
ဘယ်တော့မှမကြိုးစားသင့်တဲ့အရာ
ဒီကနေ့အတွက် ဘယ်တော့မှမကြိုးစားသင့်တဲ့အရာဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘဝမှာ ဘယ်တော့မှ မကြိုးစားသင့်တဲ့ အရာတစ်ခုဟာ တစ်ဖက်လူအထင်ကြီးခံရဖို့ပါပဲ ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူးပါလိမ့်မယ် ။ လူအထင်ကြီးခံရဖို့ ကြိုးစားတဲ့သူတွေ ၊ အရှင်းဆုံးပြောရရင် ကြွားဝါတတ်တဲ့ သူတွေပေါ့ ။ တစ်ချို့လူတွေက ဒါကို ဝါသနာအရမ်းပါကြတယ် ။သူတို့ကို ခင်ဗျားတို့ တကယ်အထင်ကြီးရဲ့လား ။ လုံးဝ မကြီးပါဘူး ။ သူ့ရှေ့မှာသာ ဟန်ဆောင်နေပေးလိုက်ပေမယ့် ၊ သူ့အကြောင်းသိပြီးသားဖြစ်တဲ့အတွက် ကွယ်ရာမှာ ကဲ့ရဲ့ကြမှာပါပဲ ။ တကယ်တော့ ကြွားဝါခြင်းဟာ…







