
ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက်

Monday, April 22, 2024 ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက် ရဟန်းမင်းကြီး၏ဘာစီးလီကာဟုဆိုလိုက်လျှင် စိန့်ပီတာဘာစီးလီကာဟုလူတိုင်းတွေးမိကြပေမည်။ စာရေးသူကိုယ်တိုင်လည်းရိုးသားစွာ၀န်ခံရလျှင်၌သို့ပင်တွေးမိပေမည်။ သို့သော် သိထားရမည်မှာ ရောမ၌ ရဟန်းမင်း ကြီးဘာစီးလီကာဟုဆိုလိုက်လျှင် ဘာစီးလီကာ (၄) ခုရှိသည်ကိုသိထားရမည်ဖြစ်ပါ သည်။ ကက်သလစ်ဘာသာတူများအနေဖြင့် သတိမူမိခဲ့သူများလည်းရှိသကဲ့သို့၊ သတိမမူမိသူများလည်းရှိပေမည်။ ရဟန်းမင်းကြီး၏ကောင်းချီးမဂ်လာကဒ်ပြား၏ ထောင့် (၄) ထောင့်၌ ရောမမြို့ရှိ ဘာစီးလီကာ (၄) ခု၏ပုံထည့်သွင်းထားသည်။ ၄င်းတို့မှာ (၁) စိန့်ပီတာ၊ (၂) စိန့်ပေါလ်၊ (၃) စိန့်ဂျွန်၊ (၄) စိန့်မေရီမေဂျာတို့ဖြစ် ကြသည်။ ဤဘာစီးလီကာဘုရားကျောင်း (၄)…









