
ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၂၈၊ ၃၊ ၂၀၂၃

ဝါတွင်းကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ ရှင်ယောဟန် ၈း ၂၁-၃၀ ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ပထမကျမ်းစာမှာ အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ အီဇရာအဲလ် လူမျိုးတွေကို မိုးဇယ်အား ဖြင် ဘုရားသခင်က သူတို့ကို ကျွန်ဘဝမှ ကယ်ထုတ်ခဲ့ပြီး ကတိထားရာပြည်ကို ခေါ်ဆောင်လာခဲ့တယ်။ လမ်းမှာစားစရာကုန် တဲ့အခါ မာနာမုန့်ကို ကောင်းကင်ကချပေးပြီး အသားအဖြစ်စားဖို့ငုံးငှက် တွေကို ဖမ်းယူစားသောက်စေခဲ့တယ်။ သူတို့ကတိထား ရာပြည်ကို မရောက်မခြင်း လိုလေသေးမရှိ ဘုရားက အကုန်ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ကျေးဇူးကန်းကြသူတွေဟာဘုရားရှင် ရဲ့အကူအညီကို ညီးညူခဲ့ကြတယ်။ ဒုက္ခရောက်တဲ့အခါတိုင်း မိုးဇယ် နဲ့ ဘုရားသခင်ကို ပြစ်တင်ပြောဆိုခဲ့ကြတယ်။ ကျွန်ဘဝကို ပြန်တမ်းတကြတယ်။ ဘုရားသခင်းကတိထားရာပြည်ကို လျှာက်လမ်းနေတဲ့လမ်းခရီးမှာ ဒုက္ခအခက်အခဲးကို…








