
ဖာသာရ် Paschael သီကိုရှင် (SDB) ၂၃ ကြိမ်မြောက်သာမန် သောကြာနေ့ ဩဝါဒ ၁၅၊ ၉၊ ၂၀၂၃



For Young Children ဒီနေ့မှာ ကလေးငယ်တွေအတွက် မိဘတွေ စဉ်းစားပေးပါဆိုတဲ့အကြောင်း မျှဝေပေးသွား ချင်ပါတယ်။ ကလေးငယ်လေးတွေဆိုတာက မွေးစကနေ လေးနှစ်အရွယ်လောက်တို့ကို ဆိုလိုတာပါ။ သူတို့ဘဝအတွက် အင်မတန် အရေးကြီးတဲ့အတွက် မိဘတွေ ဒီတစ်ခုကိုပဲ စဉ်းစားပေးပါ။ မိဘနှစ်ဦးကလ်း ကလေးငယ်လေး သူတို့ဘဝထဲကို ရောက်လာပြီဆိုတော့ ဘာလုပ်ဘာကိုင် ရမှန်းမသိ အနီးအနားမှာလည်း အကူအညီရဖို့ တစ်ဦးတစ်ယောက်မှမရှိတော့ အင်မတန်ရှုပ်ထွေးတဲ့ ကာလဆိုရင် မမှားပါဘူး။ ကလေး မမွေးခင်ကတော့ ဝင်ငွေက နှစ်ယောက်စာရှိပြီး အခုတော့…


အဆိုးတွေ အမှားတွေ ကိုပဲ အာရုံစိုက်မိတဲ့ အခါ.. . ကျွန်တော်တို့ လူသားတွေ ရဲ့ ဗီဇ မှာကိုက တစ်ခုခု ကြုံလိုက်ပြီ ဆိုရင် အဆိုး ဖက်ကနေ အရင်တွေးမိ ကြလေ့ရှိပါတယ်။ ပုံမှန် လက်တွေ့အနေအထားကနေ ကင်းကွာ နေတဲ့ ၊ ရုတ်တရက် နားမလည်နိုင်တဲ့ ၊ အသစ်အဆန်း တစ်ခုခု ဖြစ်နေတဲ့ အတွေးအခေါ် ၊ သတင်းစကား၊ အိုင်ဒီယာ တစ်ခုခု ကို ပထမ ဆုံးကြားလိုက် ကြုံလိုက်ရတဲ့ အခါမှာ ဒါဟာ…



အီတလီနိုင်ငံရောက်ပါကိစ္စတန်ခရစ်ယာန်များ ၄င်းတို့၏သံအမတ်ထံအမှန်တရားနှင့်တရားမျှတခြင်းကိုတောင်းဆိုရန်အိတ်ဖွင့်ပေးစာတစ်စောင်ပေး အီတလီနိုင်ငံသို့အခြေချနေထိုင်နေကြသော ပါကိစ္စတန်နိုင်ငံမှခရစ်ယာန်တစ်ဖွဲ့က အီတလီနိုင်ငံ၌ အမှုထမ်းနေသောသံအမတ်ကြီးထံသို့အိတ်ဖွင့်ပေးစာတစ်စောင်ပေးအပ်ခဲ့သည်။ အဆိုပါအိတ်ဖွင့်ပေးစာထဲ ၌ ပါကိစ္စတန်နိုင်ငံရှိ Faisalabad မှခရစ်ယာန်များအားပိုမိုလုံခြုံသောအကာအကွယ်ပေးရန်တောင်းဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် ဩဂုတ် (၁၆) ရက်နေ့က အစွန်းရောက်အီစ္စလာမ်လူတစ်စုက ခရစ်ယာန်ဘု ရားကျောင်း (၂၁) ကျောင်းအားလည်းကောင်း၊ ခရစ်ယာန်အိမ်ထောင်စု (၁၀၀) ခန့်အားလည်းကောင်းမီးရှို့ဖျက်ဆီးခဲ့သည်။ ဤလုပ်ရပ်အား ပါကိစ္စတန်သမ္မတနှင့်သံအမတ်ကိုယ်တိုင်လည်းကန့်ကွက်ရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ဤလုပ်ရပ်အားကန့်ကွက်ကြောင်း၊ နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်အောင်အကြမ်းဖက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သန့်ရှင်းသောနေရာအားတိုက်ခိုက်ခြင်း၊ ထိုတိုက်ခိုက်မှုကိုလည်းထိုဒေသမှမဟုတ်သောလူတစ်စုကကျူးလွန်ခြင်းများသည် ပါကိစ္စတန်နိုင်ငံ၏ပုံရိပ်ကျဆင်းစေရန်နှင့်ပါကိစ္စတန်လူထုကြားစည်းလုံးမှုပြိုကွဲစေရန် ကြိုတင်ပြင်ဆင်ထားသည်လုပ်ရပ်ဖြစ်ကြောင်းဖြင့်ပါကိစ္စတန်သံအမတ်ကပြောကြားခဲ့သည်။ ပါကိစ္စတန်မှခရစ်ယာန်များအနေဖြင့် ဆုံးရှုံးပျက်ဆီးမှုများနှင့်အညီထိရောက်သောအရေးယူမှုကိုတောင်းဆိုနေကြသည်။ ဥပမာအားဖြင့် မီးရှို့ဖျက်ဆီးခံလိုက်ရသောလူနေအိမ်များအားပြန်လည်တည် ဆောက်ပေးရန်၊ ဒေသခံလူနည်းစုများခံစားကြုံကြိုက်နေရသော ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်းနှင့်ညှဉ်းပမ်းနှိပ်စက်ခြင်းများကိုချက်ချင်းရပ်တန့်ရန်တို့ကိုတောင်းဆိုခဲ့သည်။ လောလောလတ်လတ်ဖြစ်ပွားသောအမှုတစ်ခုတည်းသာလျှင်ပလပ်မေ့ပျောက်ခံရသောအမှုမဟုတ်ပေ။ အီတလီရောက်ခရစ်ယာန်တို့၏၀ိညာဉ်ရေးရာတာ၀န်ခံလက်ထောက်ဖာသာရ်…

ဒုက္ခသည် သိုးများဆီသို့ Lahore ဂိုဏ်းချုပ်ဆရာတော်ကြွရောက် ပါကိစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် Jaranwala ၌ခရစ်ယာန်များအားပစ်မှတ်ထားအကြမ်းဖက်မှုများစတင်လာခဲ့ပါပြီ။ ထိုကြောင့်အခင်းဖြစ်ရာသို့ ဩဂုတ်လ (၂၂) ရက်နေ့က ဂိုဏ်းချုပ်ဆရာတော်ကချက် ချင်းရောက်ရှိသွား၍အခြေအနေကိုကြည့်ရူခဲ့သည်။ အားပေးနှစ်သိမ့်ခဲ့သည်။ အခင်းဖြစ်ပွားသည့်မြင်ကွင်းသည် လွန်စွာဆိုး၀ါးခဲ့ကြောင်းထိတ်လန့်ဖွယ်ရာဖြစ်သည်ကိုမြင်တွေ့ခဲ့ရသည်။ ကုန်းကောက်စရာမရှိအောင် ကိုပင်မီးထဲပါသွားခဲ့သည်။ ယေဇူးသခင်၏ချစ်ခြင်းကိုပြသရန်မှာကျွန်ုပ်တို့၏တာ၀န်ဖြစ်ကြောင်းပြောကြားခဲ့ သည်။ သာသနာအနေဖြင့် လိုအပ်ချက်များကိုတတ်နိုင်သလောက်အနီးကပ်ကူညီစောင့်ရှောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်၀တ္တုများကူညီ၍ဘာသာတူတို့၏ဒုက္ခကိုဖြေလျော့ပေါ့ပါးသွားအောင် ကာရီတာစ့်နှင့်အခြားခရစ်ယာန်အဖွဲ့အစည်းများ၏အကူအညီဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ထိတ်လန့်ဖွယ်ရအဖြစ် မျိုးနှင့်ကြုံခဲ့ရသည်မှန်သော်လည်း ၄င်းတို့သာဤဒုက္ခကိုခံထမ်းနေခြင်းမဟုတ်။ ယေဇူးသခင်သည်လည်း ကောင်း၊ သာသနာသည်လည်းကောင်း သူတို့နှင့်အတူရှိနေကြောင်းအားပေးခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် မွတ်စလင်ဘာသာ၀င်ကိုကိုယ်စားပြုသောအဖွဲ့၊ ယာယီနိုင်ငံတော်၀န် ကြီးချုပ် Anwar ul Haq တို့နှင့်အတူလိုက်ပါသွားခဲ့ခြင်းဖြစ်သည်။…

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Novak နှင့်အတူယူကရိန်းစစ်သင့်ဒေသငြိမ်းချမ်းရေးရရန်ဆုတောင်းခဲ့ ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Katalin Novak အားဗာတီကန်သို့ မကြာမှီက ကလက္ခံကြိုဆိုခဲ့သည်။ ရဟန်းမင်းကြီးနှင့်သမ္မတတို့၏တွေ့ဆုံဆွေးနွေးမှုသည်ချစ်ခင်ရင်းနှီးစွာ ရှိပြီး၊ ခရစ်ယာန်စံတန်ဖိုးနှင့်ညီသော မိသားစုအကြောင်း၊ ယခုနှစ်ဧပြီလက ရဟန်းမင်းကြီး၏ဟန်ဂေရီတမန်တော်ခရီးစဉ်အကြောင်းများကိုပြောဆိုခဲ့ကြောင်းဗာတီကန်သတင်းဌာနမှထုတ်ပြန်လာပါသည်။ ရဟန်းမင်းကြီးသည် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေစဉ်က ယူကရိန်းစစ်ဘေးရှောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံမှုလည်း ယူကရိန်းစစ်သည်အဓိကအချက်ဖြစ်ပြီး လူသားချင်းစာနာသောအခြေအနေနှင့်ပဋိပက္ခကိုအမြန်အဆုံးသတ်နိုင်မည့်အားထုတ်မှုအကြောင်းများဖြစ်သည်။ ကမ္ဘာပေါ်၌ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှုသည်တစ်စတစ်စကြီးထွားလာနေမှုအကြောင်းကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဟန်ဂေရီသမ္မတသည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီးနောက် ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin နှင့်လည်းတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု၌ဗာတီကန်၏ နိုင်ငံတကာဆက်ဆံရေးဌာန၏အတွင်းရေးမှူး မွန်ဆီညှော် Mirosław Wachowski လည်းပါ၀င်ခဲ့သည်။ ဟန်ဂေရီသည်ယူကရိန်းနှင့်နယ်စပ်ခြင်းထိစပ်နေသောကြောင့် စစ်ဘေးဒုက္ခသည်များအတွက်ခိုလုံရန် အခရာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။…