
မီးဖိုချောင်ထဲက မေတ္တာရှင် သို့မဟုတ် ရဟန်းလောင်းတွေရဲ့ မိခင်တစ်ပါး။

(ဒေါ်အက်စတာမဂျူးဖော၏ နှစ် (၂၅) ပြည့် ငွေရတု ဓမ္မအမှုတော်ဆောင်ခရီး) ဘုရားသခင်ရဲ့ အမှုတော်ဆောင်ခြင်းဆိုတာ ယဇ်ပလ္လင်ထက်မှာ တရားဟောတာမျိုးမှ မဟုတ်ပါဘူး။ မီး ဖိုချောင်ထဲကနေ မေတ္တာစေတနာတွေနဲ့ ချက်ပြုတ်ကျွေးမွေးခြင်းကလည်း ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေတဲ့ မွန်မြတ်လှတဲ့ အမှုတော်ဆောင်ခြင်း တစ်ခုပါပဲ။ ဒီလိုမျိုး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အများအကျိုးကို သယ်ပိုးခဲ့တာ ဒီကနေ့ဆိုရင် (၂၅) နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ သူမကတော့ တောင်ငူသာသနာဖွား အသက် (၅၆) နှစ်အရွယ် ဒေါ်အက်စတာ မဂျူးဖော ဖြစ်ပါတယ်။ သူမဟာ ၂၀၀၁…





