rvamyanmar

rvamyanmar

သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးစတင်ခဲ့ခြင်းအကြောင်း

ဒီကနေ့လူသားးကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးတွေကိုဘယ်သူကစတင်ပြုလုပ်ခဲ့ပြီးဘယ်လိုရည်ရွယ်ချက်လေးနဲ့ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာအနှံနှံအပြားပြားမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းအသီးသီးနဲ့တချို့အိမ်လေးတွေမှာခရစ္စမတ်အချိန်ခရစ်တော်ဖွားမြင်တော်မူခန်းကိုပြန်လည်အောက်မေ့သတိရစေဖို့နွားတင်ကုပ်လေးတွေကိုဖန်တီးတည်ဆောက်ကြပါတယ်။အဲဒီနွားတင်းကုပ်လေးတွေထဲမှာဆင်းတုတော်လေးတွေပုံတော်လေးတွေထည့်ပြီးခရစ်တော်ဖွားမြင်တော်မူခန်းကိုပုံဖော်ကြပါတယ်။နွားတင်းကုပ်လေးတွေရဲ့မူလအစတီထွင်သူကတော့အီတလီနိုင်ငံသားဖရန်စစ်အစီစီပဲဖြစ်ပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့နွားစားခွက်တွင်းဘဝကိုကွတ်ကွတ်ကွင်းကွင်းမြင်ယောင်စေဖို့ရန်အတွက်နှင့်ခရစ်တော်ဘုရားရှင်ရဲ့နှိမ့်ချစွာလူ့အဖြစ်ယူခြင်းကိုအတုယူစေဖို့ရန်အတွက်နွားတင်းကုပ်လေးတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ခရစ်တော်ဘုရားရှင်ရဲ့ဖွားမြင်တော်မူခြင်းပုံစံနွားတင်းကုပ်လေးကိုလူတိုင်းနှစ်သက်မြတ်နိုးကြပြီးနွားတင်းကုပ်ပုံစံငယ်လေးတွေလုပ်တဲ့ဓလေ့ထုံတမ်းဟာကမ္ဘာအနှံအပြားပျံ့နှံသွားခဲ့ပါတယ်။ကျွန်မတို့အသီးသီးဟာခရစ္စမတ်အချိန်ရောက်တိုင်းနွားတင်းကုပ်လေးတွေတည်ဆောက်ဖို့မမေ့ကြသလိုနွားတင်းကုပ်လေးတည်ဆောက်ခြင်းရဲ့နောက်ကွယ်မှာရှိတဲ့နှိမ့်ချခြင်းပါရမီကိုလဲမမေ့သင့်ပါဘူး။

အာဒ်ဝင်တူး-ခရစ္စမတ်အချိန်ကာလနဲ့သားတော်ဘုရားလူ့အဖြစ်ယူခြင်းအကြောင်း

ဒီကနေ့မှာတော့ အာဒ်ဝင်တူး-ခရစ္စမတ်အချိန်ကာလနဲ့သားတော်ဘုရားလူ့အဖြစ်ယူခြင်းအကြောင်းကိုတင်ဆက်ပေးထားပါတယ်။

မိမိနိုင်ငံကိုချစ်ပါ မိမိတိုင်းပြည်ရဲ့မျက်နှာကိုပဲကြည့်ပါ

ဘယ်သူ့မျက်နှာကိုကြည့်မလဲလို့မေးလာတဲ့လူများရှိခဲ့ရင်အင်မတန်တိုတောင်းထိရောက်ပြီးအဓိပ္ပါယ်ရှိတဲ့အဖြေတစ်ခုကိုပဲပေးချင်ပါတယ်။တိုင်းပြည်မျက်နှာကိုပဲကြည့်ပါလို့ပါပဲ။ဟုတ်ပါတယ် ဘယ်နိုင်ငံဘယ်လူမျိုးမဆိုသူတို့လေးစားတန်ဘိုးထားဆုံးအရာဟာသူတို့တိုင်းပြည်ပဲဖြစ်ပါလိမ့်မယ်။အဲဒါကနံပါတ်တစ်ဖြစ်ပြီးအဲဒီနံပါတ်တစ်ရဲ့နောက်မှာမှနံပါတ်နှစ်၊နံပါတ်သုံး၊နံပါတ်လေးကိစ္စတွေကတန်းစီပြီးလိုက်လာပါလိမ့်မယ်။ကိုယ်ကျိုးတစ်ခုတည်းကိုပဲကြည့်တာ၊အဲဒီကိုယ်ကျိုးနဲ့ယှက်နွယ်ပါဝင်လာတဲ့ကိစ္စအသေးလေးတွေကိုပဲကြည့်တာဟာနောင်တစ်ချိန်မှာအင်မတန်အန္တရာယ်များတတ်ပါတယ်။လူတစ်ဦး၊လူတစ်စုမဟုတ်တာလုပ်ခဲ့တဲ့အတွက်မဝေးကွာလှတဲ့အနာဂတ်မှာလူမျိုးပျောက်မတတ်၊တိုင်းပြည်ပျောက်မတတ်ဖြစ်ခဲ့ရတဲ့တိုင်းနိုင်ငံတော်တော်များများကိုသမိုင်းဟောင်းတွေမှာရာ၊သမိုင်းသစ်တွေမှာပါ တွေ့ရပါလိမ့်မယ်။

စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂)

စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂) စိန့်စီစီလျားသည် ဂီတသမားများ ကိုးစားရာ ရဟန္တာမ တစ်ဦးအဖြစ် ယေဘူယျအားဖြင့် မှတ်သားထားနိုင်သည်။ သူမအကြောင်း ရေးသားသည့် အခါတိုင်းတွင် သူမ၏ မင်္ဂလာဆောင်ပွဲတွင် ဂီတပညာရှင်များ တီးခတ်ဆိုမှုတ်နေချိန်၌ သူမသည် ဘုရားသခင်အား စိတ်နှလုံးသားအတွင်းမှ သီချင်းသီဆိုရင်း ဆုတောင်းသည်ဟု ရေးသားလေ့ရှိသည်။ စိန့်စီစီလျားအား ကက်သလစ် ခရစ်ယာန်အသင်းတော်၊ အရှေ့ပိုင်း ကက်သလစ် အသင်းတော်၊ အင်္ဂလိကန် အသင်းတော်၊ အရှေ့တိုင်း သြသိုဒေ့ါအသင်းတော်များက အသိအမှတ်ပြု လက်ခံကြကာ သူမ၏ ပွဲနေ့အား နိုဝင်ဘာလ ၂၂…

” သဘာဝကျကျ ပျိုးထောင်ပါ “

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာတော့ ” သဘာဝကျကျ ပျိုးထောင်ပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါ်တယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ် – ပင်ကီ #rvamyanmar #rvapastoralcare #Environment

တရားမျှတခြင်း

တရားမျှတခြင်ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်တရားမျှတခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။တရားမျှတခြင်းဟာလူ့အဖွဲ့အစည်းမှာအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ခရစ်ဘာသာတရားကသွန်သင်ထားတဲ့ပညတ်တော်ဆယ်ပါးစလုံးကလဲတရားမျှခြင်းနဲ့ဆိုင်နေပါတယ်။

မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများနဲ့ကြည့်

ဒီကနေ့မှာတော့ မျက်လုံးနှစ်လုံးပဲရှိပေမဲ့မျက်လုံးအများနဲ့ကြည့်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကိစ္စမြားမြောင်လူတို့ဘောင်၌ဆိုသလိုလူ့လောကထဲမှာရှင်သန်ရုန်းကန်နေကြရတဲ့ကျွန်မတို့ဟာကောင်းမှု၊ဆိုးမှုဆိုတဲ့ကိစ္စတွေကိုနေ့စဉ်နဲ့အမျှအနည်းနဲ့အများဆိုသလိုကြုံတွေ့ရတတ်တာဟာဓမ္မတာပါ။ဒီလိုမလွှဲမရှောင်သာကြုံတွေ့ရတဲ့အခါအဲဒီဖြစ်ပေါ်လာခဲ့တဲ့ကောင်းမှု၊ဆိုးမှုတွေကိုမိမိတစ်ဦးတည်းရဲ့အသိအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လုပ်ကိုင်တာမျိုးမဟုတ်ဘဲအများစုရဲ့အမြင်၊အများစုရဲ့အကြံဉာဏ်ကိုရယူပြီးမှဆုံးဖြတ်လုပ်ကိုင်တာဟာအမှားနည်းနိုင်ပါတယ်။ကိုယ့်မှာရှိတဲ့မျက်လုံးနှစ်လုံးတည်းနဲ့ကြည့်ရူဆုံးဖြတ်တာမျိုးဟာတစ်ခါတစ်ခါမှာပြည့်စုံမှုမရှိနိုင်ပါဘူး။အတ္တတိမ်တောင်တွေမည်းမှောင်လေလေအမှန်တရားနဲ့ကင်းဝေးလေလေဖြစ်သွားတတ်ပါတယ်။အဲဒီလိုအချိန်မျိုးမှာအမှန်ထက်အမှားဘက်ကိုဦးတည်သွားဖို့ကပိုပြီးများပါလိမ့်မယ်။ဒီတော့သူတစ်ပါးရဲ့မျက်လုံးအကူအညီကိုရယူပြီးလုပ်ကိုင်ဆောင်ရွက်ကြတာဟာအမှားနည်းနိုင်ပါတယ်။ကျောက်မျက်လောကမှာ မျက်လုံးငှားတဲ့သူဆိုတာရှိပါတယ်။သူဟာဘဝအတွေ့အကြုံအရကျောက်မျက်လောကထဲမှာငယ်ငယ်ကတည်းကကျင်လည်ကျက်စားလာခဲ့တဲ့သူမျိုးပါ။သူဌေးမဖြစ်ပေမဲ့သူ့မှာကြွယ်ဝတဲ့ကျောက်အကဲခေတ်ပညာနဲ့ကျောက်မျက်လောကမှာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအများအပြားရှိတတ်ပါတယ်။ဒီတော့ကျောက်ဝယ်မယ့်သူဟာအဲဒီလိုမျက်စိစိုက်တဲ့သူ၊မျက်လုံးငှားတဲ့သူကိုတန်ရာတန်ကြေးပေးပြီးပင့်ဖိတ်ခေါ်ယူရပါတယ်။ဝယ့်မဲ့ပစ္စည်းကိုသူ့ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံများနဲ့လေ့လာအကဲဖြတ်ခိုင်းရပါတယ်။အဲလိုမျက်လုံးစိုက်သူ၊မျက်လုံးငှားသူများဟာကျောက်ပညာနည်းပါးတဲ့ငွေရှင်များကိုကူညီတတ်ကြပါတယ်။ကျောက်ရဲ့အပြစ်အနာအဆာ၊အကောင်းအဆိုးမှန်သမျှကိုပြောပြပြီးဘယ်စျေးဖွင့်၊ဘယ်လောက်စရန်ချ၊ဘယ်လိုချိတ်စီးစသည်ဖြင့်အကြံကောင်းဉာဏ်ကောင်းတွေပေးတတ်ပါတယ်။ဒီတော့အဝယ်သမားငွေရှင်ဟာဝယ်ယူရာမှာအမှားအယွင်းနည်းရုံသာမကသူကတစ်ဆင့်ပြန်ရောင်းရာမှာလည်းအကျိုးရှိတန်သလောက်အကျိုးရှိတတ်ပါတယ်။ဒါဟာပစ္စည်းဝယ်ယူသူငွေရှင်အနေနဲ့သူ့ရဲ့မျက်လုံးနှစ်လုံးတည်းနဲ့ပစ္စည်းကိုကြည့်ရူဝယ်ယူတာမဟုတ်ဘဲမျက်စိစိုက်သူရဲ့မျက်လုံးအပါအဝင်မျက်လုံးအများစုနဲ့ကြည့်ရူဝယ်ယူခဲ့လို့ရရှိခဲ့တဲ့အကျိုးအမြတ်ပဲဖြစ်ပါတယ်။တကယ်ပါပဲလူ့ဘဝမှာလူမှုရေး၊စီးပွားရေး၊နိုင်ငံရေးစသည်ဖြင့်အထွေထွေ၊အပြားပြားသောလုပ်ငန်းများစွာရှိပါတယ်။ဘယ်သူမဆိုရှောင်လွဲလို့လဲရနိုင်မယ်မထင်ပါဘူး။ရှောင်လွဲလို့မရတဲ့အခါရင်ဆိုင်ရမှာဓမ္မတာပါ။ဒီတော့ယှဥ်ပြိုင်မှုမှာဘယ်လိုအောင်ပွဲရအောင်လုပ်ကြမလဲ။ကိုယ်ရဲ့အားနည်းချက်၊အားသာချက်တွေကိုကိုယ်နဲ့ယှဥ်ပြိုင်ရင်ဆိုင်နေရတဲ့သူ့ရဲ့အားနည်းချက်၊အားသာချက်တွေကိုပါသိရှိနိုင်ဖို့ပထမဆုံးကြိုးစားရပါလိမ့်မယ်။ဒါတွေကိုသိမှသာကိုယ့်အားနည်းချက်ကိုပြင်၊ကိုယ့်အားသာချက်ကိုထွန်းကားအောင်လုပ်ပြီးကိုယ်နဲ့ယှဥ်ပြိုင်ရတဲ့တစ်ဖက်သူရဲ့ပျော့ကွက်ကိုရှာဖွေပြီးအနိုင်ရအောင်ဆောင်ရွက်နိုင်မှာပါ။ဒီတော့အဲဒီကိစ္စတွေကိုဘယ်လိုဆောင်ရွက်ကြမလဲ၊ကိုယ့်အသိအမြင်၊ကိုယ့်မျက်လုံးနှစ်လုံးတည်းနဲ့ကိုယ့်ရဲ့ယှဥ်ပြိုင်ဘက်ကိုမကြည့်ပဲမိမိအကူအညီပေးမယ့်သူများရဲ့မျက်လုံးများရဲ့အကူအညီကိုယူပြီးဆောင်ရွက်ရမှာပါ။ဒါမှသာအောင်ပွဲကိုမလွဲမသွေရနိုင်မှာဖြစ်ပါတယ်။ဒီလိုမဟုတ်ပဲကိုယ်သိ၊ကိုယ်တတ်စိတ်ဓာတ်မျိုးနဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကိုယှဉ်ပြိုင်မယ်ဆိုရင်ဖြင့်အောင်မြင်ဖို့ဆိုတာမသေချာလှပါဘူး။အောင်မြင်သည်ထား အချိန်အများကြီးပေးရရုံသာမကသေးသေးမွှားမွှားအောင်မြင်မှုလောက်ကိုပဲရရှိကြမှာပါ။ဒီတော့မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အလေ့အကျင့်ကိုပျိုးထောင်ယူဖို့လိုပါလိမ့်မယ်။ကလော့ရင့်သောမတ်စ်ဆိုတဲ့တွေးခေါ်ရှင်တစ်ဦးကတော့ဉာဏ်ပညာကြီးသူတွေဖွင့်မရတဲ့တံခါးတွေကိုတောင်အမူအကျင့်ကောင်းတွေကဖွင့်နိုင်ပါသတဲ့။သတိပြုစရာပါ။ဟုတ်တော့ဟုတ်ပါတယ် ကောင်းတဲ့အမူအကျင့်ပဲဖြစ်ဖြစ်မကောင်းတဲ့အမူအကျင့်ပဲဖြစ်ဖြစ်ပေါ်ပေါက်လာဖို့ဆိုတာလွယ်ပါတယ်။လေ့ကျင့်ပျိုးထောင်တတ်ဖို့၊တစ်ဆိုက်မတ်မတ်ဆောင်ရွက်ဖို့ပဲလိုပါတယ်။ဒါကြောင့်ကောင်းတဲ့အမူအကျင့်ဖြစ်တဲ့ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ကိုယ့်အလုပ်ကိုပဲဖြစ်ဖြစ်၊ကိုယ့်ရဲ့ရှေ့ရည်မှန်းချက်တွေကိုပဲဖြစ်ဖြစ်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အကျင့်ကိုပြုစုပျိုးထောင်တတ်ဖို့လိုပါလိမ့်မယ်။ဒီလိုအလေ့အကျင့်ကောင်းမျိုးကိုသာထူထောင်နိုင်ခဲ့မယ်ဆိုရင်ဘဝရဲ့အောင်မြင်မှုတွေကိုမလွဲမသေရရှိသွားမှာအမှန်ပဲဖြစ်ပါလိမ့်မယ်။မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အမူအကျင့်ဟာကိုယ့်ရဲ့အနာအဆာကိုရှင်းရှင်းလင်းလင်းပိုပြီးမြင်နိုင်သလိုမိမိသွားရာလမ်းကိုလည်းရှင်းလင်းပြတ်သားစွာမြင်နိုင်ပါလိမ့်မယ်။ဒီအယူအဆဟာမိမိကိုယ်ကိုသူတစ်ပါး၏မျက်လုံးများနှင့်ကြည့်ရူ့ဝေဖန်ကြ၊အမှားအမှန်၊အားနည်းချက်၊အားသာချက်တွေကိုရှာဖွေကြ၊ကောင်းတာမှန်တာတွေလုပ်၊မကောင်းတာမှားတာတွေကိုရှောင်။ဒါဆိုရင်ဆုံးရှုံးနစ်နာစရာကိစ္စရယ်လို့ဘယ်မှာမှတွေ့နိုင်တော့မှဦမဟုတ်ပါဘူး။အင်္ဂလိပ်ဆိုးရိုးစကားတစ်ခုရှိတယ်။အလေ့အကျင့်ဆိုတာနောက်မှရောက်လာတဲ့သဘာဝတရားပါလို့ဆိုထားပါတယ်။ဟုတ်တော့လဲဟုတ်ပါတယ်။ဘယ်အရာမဆိုအလေ့အကျင့်မရခင်မှာအမှန်တကယ်ပဲကြိုးစားလုပ်ကိုင်ရပါတယ်။အဲဒီအမူအကျင့်ကိုအနည်ထိုင်အောင်ကြိုးစားရပါတယ်။နေ့စဥ်ရက်ဆက်လုပ်သွားတဲ့အခါအဲဒီအမူအကျင့်ဟာလေ့ကျင့်စရာမလိုတော့ပဲနောက်ပိုင်းမှာအလိုလိုလုပ်သွားတတ်တယ်မဟုတ်လား။အကျင့်တစ်ခုဟာလူတစ်ဦးတစ်ယောက်ရဲ့နေထိုင်မှုဘဝထဲကိုရောက်လာတဲ့အခါအထူးတလည်ကြိုးစားအားထုတ်စရာမလိုတော့ဘဲအလိုအလျောက်ပြုမှုကျင့်ကြံတတ်တဲ့ကိစ္စမျိုးဖြစ်သွားတတ်ပါတယ်။အခုတင်ဆက်ခဲ့တဲ့မျက်လုံးနှစ်လုံးတည်းနဲ့မကြည့်ဘဲမျက်လုံးအများစုနဲ့ကြည့်ဖို့ပြောရတာကလဲအနာဂတ်မှာကောင်းတဲ့အမူအကျင့်တွေနဲ့ဘဝလမ်းကြောင်းတွေအပေါ်ချီတက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ကောင်းတာတွေကတစ်ဆင့်ကောင်းမွန်တဲ့ရလဒ်တွေရနိုင်ကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

စိန့်စတန်နီစလော့ကော်စဂါ (November 13)

စိန့်စတန်နီစလော့ကော်စဂါ သင်ဟာ အသင်းဂိုဏ်းတစ်ခုကို၀င်ဖို့ မိုင်ပေါင်း ၃၅၀ ကျော်‌‌‌ဝေးတဲ့ခရီးကို လမ်းလျှောက် သွားနိုင်မယ်ထင်ပါသလား? ပိုလန်နိုင်ငံက ရဲရင့်ပြတ်သားတဲ့ လူငယ်လေး တစ်ယောက် ဟာ ဂျက်ဇွစ်အသင်း ဂိုဏ်းကို ၀င်ဖို့အတွက် မိုင်ပေါင်း (၁၀၀၀) ကျော် လမ်းလျှောက် ခဲ့ပါတယ်။ သူ့နာမည်ကတော့ စိန့်စတန်နီစလော့ ကော်စဂါပဲ St. Stanislaus Kostka, SJ ဖြစ်ပါတယ်။ သူ့ကို ပိုလန်နိုင်ငံက ချမ်းသာကြွယ်၀တဲ့ တော်၀င်မိသားစုကနေ မွေးဖွားပြီး အမိမယ်တော်သခင်မကို အထူးကြည်ညိုသူ ဖြစ်ပါတယ်။ ဒါကြောင့် သူအသည်းအတန် ဖျားနေချိန်မှာ…

မာသာထရေဇား

လုပ်စားကိုင်စားပြည်သူတွေ၊ပညာတတ်တွေ၊လူလတ်တန်းစားတွေနဲ့အထက်တန်းလွှာလူတန်းစားတွေထက်လူ့လောကရဲ့အောက်ဆုံးလွှာကဆင်းရဲသားနင်းပြားတွေ၊အစာငတ်မွတ်ခေါင်ပါးနေကြတဲ့သူတွေ၊ကျန်းမာရေးထိခိုက်ပြီးရောဂါဝေဒနာခံစားနေကြရတဲ့သူတွေ၊အရေးပြားရောဂါသည်တွေ၊ခြေပြတ်လက်ပြတ်ဒုက္ခိတဘဝကိုကျရောက်နေကြသူတွေနဲ့အကြောင်းအမျိုးမျိုးကြောင့်ပတ်ဝန်းကျင်အသိုင်းအဝန်းရဲ့စွန့်ပယ်ခြင်းကိုခံစားနေကြတဲ့အပယ်ခံလူတန်းစားတွေရဲ့အားထားရာဖြစ်တဲ့မာသာထရေဇာဟာနိုင်ငံတကာကမရေမတွက်နိုင်အောင်များပြားလှတဲ့အပယ်ခံလူတန်းစားတွေအတွက်အစစအရာရာနှစ်ပေါင်းများစွာကြာအောင်ကိုယ်ဖိရင်ဖိစောင့်ရှောက်ခဲ့တဲ့သူဖြစ်ပါတယ်။

ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောမယ်တော််သခင်မ

ဒီကနေ့မှာတော့ မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်းအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ကက်သလစ်သာသနာတော်ကြီးကမယ်တော်သခင်မခန္တာနဲ့ဝိညာဉ်ကောင်းကင်ဘုံကိုပင့်ဆောင်ခံရခြင်းကိုယုံကြည်ရာအချက်တစ်ခုအဖြစ်သွန်သင်ထားပါတယ်။ဒီပွဲတော်ကိုနှစ်စဉ်ဩဂုတ်လ(၁၅)ရက်နေ့မှာကျင်းပကြပါတယ်။