rvamyanmar

rvamyanmar

အချိန်များကို စုဆောင်းကြသူများ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” အချိန်များကို စုဆောင်းကြသူများ ” ခေါင်းစဉ်ဖြင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး / တည်းဖြတ် – ပင်ကီ #rvamyanmar #rvapastoralcare #Environment #Time

အဘယ့်ကြောင့် မာတင်လူတာသည် ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးမှ ခွဲထွက်ခဲ့သနည်း။

အဘယ့်ကြောင့် မာတင်လူတာသည် ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးမှ ခွဲထွက်ခဲ့သနည်း။ မာတင်လူတာ၏ကက်သလစ်ခရစ်ယာန်မှခွဲထွက်ခဲ့ရခြင်းအကြောင်းရင်း နှင့်ပတ်သက်၍ သိကောင်းစရာအချက်အချို့မှာ ၁။ အာဏာအလွဲသုံးစားသော အသင်းတော်ခေါင်းဆောင်များအား ဆန့်ကျင်လိုသောကြောင့်ဖြစ်သည်ဟူသည့် အချက်သည် အများသိသော အချက်တစ်ခုဖြစ်သည်။ သို့သော်၊ ဤအချက်သည် တစ်၀က်သာမှန်သော (half-truth) စကားရပ်တစ်ခုသာဖြစ်သည်။ အ ကြောင်းမှာ၊ သူ၏ရဟန်းမင်းကြီးကို ဆန့်ကျင်သည့်နောက်ကွယ်မှ အရေးကြီးဆုံးသော အချက်သည် သူ၏ ဂျာမန်လူမျိုးကြီးဝါဒ ကြောင့်ဖြစ်သည်။ ၂။ မာတင်လူတာအား ပြုပြင်ပြောင်းလဲရေးသမားကြီး – Reformer – ဟု နာမည်ပေးခဲ့ကြသည်။ သို့သော်၊ သူသည် ပြုပြင်ပြောင်းလဲရေးသမား တစ်ယောက်မဟုတ်ပေ။…

November 1. ရဟန္တာအပေါင်းပွဲ

ရဟန္တာအပေါင်းပွဲနေ့ဆိုတာဟာ တနည်းပြောရမယ်ဆိုရင်အချစ်ကြိမ်လုံးနဲ့တို့ထိခံရတဲ့သူတွေရဲ့ပွဲလို့ဆိုချင်ပါတယ်။သို့ပေမဲ့သူတို့ထိတို့ခံရတဲ့အချစ်ကြိမ်လုံးကတော့လောကနဲ့မဆိုင်ဘဲဘုရားနဲ့သာဆိုင်တဲ့ဘုရားကိုချစ်တဲ့ကြိမ်လုံးပဲဖစ်ပါတယ်။ All Saints Day (Nov 1) 2020  လို့ပြောတဲ့ ရဟန္တာအ ပေါင်းပွဲကို နို၀င်ဘာလမှာ ကျင်းပကြပါတယ်။ ဒီပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အသင်းတော်ထဲမှာ အထင်ကရ ရဟန္တာတွေ အများကြီးရှိပြီး သူတို့ရဲ့ ပွဲရက်အတိုင်း ဘာသာ၀င်များက ပွဲကျင်းပတယ်။ ကြည်ညိုလေးစားမှု၊ သဒ်ဓါ​ကြည်ညို မှု ကိုပြ ကြပါတယ်။ ဒါပေမယ့်လို့ ရဟန္တာတွေက များစွာရှိတော့ ရဟန္တာတစ်ပါးစီတိုင်းကို ရက်သတ်မှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသင်းတော်ကလည်း လူသိ ထင်ရှားမဟုတ်တဲ့ ရဟန္တာတွေ၊…

ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ​  ဩဝါဒ

“ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်” (တမန်တော်၀တ္တု ၄း၂၀) ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဩဝါဒကို ဒေသခံအခြေအနေနှင့် စပ်ဆက်၍ ထောက်ရှုချက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ​  ဩဝါဒ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ ရန်ကုန်၊ မြန်မာ။  ပထမကျမ်း။ ။ ဟေရှယ ၅၂း၇-၁၀    ဒုတိယကျမ်း ။ ။ ရောမ ၁၀း ၁၄-၁၈ ဧဝံဂေလိကျမ်း။ ။ မာသဲ ၂၈း ၁၆-၂၀   ခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့ ကြီးမြတ်သော ခရစ်တော်ယေဇူး၏နာမတော်မြတ်၌…

Christian Angelology ခရစ်ယာန် သိကြားတမန်အကြောင်း

Christian Angelology ခရစ်ယာန် သိကြားတမန်အကြောင်း Christian Angelology ခရစ်ယာန် သိကြားတမန်အကြောင်း လေ့လာသူများအရ ကိုယ်စောင့် ကောင်းကင် သိကြားတမန် (Guardian Angels) များကိုအမျိုးအစား (၃) မျိုးနဲ့ အဆင့် (၉)ဆင့် ခွဲခြားထား ပါတယ်။ ကောင်းကင်တမန်များရဲ့ အဆင့် (၉)ဆင့်ကတော့… ပထမအမျိုးအစား — Seraphim (Burning) ဆေရာဗိမ်သိကြားတမန် (လောင်ကျွမ်းခြင်း)၊ Cherubim (Streams of wisdom) ခေရုဗီမ်သိကြားတမန် (ဉာဏ်ပညာစီးဆင်ရာ​) နဲ့ Thrones ရာဇပလ္လင်တော်သိကြားတမန်များ။ ဒုတိယအမျိုးအစား— Dominions…

ရဟန္တာ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ၏ ထူးခြားသော အရည်အသွေးသုံးခု ယနေ့ပွဲနေ့ရှင်ထံမှသင်ယူခြင်း ခွင့်လွှတ်တတ်ခြင်းအနုပညာ 

ရဟန္တာ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ၏ ထူးခြားသော အရည်အသွေးသုံးခု ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ သည် ကက်သလစ်သာသနာအတွင်းသာ မကဘဲ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင်လည်း လွမ်းမိုးနိုင်စွမ်းအား မြင့်လှသည်။ ညီအကို ဂိုဏ်းကွဲအသင်းတော်များ၌လည်းကောင်း၊ အခြားသော ဘာသာကြီးခေါင်းဆောင်များ၌လည်းကောင်း သူ၏ ရိုးစင်းမှု၊ ရိုးသားမှု၊ တည်ကြည်ခိုင်မာမှု နှင့် ချစ်ခြင်းကြီးမားမှုသည် အလွန်ပင်လွမ်းမိုးမှု ရှိကြောင်း ဝန်ခံကြသည်။ အရှင်သူမြတ် ပျံလွန်တော်မူသွားသောအခါတွင် ဗာတီကန်၌ နိုင်ငံအရပ်ရပ်က ဘာသာရေး ခေါင်းဆောင်များ၏ ဝမ်းနည်းမှု သဝဏ်လွှာများ အဖြိုင်ဖြိုင် ရောက်ရှိလာခဲ့သည်။…

လေးစားသမှုပြုခြင်း

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်းတင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်လူငယ်အစီအစဥ်လေးမှာ “လေးစားသမှု”ပြုမှုတဲ့ကိစ္စနှင့် ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေများရှင် လောကကြီးထဲမှာ ကျင်လည်လှုပ်ရှားနေရတဲ့အချိန်မှာ အများနှင့် နေထိုင်တက်အောင်လေ့ကျင့်ရတာဟာဓမ္မတာတစ်ခုဘဲဖြစ်ပါတယ်။ဒီလိုအချက်တွေ၊အလေ့အထတွေပြည့်စုံစေနိုင်ဖို့နိတိတွေ၊ကျင့်၀တ်တွေနဲ့ပံ့ပိုးကြပါတယ်။တချိန်တုန်းကတော့သက်ကြီးစကားသက်ငယ်ကြားတို့မိဘလူကြီးတွေရဲ့စကားကိုဆုံးမနာယူတာတို့ရှိကြပါတယ်။ဒါပေမဲ့ခေတ်တွေတိုးတက်လာမှုနဲ့အတူအချို့အချက်များဟာ ပျောက်ရှကုန်ခဲ့ရပြီဖြစ်ပါတယ်။မြို့တွေမဆိုထားနှင့်တောရွာဘက်တွေ၊ကျေးလက်ဒေသတွေဘက်တွေမှာပါပျောက်ဆုံးကုန်တာဘဲဖြစ်ပါတယ်။လွန်ခဲ့တဲ့(၁၅)နှစ်ပတ်၀န်းကျင်ကဖြစ်ပျက်လေနဲ့ေ၀ဌါပါရစေ။လွန်ခဲ့တဲ့(၁၅)နှစ်ကကျွန်မဒေသဖြစ်တဲ့အိမ်ရဲ့အိမ်နောက်ဖေးမှာချောင်းလေးတသွယ်ရှိပါတယ်။တံတားဦးချောင်း၊ဥပုဒ်ချောင်းလိုလည်းခေါ်ကြပါတယ်။လွန်ခဲ့တဲ့အချိန်တုန်းကအဲ့နေရာလေဟာသိပ်ပြီးမထွန်းကားသေးပါဘူး။ကျေးလက်သဘာ၀နေထိုင်မှုပုံစံဘဲရှိပါတယ်။ညနေပိုင်းဆိုရင်ကလေး၊လူငယ်၊လူကြီးမရွေးဒီချောင်းလေးမှာရေလာချိုးတတ်ပါတယ်။အသက်ကြီးသူတွေကိုဖေးမကူညီကြတယ်။ယခုနောက်ပိုင်းအချိန်တွေမှာတော့ဒီလိုကူညီမှု၊လေးစားမှုတွေနည်းပါးလို့သွားခဲ့ပါတယ်။တနေ့ကကျွန်မလည်းခါတိုင်းလိုသွားရင်းနဲ့အဖိုးအိုတစ်ယောက်ရေလာချိုးပြီးကုန်းပေါ်ပြန်တက်ဖို့ခက်ခဲ့နေပါတယ်။မိုးရွာထားလိုကမ်းနားဖူးကလည်းချော်နေပါတယ်။ဒါပေမဲ့လူငယ်တွေများစွားရှိသော်လည်းကူပေးမဲ့သူမရှိဖြစ်နေပါတယ်။ဒီဘက်ခေတ်လူငယ်တချို့ဟာ အများနဲ့လုပ်ရတဲ့အလုပ်တွေပေါ်မှာ သိမ်ပြီးအာရုံမထားကြပဲနဲ့မိမိတို့ရဲ့ တစ်ကိုယ်ရေကိစ္စတွေနဲ့သာ အချိန်ကုန်တာများပါတယ်။လူကြီးသူမတွေကို လေးစားမှုအပိုင်းမှာ ပေါ့သွားခဲ့တယ်လို့ဘဲပြောရမှာဖြစ်ပါတယ်။နေရာတကာမှာတွေ့နိုင်ပါတယ်။မိတ်ဆွေများရှင် ဒီအချက်ကိုစဥ်စားလိုက်တဲ့အခါမှာနှစ်ဖက်လိုကြည့်ရမှာဘဲဖြစ်ပါတယ်။တဖက်ကလူငယ်ကလေးတွေကတော့ ရှင်းပါတယ်။ခေတ်ရဲ့တိုးတက်လာမှုနှင့်အတူလွတ်လပ်တဲ့သဘောကို ဆောင်ပြီးတော့ တဖြည်းဖြည်းသူမကိုယ်မဆိုင်၊ကိုယ်နဲ့သူမဆိုင်ဆိုတဲ့အခြေအနေတစ်ခုကိုကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ငယ်ရွယ်စဥ်လူကြီးသူမများ၊ဆရာဆရာမများရဲ့သွန်သင်ပြသမှုတွေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။အိမ်တွေမှာဆိုရင်လည်းအရင်လိုမိသားစုကမများတော့ပါဘူး။အိမ်တွင်းစည်းကမ်းပိုင်တွေမှာလည်းတဖြည်းဖြည်းလျော့ရဲလာခဲ့ပါတယ်။တစ်ယောက်နှစ်ယောက်ပဲရှိတဲ့သားသမီးများဟာ စည်းကမ်းတကာနေထိုင်ပုံသွင်းမှုထက်၊ချော့မော့အလိုလိုက်ခ့ရတာများပါတယ်။ဒါကြောင့်လည်းတဖည်းဖြည်းနီတိတွေပျောက်ပြီးတစ်ဦးနှင့်တစ်ဦးလေးစားမှု၊အဖွဲ့အသင်းအတွင်းလေးစားမှု၊အကြီးအငယ်လေးစားမှုတွေ၊တဖြည်းဖြည်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လူကြီးတွေနဲ့အပိုင်းဖြစ်ပါတယ်။လူကြီးတွေဟာကလေးသူသယ်တွေရှေ့မှာစံပြနေထိုင်မှုမျိုးရှိဖို့လိုပါတယ်။ကလေးလူငယ်များဟာလူကြီးတွေကိုအတုယူလိုက်ကျင့်ကြတာများပါတယ်။လူကြီးများရဲ့လမ်းကောင်းပြမှုဟာ လူငယ်တွေအတွက်ခွန်အားဘဲဖြစ်ပါတယ်။လူကြီးတွေကကောင်းမွန်တဲ့ပုံစံသက်သေပြသဖို့ရန်အရေးကြီးပါတယ်။ဟာအလကားပါကွာဘာမျှတန်ဖိုးထားစရာမရှိပါဘူးဆိုပြီးကလေးတွေကခံယူသွားတက်ကြပါတယ်။လူကြီးတွေမှာအားကျစရာလည်းမရှိ၊ဂုဏ်ယူစရာလည်းမရှိလေးစားစရာလည်းမရှိတဲ့အခါမှာကလေးတွေမလေးစားကြတာဖြစ်ပါတယ်။တခါတလေမှာလူကြီးတွေဟာငါပြောသလိုလုပ်၊ငါလုပ်သလိုမလုပ်နဲ့ဆိုတာတွေလည်းရှိပါတယ်။ကိုယ်ကလူကြီးတစ်ယောက်လို မပြုမှုမနေထိုင်တဲ့အခါမှာ လူငယ်တွေကလေးတွေမလေးစားတာအဆန်းမဟုတ်ဘူးလို့ဘဲပြောရမှာဖြစ်ပါတယ်။မိတ်ဆွေသော်တရှင်များရှင် တဖြည်းဖြည်းနည်းပါးလာတဲ့တစ်ဦးနဲ့တစ်ဦးလေးစားမှုကို ပြန်လည်တည်မှတ်ချင်တယ်ဆိုရင်တော့၊အဖြေဟာအားလုံးပေါ်မှာဘဲရှိပါတယ်။ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ကလေးတွေကိုသွန်သင်ဆုံးမတဲ့ပုံစံ၊မိသားစုဘ၀ပုံစံတွေ၊လူကြီးတွေရဲ့အထင်ကြီးစရာ၊ လေးစားစရာအချက်များဟာအများကြီးအရေးကြီးလှပါတယ်။ဒါကြောင့်လောကကြီးထဲမှာလိုအပ်နေတဲ့တစ်ဦးနဲ့တစ်ဦးလေးစားမှုလိုချင်တယ်ဆိုရင် မိမိကစပြီးပြင်ဆင်ကြပါလို့တိုက်တွန်းလိုပါတယ်။ချစ်သောသောတရှင်အပေါင်း တစ်ဦးနဲ့တစ်ဦးလေးစားမှုတစ်ခုကိုရယူနိုင်ကြပါစေရှင်။အားပေးနားဆင်ကြည့်ရှုသူအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ်ပါရှင်။

သာသနာပြုဓမ္မအာဇာနည်များ စိန့်ဂျွန်ဒေဘရူဗို့ဖ်၊ အိုက်ဇက်ဂျို့နဲ့ အပေါင်းအဖော်များ (Sts. John de Brrbeuf, Isaac Jogue and Companions)

သာသနာပြုဓမ္မအာဇာနည်များ စိန့်ဂျွန်ဒေဘရူဗို့ဖ်၊ အိုက်ဇက်ဂျို့နဲ့ အပေါင်းအဖော်များ (Sts. John de Brrbeuf, Isaac Jogue and Companions) (၁၇) ရာစုမှာ အထူးချွန်ဆုံး ပြင်သစ်နိုင်ငံရှိ ဘုန်းတော်ကြီးတွေထဲမှာ ဂျက်ဇွစ်ဘုန်းတော်ကြီး (၈)ပါး ဖြစ်ပြီး တရားတော်အတွက် ရက်စက်စွာ အသတ်ခံခဲ့ ကြရသူတွေကတော့… Isaac Jogues, John de Brébeuf, Gabriel Lalemant, Noel Chabanel, Charles Garnier, Anthony Daniel, Rene Goupil နဲ့ John…