့ ပြင်သစ်စကားပြောသောကနေဒါဒေသခံများ Acadiana သို့ရွေ့ပြောင်းခဲ့သည့် (၂၅၈) နှစ်ပြည့်နှစ်ပတ်လည်လည်းဖြစ်သည်။ အမိမယ်တော်သည် Acadiana ဒေသအားမှိုင်းမသောအမိအဖြစ်ဂုတ်ပြုအပ်နှံထား သည်။ ပွဲနေ့မစ္ဆာအား Lafayette သာသနာ ပိုင်ဆရာတော် Douglas Deshotel မှ မယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံဘွဲ့ခံယူထားသောဘုရားကျောင်းတွင်ပူဇော်မည်ဖြစ်သည်။ လှေငယ်ဖြင့်ကိုယ်တော်မြတ်ပင့်ဆောင်ကြွချီမည့်ရေမိုင်ခရီးသည် (၄၀)…

ဖာသာရ် Rev. Fr. Augustine တင်မောင်ထွန်း (မန္တလေး) သခင်ယေဇူးအဆင်းသဏ္ဍန်ပြောင်းလဲသောပွဲနေ့ တနင်္ဂနွေနေ့ ဩဝါဒ ၆၊ ၈၊ ၂၀၂၃

သြဂုတ်လ (၆) ရက်နေ့ယေဇူးဘုရားရှင်၏အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းယနေ့ ဖတ်ရတဲ့ကျမ်းစာမှာ ယေဇူးဘုရားရှင်က လက်ရွေးစင် တပည့်တော်ကြီး (၃)ပါး-သံပေတရူး၊ သံယောဟန်နဲ့ သံယာကုပ်တို့ကို တောင်ပေါ်မှာ ဆုတောင်းဖို့ ခေါ်သွားရင်းသူတို့ရှေ့မှာပဲ ယေဇူးဘုရားရှင်က အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူပါတယ်။ ဆိုလိုတာကလူ့ကိုယ်ကာယ အသွေးအသားနဲ့ ရှိနေတဲ့ ယေဇူးဘုရားရှင်က သူ့တပည့်တော်ကြီး (၃)ပါးကိုသူ့ရဲ့ဘုရားဇာတိကို ခဏလောက် ပြသလိုက်တာပါပဲ။ ဘုရားဇာတိရဲ့ ဘုန်းဂုဏ်တော်ရောင်ဝါတွေကိုမြင်လိုက်ရတဲ့ တပည့်တော်ကြီးတွေက ဘယ်လောက်တောင် ပျော်မြူးသွားသလဲဆိုတော့ အဲဒီလိုဘုရားရိပ်တရားရိပ် ရှိတဲ့နေရာမှာပဲ အပြီးနေချင်စိတ်ပေါက်သွားတာပဲ။ “ကိုယ်တော့်အဖို့တဲတစ်ဆောင်၊ မိုးဇယ်အဖို့ တဲတစ်ဆောင်၊ ဧလိယအဖို့ တဲတစ်ဆောင် ဆောက်လုပ်ပြီး အပြီးနေကြစို့”လို့ ယောင်ရမ်း ပြောခဲ့ပါတယ်။…