rvamyanmar

rvamyanmar

#Sts. Philip and James (Apostles), သံဖိလစ်နှင့် သံဂျိမ်း (တမန်တော်ကြီးများ) #3 May 2021

#Sts. Philip and James (Apostles), သံဖိလစ်နှင့် သံဂျိမ်း (တမန်တော်ကြီးများ) #3 May 2021 တမန်တော်ကြီးများ ဖြစ်ကြသော သံဖိလစ်နှင့် သံဂျိမ်းစ်တို့၏ ပွဲနေ့ကို သက္ကရာဇ် ၅၆၃-ခုနှစ် ရောမားမြို့ရှိ ဘုရားကျောင်းတော်အား ထိုရဟန္တာများအား ပူဇော်အပ်နှံသည့် အချိန်နေ့မှစ၍ ပူးတွဲလျက် ကျင်းပခဲ့သည်။ သံဖိလစ်မှာ ဂါလီလီယားပြည်နယ် ဘက်စိုက်ဒါးနယ်သားဖြစ်၍ ယောဟန်ဗတ္တိဇတား၏ တပည့်တစ်ဦးဖြစ်သည်။ သခင်ယေဇူးမှ သူ့နောက်လိုက်ရန် အခေါ်ခံရပြီးသောအခါ သူသည် ကယ်တင်ရှင် မက်ဆီးယားကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း နာသာနာအဲလ်အား ကြေငြာပြောဆိုခဲ့သည်။ သို့သော် သူသည်…

မေဒေးအလုပ်သမားများနေ့

မေဒေးအလုပ်သမားများနေ့ *********************** မေလ(၁)ရက်နေ့ဟာ ကက်သလစ်အသင်းတော်မှာ #စိန့်ဂျိုးဇက် (သံဇူဇယ်) အလုပ်သမားနေ့ ဖြစ်သလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကမ္ဘာအလုပ်သမားများနေ့ကို ကျင်းပကြပါတယ်။ စိန့်ဂျိုးဇက်ဟာ အမိမယ်တော် မာရီယားနဲ့ သူငယ်တော် ယေဇူးကို ကြည့်ရှုစောင့်ရှောက်ရာမှာ ရိုးသားဖြောင့်မတ် ကြိုးစားသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မျှမျှတတ လုပ်ဆောင်တတ်သူ၊ ဘုရားတရား ကြည်ညှိုသူနဲ့ နှိမ့်ချခြင်း ပါရမိရှင်အဖြစ် လူသိများပါတယ်။ လူတိုင်းအတု လိုက်ကျင့်ထိုက်တဲ့ ပါရမိတွေ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း မေလ(၁)ရက်နေ့ကို International Workers’ Day! နိုင်ငံတကာအလုပ်သမားများနေ့ အဖြစ်…

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021 မီချယ်လီကီစလက်ရီသည် ပီအေမွန်၌ ဂုဏ်ရှိသောမိသားစုမှ မွေးဖွားခဲ့သည်။ အသက် (၁၄)နှစ်အရွယ်၌ တရားဟောပြောခြင်း အဖွဲ့၌ဖြစ်သည်။ အသက်(၂၄)နှစ်၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၆)နှစ်အထိ ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီ ပညာသင်ကြားရေး၌ တာဝန်ယူ သင်ပေးသည်။ ရိုးသားဖြူစင်ခြင်း၊ မိမိကိုယ်ကို စည်းကမ်းသေဝပ်ခြင်း၊ ဆုတောင်းမေတ္တာ၌ ပျော်မွေ့ခြင်း၊ ဆင်းရဲခြင်း ပါရမီကျင့်၍ နယ်လှည့်ခရီးသွားပါက ခြေလျှင်ဖြင့်သွားခြင်း စသည့်ပါရမီများ ကျင့်ခဲ့သည်။ ၁၅၅၆-ခုနှစ်၌ စူထရီဆရာတော်ကြီး ဖြစ်လာသည်။…

St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021

St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021 သူမသည် စီအေနာ၌ မွေးဖွားခဲ့သည်။ ကလေး(၂၅)ဦး မိသားစုမှ ဖြစ်သည်။ မိသားစုများသည် သစ်သားများ ဆေးဆိုး၊ ဆေးချယ်လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ စိန့်ကက်သရင်းသည် ငယ်စဉ်ဘဝကစပြီး ဘုရားတရားဆိုင်ရာ ကြည်ညို ကျင့်သုံးခဲ့သည်။ အသက်(၁၆)နှစ်အရွယ်မှာ ဒေါမီနီကန်သီလရှင်ဂိုဏ်းဝင်ရန် မိမိအိမ်၌ (၃)နှစ်ကျင့်ယူရသည်။ ၎င်းနောက် အနူစွဲသူများနှင့် ကင်ဆာရောဂါသည်များအား ကြည့်ရှုစောင့်ရှောက်ရန် မိမိကိုယ်ကို ပူဇော်ခဲ့သည်။ ကိုယ်တော်မြတ် ရှေ့မှောက်မှာ…

St. Peter Chanel (Martyr), စိန့်ပီတာ #28 April 2021

St. Peter Chanel (Martyr), စိန့်ပီတာ #28 April 2021 သူသည် ၁၈၀၃-ခုနှစ်၌ ဘေလီသာသနာ၌ မွေးဖွားသည်။ သမုဒ္ဒယာပင်လယ်ဒေသ၌ ပထမဦးဆုံးတရားတော်အတွက် အသေခံသော စိန့်မေရီအဖွဲ့အစည်းမှ တစ်ဦးဖြစ်သည်။ အသက်(၇)နှစ်၌ သိုးများထိန်းကျောင်းခဲ့သည်။ တနေ့ သိုးကျောင်းနေချိန် ကရာစ်ကျောင်းထိုင်ဘုန်းတော်ကြီး အာဘေထရောပီနှင့် တွေ့ဆုံ၏။ သူ၏ဉာဏ်ထက်မြက်ခြင်းကို ဘုန်းတော်ကြီးသိ၍ မိဘတို့အားစွန့်ခဲ့၍ လာတင်းကျောင်း၌ ပညာသင်ကြားရန် ဖိတ်ခေါ်၏။ ဘုန်းတော်ကြီး ဖိတ်ခေါ်သည့်အတိုင်းလိုက်၍ ကျောင်း၌လည်း ပညာထူးချွန်၍ မကြာခင် ရဟန်းဖြစ်ကျောင်းသို့ ဝင်ခွင့်ရသည်။ ဆရာတော်ကြီးကလည်း သူ့အား ကြိုတင်ဟောကိန်း ထုတ်သည်မှာ…

St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021

Primary tabs Monday, April 26, 2021 St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021 ကလေတူးစ်နာမည်သည် အာနာကလေတူးအား အတိုကောက်အားဖြင့် ခေါ်ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးမျာစာရင်းမှာ (၂)ရာစုမှ (၄)ရာစုနှစ်အတွင်း ရှေးဘာသာသူများက ရေးမှတ်ကြသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ကလေတူးစ်နှင့် အာနာကလေတူးစ်တို့သည် တယောက်မဟုတ်ဘဲ တခြားစီဖြစ်ကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် ဧပြီလ ၂၆-ရက်နေ့နှင့် ဇူလိုင် (၁၃)ရက်နေ့အား ရဟန္တာများအား ဂုဏ်ပြုကြသည်။ စိန့်ကလေတူးစ်သည် စိန့်လီနူးစ်အား ဆက်ခံသည်။…

St. Zita (Virgin), စိန့်ဇီတား (ကညာစင်) 27 April 2021

St. Zita (Virgin), စိန့်ဇီတား (ကညာစင်) 27 April 2021 ဆင်းရဲသောမိသားစုမှ မွေးဖွားသော်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်သည်။ အစ်မသည် စီတာရှား စစ္စတာရ်ဖြစ်၍ ဦးလေးတစ်ယောက်လည်း ရသေ့ဖြစ်သည်။ အသက်(၁၂)နှစ်အရွယ်၌ လုကာ (Lucca) မိသားစု၌ ထမင်းချက်လုပ်ငန်း ဝင်လုပ်ခဲ့သည်။ ဘုရားသခင် ပြန်လည်သိမ်းပိုက်ချိန်ထိ ထမင်းချက်ခဲ့သည်။ သူမသည် ထမင်းချက်လုပ်ငန်းအား သစ္စာရှိစွာ လုပ်ခဲ့သည်။ ညပိုင်း၌ အမြဲဆုတောင်းသည်။ ဆန်ဖရန်ဒီနိုဘုရားကျောင်း၌ နံနက်တိုင်း မစ္ဆားတရားနာယူ၍ ကိုယ်တော်မြတ် ပင့်ယူလေ့ရှိသည်။ အစာရှောင်ခြင်း ခဏခဏပြုလုပ်၍ ၎င်းအစား ဆင်းရဲသားများ…

St. Mark the Evangelist, စိန့်မာ့ခ်

St. Mark the Evangelist, စိန့်မာ့ခ် 25 April 2021 စိန့်မာ့ခ်သည် တမန်တော်ဝတ္တု၌ ဖော်ပြထားသည့် မာခ်နှင့်တူသည်။ စိန့်ပီတာ ပထမစာစောင် (၅း၃)၊ စိန့်ပေါလူး ကောလော (၄း၁၀)၊ တီမောတေ (၄း၁၁) နှင့် ဖိလိ (၂၄) များ၌လည်း ဖော်ပြခဲ့သည်။ သူသည် မေရီ၏သား ဂျေရုဇလင် ခရစ်ယာန်များ အသိုင်းအဝိုင်း၌ ပါဝင်ခဲ့သည်။ စိန့်ပေါလ်နှင့် စိန့်ဘာနဘတို့နှင့်အတူ အေဒီ ၄၆-ခုနှစ်၌ အန်တီအုတ်မြို့မှ ဆိုက်ပရပ်သို့ တရားဒေသနာ ဟောကြားခဲ့ကြောင်း ပထမတွေ့ရသည်။…

St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622)

St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622) 24 April 2021 မာဒ်ရောသည် ဂျာမဏီတောင်ပိုင်း စီမာရီဂျင်မြို့၌ မွေးဖွားသည်။ သူ့ဖခင်သည် ၎င်းမြို့၌ မေဂျာတစ်ဦးဖြစ်သည်။ (၆)နှစ် ဥပဒေပညာ သင်ယူဆည်းပူးသည်။ သူ၏ခြိုးခြံ၍ ရိုးသားစွာကျင့်ခြင်းဖြင့် နာမည်ကျော်သည်။ သူ့ကိုသူဆင်းရဲသားများ၏ ကရုဏာရှင်ဟု ထင်ခဲ့သည်။ ၁၆၁၁-ခုနှစ် အသက် ၂၄-နှစ်တွင် ဥပဒေဆိုင်ရာ အကျင့်များ လူတွေပျက်ပြားသည့်အတွက် ဘုရားအတွက် သာသနာအမှုထမ်းရန် ဆုံးဖြတ်သည်။ သူ့လုပ်ငန်းများကို ထားခဲ့သည်။ ရဟန်းဘောင်သို့ဝင်၍ သိက္ခာခံယူပြီး…

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်)

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်) #23 April 2021 စိန့်ဂျော့သည် ဒေအိုကလေရှား လက်ထက်၌ ဒီအိုပိုလစ်၊ ပါလက်စတိုင်းနိုင်ငံ၌ တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ကိုးကွယ်ယုံကြည်ခြင်းသည် ရှေးကျလှသည်။ ဂါလီလေအိုင်အရှေ့ဘက် ထရာခေါနီခရိုင်၌ တရားဟောခဲ့သည်။ ၁၈၆၈-ခုနှစ်၌ သူ၏အုတ်ဂူသင်္ချိုင်းကို တွေ့ခဲ့ကြသည်။ ဂရိတ်လူမျိုးများ၏ကိုးစားရာ ရဟန္တာကြီးဖြစ်၍ အထူးသဖြင့် တပ်မတော်၊ စစ်မှုထမ်းများ ကိုးစားရာ ရဟန္တာဖြစ်သည်။ အနောက်နိုင်ငံများ၌ စစ်သည်သူရဲကောင်းများ၏ စံနမူနာနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်ရှားကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကယ်လာစီအုစ်က အေဒီ ၄၉၅-ခုနှစ်၌…