
နွေရာသီမှာ ကြက်ခြံတွေ အပူဒဏ်ခံနိုင်စေဖို့ ဆောင်ရွက်သင့်သည်အချက်မျာ

နွေရာသီမှာ ကြက်ခြံတွေ အပူဒဏ်ခံနိုင်စေဖို့ ဆောင်ရွက်သင့်သည်အချက်များ ကြက်မွေးမြူသူတွေအနေနဲ့ နွေရာသီမှာ မိမိတို့ကြက် ခြံတွေ အပူဒဏ်ခံနိုင်စေဖို့ အချိန်မလပ် ဂရုပြုသင့်ပါတယ်။ ကြက်များ အပူဒဏ်ခံရပါက- ၁။ အသားတိုးနှုန်းကျခြင်း ၂။ ဥနှုန်း၊ဥအရေအတွက်၊ဥအရည်အသွေးကျခြင်း ၃။ အစာစားနှုန်းကျခြင်း ၄။ တစ်ကောင်နဲ့ တစ်ကောင်ဆိတ်နှုန်းများလာခြင်း ၅။ တောင်ပံကားထားခြင်း ၆။ ကြက်အုပ်အတွင်း ကြီးထွားနှုန်းမညီခြင်း ၇။ ကိုယ်ခံအားကျခြင်း ၈။ နှာရည်များကျခြင်း ၉။ သေနှုန်းမြင့်တက်လာခြင်းတို့ ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် စီးပွားဖြစ်မွေးမြူတဲ့ ကြက်ခြံပိုင်ရှင်များ အနေနဲ့ အထူးဂရုစိုက်သင့် ပါတယ်။ စိုက်ပျိုးရေး၊…









