rvamyanmar

rvamyanmar

ရှင်သန်ခွင့်နှင့် ကျင့်ဝတ်သိက္ခာ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှm  ” ရှင်သန်ခွင့်နှင့် ကျင့်ဝတ်သိက္ခာ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #Environment #ရှင်သန်ခွင့်နှင့်ကျင့်ဝတ်သိက္ခာ #ကိုယ်ကျင့်တရား

ကောင်းတဲ့အပြုအမူတွေ ပြုမူဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရစေဖို့ မိဘတွေက ဘယ်လိုသင်ကြားပေးရမလဲ

How can I teachဒီနေ့မှာ ဆယ်ကျော်သက်ရွယ်ေွကို ကောင်းတဲ့အပြုအမူတွေ နည်းဟန်တွေ ပြုမူဆောင် ရွက်တဲ့ အလေ့အကျင့်ကောင်းတွေ ရစေဖို့ မိဘတွေက ဘယ်လိုသင်ကြားပေးမလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။မိဘတိုင်းကတော့ စကားစပြောတတ်စအရွယ်မှာကတည်းက လိမ္မာယဉ်ကျေးတဲ့ သားသမီး လေးဖြစ်လာဖို့ နည်းမျိုးစုံနဲ့ သင်ပေးခဲ့ကြတာပါ။ဒါပေမယ့်လို့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ခါမှာ တချို့သော ဆယ်ကျော်သက် ကလေးတွေက မိဘက သင်ပေးခဲ့ပေမယ့် ရိုင်းပျတဲ့ အပြုအမူတွေ လုပ်လာကြတယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ ပြုမူရမယ့် အရာတွေကို ဂရုမစိုက်ချင်လာတဲ့ ပုံစံတွေကို တွေ့လာရတယ်။ဒီလိုဖြစ်လာတာ ဘာဖြစ်လို့လဲ?မိဘတွေအနေနဲ့ ဆယ်ကျော်သက်သားသမီးရဲ့ အပြောအဆို ပြုမူနေထိုင်ပုံတို့ဟာ…

ကက်သလစ်တစ်ယောက်ရဲ့ပျော်ရွှင်မှု

ကက်သလစ်တစ်ယောက်ရဲ့ပျော်ရွှင်မှု အမိကက်သလစ် အသင်းတော်ကို အိမ်ကလေး တစ်လုံးနဲ့ ကျွန်တော် နှိုင်းယှဉ်ပြချင်ပါတယ်။ ကျွန်တော် တို့ရဲ့ ကက်သလစ် အသင်းတော်ဟာ ကမ္ဘာတဝှမ်းက သားသမီးတွေ တစ်စုတစ်စည်းထဲ နေကြတဲ့ အိမ်ဂေဟာ အကြီးကြီးတစ်ခုလို့ ပြောရင် ပိုမှန် ပါလိမ့်မယ်။ မိသားစုတွေမှာ ကြုံတွေ့ ရင်ဆိုင်ရတဲ့အတိုင်း အခက်အခဲ ဒုက္ခတွေ ဆိုတာလည်း ရှိပါတယ်။ ဘယ်လောက်ပဲ မုန်တိုင်းကြုံကြုံ မိသားစုနဲ့အတူ ရှိနေတယ်ဆိုတဲ့ ခံစားချက်က အခက်ခဲကြားမှာ ပြုံးပျော်ရွှင် စေပါတယ်။ အဲ့ဒီလို ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ အိမ်ကလေးကို တစ်ချက်လောက်…

စက်တင်ဘာ(၂၃) #စိန့်ပါဒရယ်ပီးအို

စက်တင်ဘာ(၂၃) #စိန့်ပါဒရယ်ပီးအို စိန့်ပါဒရယ်ပီးအိုဟာ နာကျင်မှု ဝေဒနာအမျိုးမျိုးကို ခံစားနေရသူများအား ကြည့်ရှုစောင့်ရှောက် ကုသပေးတဲ့ ရဟန္တာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါဆိုး (ကိုဗစ်နဲ့ ကိုစစ်)ကြောင့် ဒုက္ခဝေဒနာ အမျိုးမျိုး ခံစားနေကြရတဲ့ အချိန်မှာ ဒီရဟန္တာကနေ တဆင့် ဆုတောင်းပြီး ဝိညာဥ်အာဟာရ ခွန်အား ရယူနိုင်ပါတယ်။ St. Padre Pio (1887-1968) စိန့်ပါဒရယ်ပီးအိုဟာ အီတလီနိုင်ငံသား ကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပြီး သူရဲ့ ဘုရားတရား ကြည်ညိုမှုနဲ့ ကရုဏာရေး လုပ်ဆောင်ချက်တွေကြောင့်…

ကျဆင်းနေသောစိတ်ဓာတ်များကိုပြန်လည်ဆွဲတင်ခြင်း

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်မှာတော့ကျွန်မက“ကျဆင်းနေသောစိတ်ဓာတ်များကိုပြန်လည်ဆွဲတင်ခြင်း “နှင့်ပတ်သက်လိုပြောကြားပေးသွားမှာဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေများရှင်-လူတိုင်းလူတိုင်းမှာစိတ်ဓာတ်ကျတဲ့အချိန်၊မျှော်လင့်ချက်ပျောက်ဆုံးတဲ့အခြေအနေတွေရှိတက်ပါတယ်။ မိတ်ဆွေတို့မှာလည်း၊စိတ်ဓာတ်ကျဆင်းစေမဲ့အကြောင်းအရာအများကြီးရှိကြမှာပါ။အနည်းနဲ့အများဆိုသလိုကြုံဖူးကြမှာပါ။ဒီလိုအချိန်တွေမှာစိတ်ညစ်နေမယ်၊၀မ်းနည်းနေမယ်၊စိတ်ပျက်ခြင်း၊စိတ်ညှိုငယ်ခြင်း၊ကနေပြီးနောက်ဆုံးမှာလုံး၀ကိုမျှော်လင့်ချက်ပျောက်ဆုံးတဲ့အခြေမနေ၊စိတ်ပျက်တဲ့အခြေနေရောက်ရှိသွားနိုင်ပါတယ်။ကျွန်မတို့တွေဟာလူရယ်လို့ဖြစ်လာရင်တခါတရံမှာစိတ်မရွှင်မပျခြင်းကိုလည်းခံစားကြရမှာပါ။လူတွေဘာကြောင့်ဒီလိုဖြစ်တက်ကြတာပါလဲ။စိတ်ထောင်ကိုယ်ကျေသွားလိုပေါ့။တချို့ကြတော့စီးပွားရေးအဆင်မပြေလို၊အရှုံးပေါ်လို၊ရင်နှီးချစ်ခင်သူတွေဆုံးရှုံးသွားလို့၊မိသားစုအဆင်မပြေလို၊အလုပ်ထုတ်ခံရလို၊စိတ်သွားတိုင်ကိုယ်မပါလို၊ကျန်းမာရေးမကောင်း၊လူရှေ့ထွက်မပြောဆိုရဲလို၊လူရာမ၀င်လို၊မိတ်ဆွေများမခေါ်မပြောစွန့်ပစ်သွားလို၊ဆင်းရဲလို၊ဥာဏ်မကောင်းလို၊ရုပ်မလှ၊ဆွဲဆောင်မှုမရှိလို့အသက်အရွယ်ကြီးလာလို၊ကိုးဗစ်ပိုးကူးစက်ခံရလို၊သံသယရှိလို၊စသည့်နှင့်အခြားသောအကြောင်းအရာတွေနဲ့စိတ်ဓာတ်ကျဆင်းနေကြတဲ့သူတွေကျွန်မတို့အနီးအနားပတ်၀န်းကျင်မှာဒုနဲ့ဒေးရှိနေကြပါတယ်။ယခုလိုအချိန်မှာပိုဆိုးနိုင်ပါတယ်။သော်တရှင်မိတ်ဆွေများကို – အားပေးချင်တာကတော့ သင့်ရဲ့အတွေးစိတ်ကူး၊အနှောင်အဖွဲ့တွေကိုချိုးဖျက်လိုက်ပါ။ဒါမှလည်းသင့်ခန္ဓာကိုယ်မှအနှောင်အဖွဲ့များကိုလည်းချိုးဖျက်ပြီးသားဖြစ်သွားပါလိမ့်မယ်လို့-JonathanLivingstoneseagullကဆိုထားပါတယ်။ဆိုလိုတာကတော့မိမိကိုစိတ်ဓာတ်ကျဆင်းစေတဲ့အတွေးတွေ၊စိတ်ကူးတွေအားလုံးကိုရပ်တန့်ကရပ်လိုက်ပါလိုအကြုံပြုထားပါတယ်။ဒါမှသာလျှင်စိတ်သက်သာရာရရှိသွားမှာဖြစ်လို့ပါ။အချိန်ယူဖို့တော့လိုအပ်ပါလိမ့်မယ်။ဒါအပြင်မိမိဘ၀မှာအောင်မြင်မှုရရှိခဲ့တဲ့အချိန်အခါတွေပြန်သတိရပါ။သူတပါးချီးမွမ်းစကား၊ဂုဏ်ပြုစကား၊ဂုဏ်ပြုခံရတဲ့အခါတွေကို၊ပြန်အမှတ်ရပြီးခွန်အားပြန်ယူပြီးတော့ဒီအချက်တွေနဲ့မိမိရဲ့စိတ်ဓာတ်တွေကိုပြန်ဆွဲတင်စေချင်ပါတယ်။ဒါမှာလည်းရှေ့ဆက်လျှောက်လမ်းရမဲ့ဘ၀ရှည်ကြီးကိုယုံကြည်ချက်၊မျှော်လင့်ချက်တွေနဲ့ဆက်ပြီးလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်တွေနဲ့ရှေ့ဆက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။မိတ်တွေများရှင် ဘာအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်စိတ်ဓာတ်ကျဆင်းနေရင်သတိတရား၊အသိတရားလေးနဲ့ပြန်ဆွဲတင်ကြပါနော်။အမှုမဲ့အမှတ်မဲ့မထားလိုက်ပါနဲ့။စိတ်ပိုင်းဆိုင်ရာမထိခိုက်အောင်လည်းသတိထားဆင်ခြင်နေစေချင်ပါတယ်။သော်တရှင်များရှင် – စိတ်ဓာတ်ကျတဲ့ချိန်မှာယုံကြည်ချက်တွေပျောက်ကွယ်သွားတက်တဲ့အပြင်မျှော်လင့်ချက်တွေလည်းမှေးမှိန်သွားတက်ပါတယ်နော်။ဥပမာ-ပစ္စည်းပျောက်ရင်ပြန်ရှာလိုရတယ်၊ကျသွားရင်ပြန်ကောက်လိုရတယ်။စိတ်ဓာတ်ကျသွားရင်လဲပြန်ဆွဲတင်လိုတော့ရပါတယ်။။အဓိကတော့မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပါပဲ။မိမိကိုယ်ကိုအားတင်ထားပါ.အားယူပါ။ငါလုပ်နိုင်တယ်၊လုပ်ကိုလုပ်ရမယ်၊ရကိုရရမယ်ဆိုတဲ့မခံခြင်းစိတ်တွေးလိုက်တာနဲ့တင်အိပ်ယာပေါ်ကနေ၀ုန်းကနဲ့ခုန်းဆင်နိုင်ပါပြီမိတ်ဆွေလူငယ်များရှင်။ချစ်သောမိတ်ဆွေများရှင်၊စိတ်ဓာတ်ကျစေမဲ့မကောင်းတဲ့အတွေးတွေကိုပယ်ထုပ်ပစ်ပြီးတော့အပြုသဘောဆန်တဲ့ကောင်းမွန်တဲ့အတွေးတွေကိုတွေးနိုင်ကြပါစေ။ကျဆင်းနေတဲ့စိတ်ဓာတ်တွေကိုဒီအတိုင်းပစ်မထားလိုက်ပါနဲ့။စိတ်ဓာတ်မြင့်တင်ရေးစာပေဟောပြောပွဲတွေနားထောင်ပါ။စိတ်ဓာတ်မြင့်တင်ရေးစာအုပ်တွေဖတ်ပေးပါ။စိတ်သက်သာရရလာမယ်၊မိမိအတွက်အကျိုးတစ်စုံတစ်ရာရရှိမှာဧကန်ပါ။စိတ်ခွန်အားတွေလည်းရရှိလာမှာဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေများကို အားပေးခြင်းတာကတော့ – လူတိုင်းလူတိုင်းအယောက်စီတိုင်းမှာဘ၀တွေရှိပါတယ်။ကျဆုံးမှုအောင်မြင်မှုတွေလည်းကြုံရမှာဖြစ်ပါတယ်.။အသည်းကွဲဘူးကြမှာပါ။ငိုခဲ့ရတဲ့အချိန်တွေလည်းရှိကြမှာပါ။ဘယ်လိုပဲဖြစ်နေပါစေမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားရှင်ထံမှကျေးဇူးခွန်အားတောင်းခံပြီးတော့ပြန်ထကြပါ။ကျဆင်းနေတဲ့စိတ်တွေကိုပြန်ဆွဲတင်ကြပါ။ဒါမှမိမိသွားလိုရာပန်းတိုင်ခရီးကိုလျှောက်လိုရမှာပါ။မိမိဘ၀ကိုအကောင်းဆုံးလုပ်ပြလိုက်ကြပါမိတ်ဆွေများတို့။သင့်အတွက်အနက်ဖြန်ကကြိုဆိုနေပါတယ်။သော်တရှင် လူငယ်မောင်မယ်တို့ဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဆိုတာမမေ့ကြပါနဲ့။ဒါကြောင့်လူငယ်တွေကိုစာသားလေးနဲ့ခွန်အားယူစေခြင်းပါတယ်။ချော်လဲသွားရင်ကိုယ်ကိုကိုယ်ပြန်ထတက်ရမယ်၊ဒဏ်ရာရာရရင်ကိုယ်ကိုကိုယ်ပြန်ကုစားနိုင်ရမယ်၊ဘ၀ဆိုတာရုန်းကန်လိုအောင်မြင်လာတဲ့တောက်ပမှု၊စောင့်စားလိုရရှိလာတဲ့အောင်မြင်မှုမျိုးမရှိပါ။ ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆက်လက်ရှင်သန်လုပ်ဆောင်ကြပါစေ။ပန်းတိုင်ဟာမေ၀◌းတော့တနေ့မှာသင့်ကိုကြိုဆိုနေပါတယ်။ ဘ၀ကိုအရှုံးမပေးတက်တဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်များကိုအတုယူကြပါ။ဥပမာ-ကာရိုလီတက်စ်၊မစ်ချဲ၊မတ်ခ်ပိုးလော့၊ဂျက်စီကော့စ်သူတို့ရဲ့ဘ၀အကြောင်းတွေကိုလေ့လာဖတ်ရှုပြီးကျဆင်းနေတဲ့စိတ်တွေကိုပြန်ဆွဲတင်လိုက်ပါ။။မိမိရဲ့စိတ်ဓာတ်ကိုမြှင့်မြှင့်တင်ထားပါ။မြင့်မြင့်ကြံပါလိုလည်းအကြံပြုပါရစေ၊အားပေးပါရစေ။ဒီတစ်ပတ်အတွက်ဤအကြောင်းအရာလေးကိုဒီတင်အဆုံးသတ်ပါရစေ။အားပေးနားဆင်ကြသူတွေအတွက်လည်းခွန်အားရစရာ၊ဗဟုသုတ၊အသိတရားလေးတစုံတရာရရှိကြပါစေ။ရရှိလိမ့်မယ်လိုလည်းမျှော်လင့်ပါတယ်။အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။မြန်မာပြည်သူပြည်သားများအားလုံးစစ်ဘေးရန်နှင့်ရောဂါကပ်ဘေးဆိုးကြီးမှလည်းအမြန်ဆုံးကျော်လွှာနိုင်ကြပါစေ။ကင်းေ၀◌းကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။

အင်အားကြီး နိုင်ငံများ

 အင်အားကြီး နိုင်ငံများ” ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝ ‌အ မွေ ကဏ္ဍမှာ ” အင်အားကြီး နိုင်ငံများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တင်ဆက် – William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky

အိမ်ထောင်သက် (၈၂) နှစ်ရှိပြီဖြစ်သော ပြင်သစ်နိုင်ငံ၏အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံ

အိမ်ထောင်သက် (၈၂) နှစ်ရှိပြီဖြစ်သော ပြင်သစ်နိုင်ငံ၏အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံ              ပြင်သစ်နိုင်ငံမှဇနီးမောင်နှံတို့မှာ Berthe နှင့် Marcel တို့ဖြစ်ကြ သည်။ သူတို့ဇနီးမောင်နှံ ယနေ့ထိတိုင်ပျော်ရွှင်ချစ်ခင်စွာနေထိုင်နိုင်ငံခဲ့သည့် လျှို့၀ှက်ချက်ကိုဖွင့်ပြောလာသည်မှာ ‘အ ချစ်သည် တစ်ရက်တည်း (သို့) ထာ၀ရကြာရှည်သည်’ ဟု Simone Simon ၏သီချင်းစားသားသည် ၄င်းတို့ ဇနီးမောင်နှံအတွက် အလွန်သင့်တော်သောစာသားဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ ချစ် ခြင်းသည် တစ်ရက်တည်းသာခံသောချစ်ခြင်းမဟုတ်ဘဲ အိုမင်းသည်အထိချစ်သက်ရှည်ခဲ့သောကြောင့် ဖြစ်သည်။ ၄င်းတို့ဇနီးမောင်နှံသည် တစ်ဦး ကိုတစ်ဦးချစ်ကြသည်သာမကဘဲ ၄င်းတို့၏ချစ်ခရီး သက် တမ်းသည် ပြင်သစ်နိုင်ငံ၌အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံအဖြစ်မှတ်တမ်းတင်ခံခဲ့ရ သည်။                ဇနီးမောင်နှံသည် ၄င်းတို့၏စိန်ရတုလွန် မင်္ဂလာလက်ထပ်ပွဲနှစ်ပတ်လည်နေ့၌ L’Action…

စိန့်စီပရီယန်၏ အတ္ထုပတ္ထိ (ပွဲနေ့ – စက်တင်ဘာလ ၁၆ ရက်)

စိန့်စီပရီယန်၏ အတ္ထုပတ္ထိ (ပွဲနေ့ – စက်တင်ဘာလ ၁၆ ရက်) St.Cyprianသည် (၃)ရာစုအတွင်း အာဖရိက မြောက်ပိုင်းတွင် ခရစ်ယာန်ဆိုင်ရာ အတွေးအခေါ်နှင့် အလေ့အကျင့် ဖွံ့ဖြိုး တိုးတက်မှုပိုင်းတွင် အရေးပါ ခဲ့သူဖြစ်ပါသည်။ သူသည် ပညာတတ်ပြီး ထင်ပေါ် ကျော်ကြားသည့် ခရစ်ယာန်မဟုတ်သည့် မိသားစုမှ မွေးဖွား ကြီးပြင်လာခဲ့သည်။ ထို့ကြောင့် သူအရွယ် ရောက်သောအခါမှသာ ခရစ်ယာန်စာပေများကို ဖတ်ရှုပြီးနောက် သူလိုက်ရှာ နေခဲ့သည့် အမှန်တရားဖြစ်ကြောင်း သိရှိလာကာ ခရစ်ယာန် ဘာသာဝင် ဖြစ်လာခဲ့ပါသည်။ သူသည် သူပိုင်ဆိုင်ရာ ပစ္စည်းများကို…

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက် ချစ်သောညီအစ်ကို မောင်နှမတို့ (Sep 15)ရက်နေ့သည် မယ်တော်၏ ဝမ်းနည်းကြေကွဲခြင်း ပွဲနေ့ဖြစ်ပါသည်။ The Seven Sorrows of Mary . မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက် 1.The prophecy of Simeon ( Luke 2:25-35) (၁) ရင်၀ယ်ပိုက်ထွေး သားတော်လေး၏အနာဂတ္တိစကား စီမေအုံသူမြတ် ဟောကြားချက်မှာနှလုံးတော်ကို သံလျှက်ထိုးဖောက်ငိုကြွေးရမှာ အမိမယ်တော်ပါ။ 2. The flight into Egypt…