
ပုပ်ဖရန်စစ်သည် အီတလီနိုင်ငံ၏ အထက်လွှတ်တော်သို့ကြွရောက်သော ပထမဦးဆုံးရဟန်မင်းကြီးဖြစ်ဟုဆို

ပုပ်ဖရန်စစ်သည် အီတလီနိုင်ငံ၏ အထက်လွှတ်တော်သို့ကြွရောက်သော ပထမဦးဆုံးရဟန်မင်းကြီးဖြစ်ဟုဆို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ပြင်သစ်နိုင်ငံ၊ Marseille မြို့မှပြန်ရောက်ပြီး နောက်တစ်ရက်၌ အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ပြီး တစ်နာရီခန့်ကြာသွားပြီး အံ့အားသင့်သွားစေသောလုပ်ရပ်တစ်ခုကိုလုပ်ချလိုက်သည်။ အစီအစဉ်မရှိဘဲ ဗာတီကန်မှထွက်ကြွသွားသည်။ အဘယ်သို့ကြွမည်ကိုလည်းကြိုတင်အသိမပေးထား။ လုံခြုံရေး၀န်ထမ်းများပြာယာခတ်သွားကြသည်။ နောက်ဆုံးသိလိုက်ရသည်ကား ရဟန်းမင်းကြီးကြွရောက်သောနေရာကားအခြားနေရာမဟုတ်။ တစ်ချိန်ကအီတလီသမ္မတဖြစ်ခဲ့သော Giorgio Napolitano ၏ရုပ်ကလပ်ခင်းကျင်းထားသောနေရာသို့သွားရောက်ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။ အီတလီနိုင်ငံ၏ သမ္မတဟောင်းသည် ပြီးခဲ့သည့်သောကြာနေ့ အသက် (၉၈) နှစ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူ၏ကျန်ကြွင်းရုပ်ကလပ်အား အီတလီလွှတ်တော် ၌ ခင်းကျင်းပေးထားသည်။ ရဟန်းမင်းကြီးသည် ထိုသို့ကြွရောက်ခြင်းဖြင့် အီတလီလွှတ်တော်သို့ရောက်ရှိသောပထမဦးဆုံးရဟန်းမင်းကြီးဖြစ်လာပတော့သည်။ ရဟန်းမင်းကြီးသည် ထိုသို့သွားရောက်သည်ဆိုသော်လည်း သူကိုယ်တိုင်သည်လည်းပုံမှန်အနေအထားဖြင့်ကြွရောက်ခြင်းမဟုတ်။…









