rvamyanmar

rvamyanmar

အခက်အခဲကို တောင့်ခံနိုင်သောစိတ်

အခက်အခဲကို တွေ့ကြုံရတဲ့အခါ ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာထက် အရင်ဆုံး အခက်အခဲပေါ်မှာ ဘယ်လောက်ထိ တောင့်ခံနိုင်သလဲ၊ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်စိတ်က ဘယ်လောက်ထိ တည်ငြိမ်လဲဆိုတာတွေက ပိုအရေးကြီးပါတယ်။ အသက်ရှင်နေသရွေ့ အခက်အခဲကတော့ တွေ့နေအုံးမှာပါ။ ကိုယ်က ဘယ်နားကိုပဲ ရောက်နေ‌နေ မတူညီတဲ့အခက်အခဲကတော့ ရှိနေမှာပါ။ ဘဝမှာ အခက်အခဲ‌တွေ တစ်ချိန်မဟုတ် တစ်ချိန် တွေ့ကြုံရတတ်ပါတယ်။ အခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အရင်ဆုံး ဒီအခက်အခဲကို ဘယ်လောက်ထိ တောင့်ခံနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ အခက်အခဲအပေါ်မှာ ထားတဲ့စိတ်၊အမြင်က ဘယ်လောက်ထိ မှန်ကန်ပြီး အံဝင်ဂွင်ကျသလဲကို ဆိုလိုတာပါ။ ဘယ်လောက်ထိအောင်…

ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် စနေနေ့ သြဝါဒ ၁၅၊ ၄၊ ၂၀၂၃

ဧပြီလ (၁၅) ရက်၊ စနေနေ့  ခရစ်တော်ဘုရားရဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲတော်ကြီးကို ဆက်လက်ကျင်းပနေကြတာ ဒီယနေ့နဲ့ဆို တစ်ပါတ် တိတိရှိပါပြီ။ ရှင်ပြန်ထမြောက်ခြင်းပွဲက ခရစ်ယာန်ပွဲတကာတို့ထက် အမြင့်မြတ်ဆုံးနှင့် အကြီးဆုံးသော ပွဲတော်ကြီး တစ်ခုဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သေခြင်း၊ ရှင်ပြန်ထမြောက်သာ မရှိဘူးဆိုလျှင် ခရစ်ယာန်ဘာသာလည်း ရှိလာမှာ မဟုတ်ဘူး။ တမန်တော်ကြီး ရှင်ပေါလုက ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့ပါလျှင် ငါတို့၏ ဟောပြော ခြင်းနှင့် ယုံကြည်ခြင်းသည် အချည်နှီး သက်သက်ပဲလို့ မိန့်ဆိုခဲ့ဖူးပါတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက ခရစ်ယာန်ဘာ သာဖြစ်လာဖို့ တနည်းအားဖြင့်…

ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် သောကြာနေ့ သြဝါဒ ၁၄၊ ၄၊ ၂၀၂၃

ဧပြီလ (၁၄) ရက်၊ သောကြာနေ့             သခင်ယေဇူး ကားတိုင်ထက်မှာ အသက်တော်စွန့်ပြီးတဲ့နောက်ပိုင်း နီးနီးကပ်ကပ်နေခဲ့တဲ့ တပည့်တော်ကြီး တွေက အရင်ဆုံး စိတ်ဓါတ်ကျသွားခဲ့ပါတယ်။ အကြီးကြီးမျှော်လင့်ထားခဲ့ပြီးမှ ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ လူတော်တော်များများက စိတ်ဓါတ်ကျတတ်ကြတယ်။ အလွယ်တကူနဲ့ အလျော့ပေးချင်ကြတယ်။ တချို့တွေက မျှော်လင့်ချက်သာ ရှိတာ ယုံကြည်ချက် မပါကြဘူး။ ဆယ်တန်းကျောင်းသားတစ်ယောက်က ဆယ်တန်းအောင်ဖို့ မျှော်လင့်ထားပေမဲ့ ကိုယ့်အကြောင်းကို အသိဆုံးပဲ ။ ကိုယ်ဘယ်လို ဖြေခဲ့လည်း စာတွေဘယ်လိုကျက်ခဲ့လဲဆိုတာ သိတယ်။…

ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် ကြာသပတေးနေ့ သြဝါဒ ၁၃၊ ၄၊ ၂၀၂၃

ဧပြီလ (၁၃) ရက် ၊ ကြာသပတေးနေ့ ဒီယနေ့ဧဝံဂေလိကျမ်းစာမှာ ယေဇူးဘုရားရှင်က  ဧမာဦးမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ တပည့်တော် ၂ပါးနှင့်အတူ ခရီးပြုပေးပြီး  ကျမ်းစကားကို နားလည်ဖို့ တပည့်တော်ကြီး ၂ ပါးရဲ့ စိတ်နှလုံး တွေကို ဖွင့်ပေးလိုက်တဲ့ အကြောင်းကို ကြားနာရပါတယ်။ ကျမ်းစကားရဲ့ ဖွင့်ဆိုမိန့်မှာချက်တွေနဲ့ ရင်းနှီးနေကြသော်လည်း နားမလည်ကြတဲ့ အချက်တွေလည်း အများကြီးရှိတယ်။ တစ်ဦးတစ်ယောက်က အလင်းပြ အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်မှ နားလည်နိုင်တာမျိုး။ ရှင်ပြန်တော်မူတဲ့ ခရစ်တော်ကြောင့် ကျမ်းချက်တွေက ပြည့်စုံသွားတယ်။ ခရစ်တော်က အလင်းပေးလိုက်တဲ့အခါမှသာ ဆိုလိုရင်းကို…