rvamyanmar

rvamyanmar

ပန်းကမ်းသောလက်ဟာမွှေးရနံ့ကျန်တတ်ပါတယ်

ပန်းသည်မလေးတစ်ဦးဟာ ပန်းအများစုကို ရောင်းချပြီးနောက် မိုးချုပ်လာတာကို သတိပြုမိပါတယ်။ ဒီတစ်နေ့တော့ … စောစောပြန်မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ရောင်းလို့ကျန်နေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို လမ်းဘေးမှာရှိတဲ့ တောင်းစားနေတဲ့ သူတောင်းစားတစ်ယောက်ကို ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတော့တယ်။ သူတောင်းစားလေးဟာ ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက် မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါဘူး။ အဲဒီနေ့ တောင်းစားဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။ သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်သွားပါတယ်။ အိမ်လို့သာခေါ်တာပါ… ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့ အဆောက်အဦးငယ်တစ်ခုမှာပါ။ မြို့ပြင်မှာတည်ရှိပါတယ်.. အိမ်ရောက်တာနဲ့ သူတောင်းစားလေးဟာ ဖန်ပုလင်းတစ်ခုကို ရှာဖွေလိုက်တယ်။…

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် ပိုလန်နိုင်ငံ၏အစိုးရသစ်ကိုဦးဆောင်နေသော Donald Tusk နှင့်တွေ့ဆုံစကားပြောမည်ဟုပြည်သူတို့အားကတိပေးခဲ့သည်။ ဤအစိုးရသစ်သည် လီဘရယ်နိုင်ငံရေးပါတီမှဖြစ်သည်။ အဆိုပါပါတီ၏ဦးဆောင်မှုသည် ဘာသာရေးစံတန်ဖိုးများကိုလျော့နည်းသွား စေလိမ့်မည်ဟု ပိုလန်ကက်သလစ်ဘာသာတူများကစိုးရိမ်နေကြသည်။ နိုင်ငံပိုင်ကျောင်းများ၌ ဘာသာရေး သင်ကြားခြင်းများကိုလည်းလျော့ရန် ဖိအားပေးလာလိမ့်မည်။ သာသနာအားပြည်နယ်မှထောက်ပံ့ပေးသော အစဥ်အလာကိုလည်းဖျက်သိမ်းမည်ဖြစ်၍ပဋိပက္ခာဖြစ်ပေါ်လာနိုင်သည်ဟုစိုးရိမ်နေကြသည်။ ၀ါဆောသာသနာပိုင်ဖာသာရ် Henryk Zielinski က သာသနာ၏ရံပုံေငွကိုနိုင်ငံေရးပုဂ္ဂိုလ်များမှမဟုတ်ဘဲ လူ့အသိုင်းအ၀ိုင်းကသတ်မှတ်ဆုံးဖြတ်ပေးသင့်သည်။ များများလှူ၍နည်းနည်းသာယူခြင်းသည် နိုင်ငံရေးအပေါ်မှီခိုကင်းသောအခြေအနေသို့ရောက်ရှိစေနိုင်သည့် နည်းလမ်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒီဇင်ဘာ (၁၃) ရက်နေ့က သမ္မတသစ် Tusk သည် Third Way နှင့်လက်၀ဲယိမ်း Lewica နိုင်ငံရေးပါတီတို့နှင့်ညွှန့်ပေါင်းဖွဲ့၍အာဏာကိုစတင်ထမ်းဆောင်ခဲ့သည်။ သူသည်…

နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေကြရန် ကက်သလစ်သတင်းထောက်များကို ပုပ်ဖရန်စစ်တိုက်တွန်း

နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေကြရန် ကက်သလစ်သတင်းထောက်များကို ပုပ်ဖရန်စစ်တိုက်တွန်း သောကြာနေ့က ရောမမြို့တွင် ပြင်သစ်နိုင်ငံမှ ကက်သလစ်သတင်းသမားများသည် ပုပ်ရဟန်းမင်း​ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့ကြသည်။အဆိုပါသတင်းထောက်များသည် သူတို့၏လေးရက်တာ ဝိညာဥ်ရေးဆန်းစစ်ထောက်ရှုမှုများကို ပြီးမြောက်ခဲ့ကြပြီဖြစ်သည်။ ပြင်သစ်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့လက်အောက်ရှိဆက်သွယ်ရေးကောင်စီမှ ထိုကက်သလစ်သတင်းထောက်များသည် ပြင်သစ်နိုင်ငံရှိ ကက်သလစ်သာသနာများ၊သူတော်စင်အဖွဲ့အစည်းများနှင့် ကက်သလစ်လူဝတ်ကြောင်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည်။၂၀၂၅ခုှုစ်တွင် ကျရောက်မည့် မျှော်လင့်ခြင်းဂျူဗလီနှစ်အတွက် ဝိညာဥ်ရေးမွမ်းမံမှုများပြုလုပ်ရန် ဗာတီကန်သို့လာရောက်စုရုံးကြခြင်းဖြစ်သည်။ အဆိုပါသတင်းထောက်များသည် ဗာတီကန်ရှိ တာဝန်ရှိပုဂ္ဂိုလ်တစ်ချို့ဖြစ်သော သတင်းကောင်းပြန့်ပွားရေးရုံးတော်မှ ဂိုဏ်းချုပ်ဆရာတော် Rino Fisichellaနှင့် ဆရာတော်များညီလာခံ၏အတွင်းရေးမှူးရုံးမှ Sister Natalieတို့နှင့်လည်း တွေ့ဆုံခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် လေပြွန်ရောင်သောဝေဒနါကြောင့် ကောင်းမွန်ပီသစွာမပြောနိုင်သည့်အတွက်လည်း ဦးစွာတောင်းပန်ခဲ့သည်။ အာဗီအေဘာသာပြန်- Agnes Lawh…

သားငယ်သမီးငယ်များ ကိုယ်ရည်ကိုယ်သွေးတွေ မြင့်အောင် မိဘတွေက ဘယ်လိုတည်ဆောက်ပေး ရမလဲ

Child Identity           ဒီနေ့မှာ အင်မတန်မှ ငယ်ရွယ်သေးတဲ့ သားငယ်သမီးငယ်လေးတွေကို ကိုယ်ရည်ကိုယ်သွေး တွေမြင့်အောင် မိဘတွေက ဘယ်လိုတည်ဆောက်ပေးမလဲဆိုတဲ့အကြောင်း  message လေးပေးချင် ပါတယ်။           မိဘတွေအနေနဲ့ အခွင့်အလမ်းရှိမယ်ဆိုရင် ကလေးငယ်ရဲ့ဘဝအစမှာ Home ဆိုတဲ့ မိသားစု နေတဲ့ အိမ်ကနေ ကိုယ်ရည်ကိုယ်သွေးတွေကို အကောင်းဆုံးပုံဖော်နိုင်ပါတယ်။           မိဘတွေအနေနဲ့ သိထားမယ်ဆိုရင် ကလေးငယ်ရဲ့ အစဦးဆုံးဘဝမှာ ကိုယ်ရည်ကိုယ်သွေး တွေကို မြှင့်ပေးခဲ့မယ်ဆိုရင်ကလေးက သူတွေ့ကြုံရတဲ့ သူ့ပတ်ဝန်းကျင်မှာ သူ့ကိုယ်သူကာကွယ် တတ်ပြီး၊ အကောင်းမြင်ဝါဒတွေနဲ့အာရုံခံစားမှု အသိတရားတွေနဲ့ သူ့ဘဝကို…