
အာဖရိကတမန်တော်ခရီးစဉ် ရှစ်ရက်မြောက်နေ့တွင် အန်ဂိုလာနိုင်ငံ လူအန်ဒါမြို့ရှိ သာသနာ့ဝန် ထမ်း များနှင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တွေ့ဆုံ။
(ဖာတီးမား မယ်တော် သာသနာ၌ ဒေသခံ သာသနာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း (@ဗာတီကန် မီဒီယာ) သာသနာပြုခြင်း၊ အတူတကွခရီးနှင်ခြင်းနှင့် တက်ကြွသော အသင်းတော် (A missionary, synodal, dynamic Church) ပုပ်ရဟန်းမင်းကြီးသည် အန်ဂိုလာရှိ သာသနာတော်၏ သမိုင်းတစ်လျှောက် အကြမ်း ဖက်မှုများကြားတွင် ငြိမ်းချမ်းရေးမျိုးစေ့ကို ရဲဝံ့စွာ စိုက်ပျိုးခဲ့သည့် လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ သာသနာ တော်အနေဖြင့် အခြားသော ခရစ်ယာန်ဂိုဏ်းခွဲများ၊ အစ္စလာမ်ဘာသာဝင်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးအဖြေရှာနေမှုကို အသိအမှတ်ပြုပြီး၊ သာသနာပြုလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်ရန်…








